ရေချိုးရာတွင် ပြုပြင်သင့်သည့် အမူအကျင့်များ

ရေချိုးရာတွင် ပြုပြင်သင့်သည့် အမူအကျင့်များ

ရေချိုးရာတွင် ပြုပြင်သင့်သည့် အမူအကျင့်များ

ရေချိုးလိုက်တာကြောင့် relax ရရှိသွားနိုင်တဲ့အတွက် လူတိုင်းလူတိုင်းဟာ နေ့စဉ် ရေချိုးကြပါတယ်။ ရေချိုးတာကြောင့် စိတ်ဖိစီးမှုတွေ ကင်းဝေးနိုင်ရုံသာမက တစ်ကိုယ်ရေသန့်ရှင်းရေးလည်း ကောင်းမွန်ကာ ကျန်းမာစေနိုင်ပြီး လန်းဆန်းတက်ကြွမှုကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း သင်နေ့စဉ် ရေချိုးရာမှာ အမှားတွေကို အမှတ်မထင် ပြုလုပ်မိတတ်တာကြောင့် ပြုပြင်သင့်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ခြေထောက်ကို ကြေးမတွန်းခြင်း
သင့်အနေနဲ့ ရေချိုးစဉ်မှာ ခြေထောက်ကို ကြေးတွန်းဖို့အတွက် အခက်အခဲ ဖြစ်နေတာကြောင့် တစ်ပတ်တခါလောက်ပဲ ကြေးတွန်းဖြစ်နေပါသလား။ သင့်ခြေထောက်ကို နေ့စဉ်နေ့တိုင်း ဆပ်ပြာနဲ့ သေချာဆေးကြောပြီး ခြောက်သွေ့အောင် ထားနိုင်ပါမှ ခြေထောက်နဲ့ ခြေသည်းလက်သည်းအတွင်း မှိုပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေ မဝင်ရောက်အောင် ကာကွယ်နိုင်မှာပါ။ ရေချိုးအပြီးမှာ သင့်ခြေထောက်ကို သေချာခြောက်သွေ့အောင် ပြုလုပ်ဖို့လည်းမမေ့ပါနဲ့။

ကြေးတွန်းဖတ် (Loofah) ကို ရေချိုးခန်းအတွင်း ချိတ်ဆွဲထားခြင်း
သင် ရေချိုးရာမှာ အသုံးပြုတဲ့ ကြေးတွန်းဖတ်ကို ရေချိုးခန်းထဲမှာ ချိတ်ဆွဲထားတာကလည်း မှားယွင်းတဲ့အပြုအမူပါလို့ အရေပြားအထူးကုဆရာဝန် Dr.Sejal ကရှင်းပြပါတယ်။ ကြေးတွန်းဖတ်တွေကို အသုံးပြုပြီးတဲ့အခါမှာ ခန္ဓာကိုယ်ထဲက ဆဲလ်သေတွေက သူ့ထဲမှာ စုဆောင်းမှုရှိနေတဲ့အတွက် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးအနေအထား ဖြစ်နေနိုင်တာကြောင့်ပါ။ ကြေးသွန်းဖတ်ကို အသုံးပြုအပြီးမှာ သေချာသန့်စင်အောင် ဆေးကြောပြီး လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့မယ့်နေရာမှာ ထားပေးပါ။

မျက်နှာသုတ်ပဝါဖြင့် ကြမ်းကြမ်းတမ်းတမ်း ပွတ်ခြင်း
ရေချိုးအပြီးမှာ ခန္ဓာကိုယ်ပေါ်က ရေတွေ ခြောက်သွေ့ဖို့အတွက် မျက်နှာသုတ်ပဝါနဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တာကလည်း သင့်အရေပြားကို ကော်ပတ်စားလိုက်သလို ဖြစ်ပြီး အရေပြားပျက်စီးနိုင်ပါတယ်။ မျက်နှာသုတ်ပဝါနဲ့ ဖွဖွလေးတို့သုတ်တာက မှန်ကန်တဲ့ နည်းလမ်းပါ။

နေ့စဉ် ခေါင်းလျှော်ခြင်း
နေ့စဉ် ခေါင်းလျှော်တာက ဦးရေပြားမှာရှိတဲ့ သဘာဝဆီထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ဆံသားခြောက်သွေ့နိုင်ပါတယ်။ ဆံပင်ပါးသူတွေအနေနဲ့ တစ်ပတ် နှစ်ကြိမ်သာ ခေါင်းလျှော်သင့်ပြီး ဆံသားထူပြီး ဆံပင်ကောက်သားရှိသူတွေကတော့ တစ်ပတ် တစ်ကြိမ်သာ ခေါင်းလျှော်သင့်ပါတယ်။

ရေချိုးအပြီး အစိုဓါတ်ထိန်းခရင်မ် မလိမ်းခြင်း
ရေချိုးအပြီးမှာ အစိုဓါတ်ထိန်းခရင်မ်လိမ်းဖို့ မေ့လျော့နေတာကလည်း အသားအရေခြောက်သွေ့ပြီး ယားယံနိုင်ပါတယ်။ အရေပြားအတွင်း ရေဓါတ်ပြည့်ဝနေအောင် ရေချိုးပြီးပြီးချင်းမှာ အစိုဓါတ်ထိန်းခရင်မ် လိမ်းသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်အပြီး ရေမချိုးခြင်း
လေ့ကျင့်ခန်းလုပ်အပြီးမှာ ရေချိုးတာက ခန္ဓာကိုယ်အနံ့အသက် ကင်းစင်ရုံ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ချွေးတွေကုန်စင်သွားအောင် ရေချိုးပေးရပါမယ်။ အရေပြားပေါ်မှာ ချွေးတွေရှိနေရင် ဘက်တီးရီးယား ဝင်ရောက်ဖို့ လွယ်ကူသွားပြီး ဝက်ခြံပေါက်နိုင်ပါတယ်။

ရေချိုးချိန် ကြာလွန်းခြင်း
တချို့လူတွေက စိမ်ပြေနပြေ ရေချိုးတတ်ပြီး လက်မှာ ပဲကြီးရေခွံတွန့်တဲ့အထိ ရေချိုးချိန် ကြာမြင့်တတ်ပါတယ်။ ရေချိုးချိန်ကြာလွန်းတာကလည်း အရေပြားပေါ်မှာရှိတဲ့ အစိုဓါတ်တွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားပြီး အရေပြားခြောက်သွေ့ကာ ယားယံနိုင်ပါတယ်။ ရေချိုးချိန်က ငါးမိနစ်၊ ၁၀ မိနစ်ထက် ပိုမကြာသင့်ပါဘူး။

ဦးရေပြား (ဆံပင်အရင်း) တွင် ကွန်ဒိရှင်နာ အသုံးပြုခြင်း
ဒီလိုအသုံးပြုတာကလည်း မှားယွင်းပါတယ်။ မွေးညှင်းပေါက်မှ အဆီထုတ်လုပ်မှုတွေ ပိုများပြားလာနိုင်တဲ့အတွက် ဦးရေပြားမှာ အဆီပြန်လာကာ ခဏလေးအတွင်း ဆံသားမှာ ကြေးပြန်တက်သွားနိုင်ပါတယ်။ ကွန်ဒိရှင်နာ (Conditioner) က ဆံပင်အဖျားမှာသာ အသုံးပြုသင့်ပါတယ်။

ရေနွေးဖြင့် ရေချိုးအပြီး ရေအေးဖြင့် ရေပြန်မချိုးခြင်း
ရေနွေးနဲ့ ရေချိုးအပြီးမှာ စက္ကန့် ၃၀ လောက် ရေအေးနဲ့ ရေပြန်ချိုးသင့်ပါတယ်။ ဒီလိုရေအေးနဲ့ ရေပြန်ချိုးသင့်ပါတယ်။ ဒီလိုရေအေးနဲ့ ရေပြန်ချိုးပါမှ စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံနိုင်တာ၊ ခုခံအားစနစ် မြင့်တက်လာတာ၊ စိတ်ကျဝေဒနာတွေ ကင်းစင်လာတာနဲ့ ခန္ဓာကိုယ်က အဆီလောင်ကျွမ်းနှုန်း ပိုမိုကောင်းမွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

သင့်ဆံသားကို မျက်နှာသုတ်ပဝါဖြင့် ပတ်ထားခြင်း
ဒီအပြုအမူကလည်း အကောင်းထက် အဆိုးက ပိုများပါတယ်။ ဆံသားကို မျက်နှာသုတ်ပဝါနဲ့ ပတ်ထားတာကြောင့် ဆံပင်မခြောက်နိုင်ဘဲ ဆံပင်ရင်းတွေ ပျက်စီးနိုင်ကာ ဆံပင်ကျွတ်လွယ်နိုင်ပါတယ်။ မျက်နှာသုတ်ပဝါကို ဦးခေါင်းပေါ်မှ ရေကို အသာအယာ ညှစ်သုတ်ဖို့ အတွက်သာ အသုံးပြုပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts