hapeye

ပုစ္ဆာ နှင့် အဖြေ

တကယ်တန်းကျတော့ ပုစ္ဆာတခုဟာ ဘယ်လောက်ခက်ခက် မှန်ကန်စွာ တည်ဆောက်ထားတယ် ဆိုရင် အဖြေတစ်ခု အနည်းဆုံး ရှိပါတယ်။ တော်တော်များများ အဖြေရှာမရဘူးဆိုပြီး ဖြစ်နေတဲ့ ပုစ္ဆာတွေကို ကြည့်မယ်ဆိုရင် ပုစ္ဆာတည်ဆောက်ပုံကို က မှာယွင်း နေတယ် ဆိုတာ တွေ့ရှိရပါတယ်။ ပုစ္ဆာတည်ဆောက်ပုံက မှားတော့ ဒီပုစ္ဆာကို ဖြေရှင်းဘို့ ချဉ်းကပ်တဲ့ နည်းလမ်းကလဲ မှားလာတယ်။ မှားယွင်းစွာတည်ဆောက်ထားတဲ့ ပုစ္ဆာကို ဖြေရှင်းလို့ ရလာတဲ့ အဖြေကလဲ တကယ် အသုံးကျတဲ့ အဆင့်ထိ ရောက်မလာနိုင်ဘူး။

ဖြစ်စဉ်တစ်ခု၊ လုပ်ငန်းစဉ် တစ်ခု ကို dynamics အနေနဲ့ မစဉ်းစားဘဲ statics formula တွေနဲ့ တွက် ရင် လက်ရှိ အခိုက်အတန့် လေး တစ်ခု အတွင်းမှာဘဲ မှန်နိုင်မယ်။ နောက်ထပ် အခိုက်အတန့် လေးတစ်ခု ရောက်တာ နဲ့ အဲဒီ အဖြေတွေ က အမှန်မဖြစ်နိုင်တော့ ဘူး။ အဲလိုဘဲ constrained optimization အနေနဲ့ စဉ်းစားဖော်ဆောင်ရမယ့် အလုပ်ကို nonlinear system of equations သို့မဟုတ် ပိုပြီး ရှင်းရလွယ်အောင် linear system of equations အနေနဲ့ စဉ်းစား လုပ်ဆောင် ဖြေရှင်းမယ်ဆိုရင် လဲ ကောင်းမွန်တဲ့ ရလဒ်တွေ ရလာစရာ အကြောင်းမရှိဘူး။

ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရလာဘို့ ဆိုရင် (လက်ရှိ ရှိနေတဲ့ ပုစ္ဆာကိုဘဲ ဖြေရှင်းတယ် ထားအုံး) ပိုမိုကောင်းမွန်တဲ့ ပုစ္ဆာတည်ဆောက်ပုံ နဲ့ စ ရတယ်။ အဲလိုမှ မဟုတ်ဘဲ နဂို ရှိနေတဲ့ ကောင်းမွန်ပြည့်စုံမှန်ကန်စွာ တည်ဆောက်ထားခြင်း မရှိတဲ့ ပုစ္ဆာတစ်ပုဒ် ကို နောက်ထပ် နည်းလမ်းတစ်ခု နဲ့ ရှင်းမယ် ဆိုရင်လဲ ကောင်းမွန်တဲ့ ရလဒ် တွေ ရလာ နိုင်စရာ အကြောင်းမရှိပါဘူး။

ကျူးကျော်ကိစ္စမှ မဟုတ်ပါဘူး။ ပလူတို အထိ ရောက်အောင်သွားရမယ့် ပုစ္ဆာလဲ သီအိုရီ အရတော့ ဒီအတိုင်းဘဲ ကောက်ချက်ချ ရမယ်။

စာရေးသူ – Dr. Min Thein Oo

Related Posts