ဝက်ခြေထောက်အချိုချက်

ဝက်ခြေထောက်အချိုချက်

ပါဝင်သောပစ္စည်းများ

  • ဝက်ခြေထောက် – နှစ်ဆယ်ကျပ်သားခန့်
  • ဟင်းသီးဟင်းရွက်မုန်ညှင်းဖြူ – ဆယ့်ငါးကျပ်သားခန့်
  • ကြက်သွန်မြိတ် – တစ်မြိတ်
  • ချင်း(ထောင်းပြီး) – အနည်းငယ်
  • ငရုတ်ကောင်း – အနည်းငယ်
  • ပဲငံပြာရည် – စားပွဲတင်ဇွန်းတစ်ဇွန်း
  • ဆား – စားပွဲတင်ဇွန်းတစ်ဇွန်း
  • သကြားခဲ – နှစ်ကျပ်သားခွဲ
  • ဟင်းခတ်ဝိုင် – စားပွဲတင်ဇွန်းတစ်ဇွန်း
  • စားဆော်ဒါ – စားပွဲတင်ဇွန်းတစ်ဇွန်း
  • နှမ်းဆီဖြူ – စားပွဲတင်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

*ဝက်ခြေထောက်ကို စင်ကြယ်အောင်ဆေး၍ ရေနွေးဖျောပါ။ ခြေထောက်ကို အလျားလိုက်ဖြတ်ပြီး တုံးပါ။ ဟင်းသီးဟင်းရွက်ကို ရေဆေးပါ။ မုန်ညှင်းကို အရွယ်တော် အတုံးညီညီလေးတုံးပါ။

*ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ ချင်းကိုထောင်းပါ။

*မြေအိုးအတွင်း ဝက်သားကို အခေါက်ဘက်မှ ထည့်ပါ။ ပဲငံပြာရည်၊ ဆား၊ သကြား၊ ဟင်းခတ်ဝိုင်၊ စားဆော်ဒါနှင့် ကြက်သွန်မြိတ်၊ ချင်း၊ ငရုတ်ကောင်းတို့ကို ရောထည့်ပါ။ရေထည့်ပြီး မီးပြင်းပြင်းတွင် ပြုတ်ပါ။

*ပူစည်ဖောင်းကလေးများ ပျောက်သွားလျှင် အဖုံးအုပ်၍ မီးအေးအေးဖြင့် နှစ်နာရီခန့် တည်ထားပါ။ အရည်ပျစ်သည်အထိ နှပ်ပါ။

*ထို့နောက် ဝက်ခြေထောက်ကို မုန်ညှင်းဖြူထည့်ထားသော ပန်းကန်၏အလည်တွင် ထည့်ပါ။ ဆော့စ်နှင့် နှမ်းဆီဖြူး၍ စားသုံးနိုင်ပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts