hapeye

အောင်မြင်သူတို့ရဲ့ ခြေလှမ်း(၇)လှမ်း

အောင်မြင်သူအများစုဟာ သူတို့အောင်မြင်မှု လှမ်းတက်နိုင်ဖို့ သူတို့ရဲ့ခြေလှမ်းတွေကို သေချာစွာ ဂရုစိုက်ကြပါတယ်။ ပြုလုပ်သမျှ အရာအားလုံးဟာ အမှားနည်းပြီး အောင်မြင်မှုကို ရရှိနိုင်တာပေါ့။ ဒါ့ကြောင့် အောင်မြင်သူတွေ လှမ်းတက်ခဲ့တဲ့ ခြေလှမ်းအဆင့်တွေကို အနီးစပ်ဆုံး ဖော်ပြပေးသွားမှာပါ။

၁။ ပန်းတိုင်ကို သေချာသတ်မှတ်ပါ။
အောင်မြင်မှုအတွက် အရေးကြီးဆုံးကတော့ မိမိရဲ့ ပန်းတိုင်ပါ။ ပန်းတိုင်မရှိဘူးဆိုရင် အောင်မြင်မှုဆိုတာလည်း ရှိစေမှာဟုတ်ပါဘူး။ ပန်းတိုင်သတ်မှတ်တဲ့ နေရာမှာလည်း မိမိရဲ့အရောက်ချင်ဆုံးသော နေရာ အဖြစ်ချင်ဆုံးသော ဆန္ဒကိုသတ်မှတ်ပြီး နေ့စဉ် စိတ်ခွန်အားယူကာ ကြိုးစားကြရပါတယ်။

၂။ ယုံကြည်မှုတည်ဆောက်ပါ။
မိမိက ပန်းတိုင်သတ်မှတ်ပြီးတာနဲ့ အဲ့ဒီပန်းတိုင်ရောက်ဖို့ဆိုတာ ယုံကြည်မှုက အရေးကြီးပါတယ်။ မိမိကိုယ်ကို ယုံကြည်ရပါမယ်။ မိမိပန်းတိုင်ကို ယုံကြည်ရပါမယ်။

၃။ လမ်းကြောင်း တည်ဆောက်ပါ။
တချို့သူတွေက မိမိ အောင်မြင်မှုပန်းတိုင်ကို ရောက်အောင် သွားတဲ့နေရာမှာ မျက်ကန်းတွေလို လမ်းကြောင်းပေါ် မရောက်ဘဲ လွဲနေတတ်ပါတယ်။ ဒါက လမ်းကြောင်းကို ကိုယ်တိုင်သေချာ သိအောင် မဆွဲထားလို့ပါ။ ဒါပြီးရင် ဒါလုပ်မယ်ဆိုတဲ့ Plan ကို တစ်နှစ်စာဖြစ်စေ၊ ငါးနှစ်စာဖြစ်စေ ကိုယ့်မှာရှိနေရင် ကိုယ့်မှာလုပ်စရာ အလုပ်တွေ မပျက်ရှိနေမှာပါ။

၄။ သင်ယူပါ။
ကိုယ့်အလုပ်ကို ကိုယ်အကျွမ်းကျင်ဆုံး ဖြစ်နေပါစေ၊ ဒါ့ကြောင့် မည်သည့်နေရာမှာဖြစ်စေ သင်ယူပါ။

၅။ အဆက်အသွယ်များ ရှာဖွေပါ။
မိမိရဲ့အလုပ်အတွက် အဆက်အသွယ်ကောင်းများ အမြဲတစေ လိုအပ်နေပါတယ်။ အဆက်အသွယ်ကောင်းတွေကတစ်တဆင့် မိမိအောင်မြင်ဖို့ကို ပိုမိုလွယ်ကူစေပါတယ်။

၆။ လက်တွေ့လုပ်ဆောင်ပါ။
 ကိုယ့်ရဲ့ လက်တွေ့လုပ်ဆောင်ချက်ဟာ  ဘယ်လောက်ဘဲ သေးငယ်နေပါစေ၊ လက်တွေ့လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အလုပ်တစ်ခု စတင်ချိန်မှာ အလုပ်ကြီးမှ ထပ်ကြီးလာမှာ မဟုတ်ပါဘူး။ သေးငယ်တဲ့အောက်ခြေအလုပ် ခိုင်မာနေရင် အထက်ကိုတက်ဖို့ အထောက်အကူဖြစ်မှာပါ။ ဒါ့ကြောင့် အလုပ်စတဲ့အခါမှာ သေးငယ်တဲ့ အလုပ်ဖြစ်စေ လက်တွေ့ လုပ်ဆောင်သင့်ပါတယ်။

၇။ မှန်ကန်သော စိတ်ခွန်အားဖြင့်နေထိုင်ပါ။
စိတ်ခွန်အားက အရေးကြီးပါတယ်။ နေ့စဉ် မိမိကိုယ်ကို အားပေးနေရင်း ရှေ့ဆက်ရပါမယ်။ အမှန်က မိမိကိုယ်ကိုသာ အားကိုးရာ ယုံကြည်ရာဖြစ်ပါတယ်။ မိမိကိုယ်ကိုသာ ကြည်ညိုဖို့ဆိုတာ မိမိမှန်နေဖို့လိုပါတယ်။

ဒါ့ကြောင့် နေ့စဉ်မနက်တိုင်းမှာ “ငါအောင်မြင်ရမယ်” ဆိုတဲ့ စိတ်ခွန်အားယူပြီး ရှေ့ဆက်ရပါမယ်။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။  

Related Posts