သိမ်ငယ်စိတ်

သိမ်ငယ်စိတ် ထားရှိခြင်း၊ ယင်းသည် သင်၏ရွေးချယ်မှုဖြစ်သည်။

(Feeling inferior : It’s your choice)

“မည်သူကမှ သင် သဘောမတူဘဲနှင့် သင့်အား သိမ်ငယ်စိတ်ထား မရရှိစေနိုင်ပါ”

Eleanor Roosevelt

သင် ယခင်ကတည်းက ဤကိုးကားချက်ကို တွေ့ဖူးမည်မှာသေချာပါသည်။ သို့သော် ဘာကြောင့် ထိုကဲ့သို့ သိမ်ငယ်စိတ် ရှိရန်သဘောတူသည်ဆိုခြင်း ရှုထောင့်ဘက်မှ ကျွန်မနေဖြင့် စူးစမ်းလေ့လာလိုပါသည်။ ဘာကြောင့် ကျွန်မတို့ ခံစားချက်ခလုတ်များကို အနှိပ်ခံသည်ဆိုခြင်းနှင့် စပ်လျဉ်းပြီး ယေဘုယျအားဖြင့် လူအများလက်ခံထားသည့်အကြောင်းပြချက် နှစ်ခုခန့် ရှိပါသည်။ ဤအကြောင်းပြချက်များသည် သင့်ခလုတ်ကို တွန်းကောင်းတွန်းနိုင်မည်။ ပထမအကြောင်းပြချက်မှာ –

အရင်းအမြစ်ကိုထည့်သွင်းစဉ်းစားပါ (Consider The Source)

သင့်အား အပြစ်ရှာဝေဖန်သူကို သင်အလေးထားသည်။ သင်သူတို့ကို လေးစားသည်၊ သို့မဟုတ် နှစ်သက်သည်၊ သို့မဟုတ် သင့်ဘဝအတွက် စိုးမိုးမှုတစ်ခုရှိသည်ဟု သင် ခံစားသည့်အလျောက် သူတို့မှတ်ချက်များကို သင် အလေးထားသည်။ ယင်းကဲ့သို့မဟုတ်လျှင် သင်ထိုစကားများကို နှလုံးသွင်းမည် မဟုတ်ပါ။ ဥပမာတစ်ခုကို ကြည့်ပါ။

ကျွန်မခင်ပွန်းက ‘အဲဒီနားကပ်တွေက ရယ်စရာကောင်းတယ်’ ဟု ပြောလျှင် ကျွန်မ စိတ်ထိခိုက်မည်။ အိမ်နီားနားချင်း၏ နှစ်နှစ်အရွယ်ကလေးငယ်က ‘အဲ့ဒီနားကပ်တွေက ရယ်စရာကောင်းတယ်’ ဟု ပြောလျှင် ကျွန်မ ထိုမှတ်ချက်ကို ချိန်ဆမည်၊ အရင်းအမြစ်ကို ထည့်သွင်းစဉ်းစားမည်။

    ဒီကလေးလေးကို ငါ သေချာတောင် မသိဘူး။ သိသာတဲ့ဆက်ဆံရေးလည်း မရှိဘူး။
    သူက အင်္ဂလိပ်စကားကို ကောင်းကောင်းတတ်သေးတာ မဟုတ်ဘူး။ ‘ရယ်စရာကောင်းတယ်’ ဆိုတာသဘောကျတာ၊ ဒါမှမဟုတ် ပျော်ရွှင်ဖွယ်ရာကို ဆိုလိုတာဖြစ်နိုင်တယ်။
    ခြွင်းချက် ရှိနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ နှစ်နှစ်အရွယ်ကလေးတွေမှာ လက်ဝတ်ရတနာနဲ့ပတ်သက်ပြီး ရသာရုံ ခံနိုင်စွမ်းမရှိပါဘူး။

ထို့ကြောင့် ကျွန်မနားကပ်များ တကယ်ပင် ရယ်စရာကောင်းသလား၊ သို့မဟုတ် ဆန်းပြားသလားဆိုသည်မှာ အဓိက မကျပါ။ အဓိကကျသည်မှာ ထိုမှတ်ချက်၏ အရင်းအမြစ်ဖြစ်သည်။ ကျွန်မတော့ မှတ်ချက်တစ်ခု၏ အရင်းအမြစ်ဖြစ်သည်။ ကျွန်မတော့ မှတ်ချက်တစ်ခု၏ သဘာဝကျခြင်း၊ မကျခြင်းထက် အဆိုပါမှတ်ချက်ကိုပေးသည့်အရင်းအမြစ်ပေါ်တွင် မူတည်ပြီး စိတ်မကောင်းဖြစ်သည်၊ သိမ်ငယ်စိတ် ဖြစ်သည်၊ စိတ်ဆိုးသည်၊ သို့မဟုတ် မပြေလည်သည့် စိတ်ခံစားချက် ရရှိသည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts