Method

ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လို သုံးမလဲ ( Method 3 )

Method 3 – အလွန်အကျူး သုံးစွဲမိခြင်းမှ ရှောင်ကြဉ်ခြင်း

ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လို သုံးမလဲ ( Method 3 )
၁။ အိမ်မှာစားပါ။

  • ရှည်လျားတဲ့ တစ်နေ့တာရဲ့ နေဝင်ချိန်မှာ အပြင်ကနေ အော်ဒါမှာတာမျိုး ဒါမှမဟုတ် ဖိစီးမှုတွေနဲ့ တစ်ပတ်တာ အလုပ်တွေကြားမှာ အပြင်ကနေ နေ့လည်စာဖြစ်ဖြစ် ဝယ်စားလိုက်တာမျိုးတွေက အဆွေ့ကို ဖြားယောင်းလေ့ ရှိတဲ့ အရာတွေပါ။ သို့သော်ငြားလည်း  ဒါက အချိန်နဲ့အမျှ အရမ်းကို ကုန်ကျလာပါတယ်။

      အဆွေရဲ့ တည်ခင်းမှု အတော်များများကို အိမ်မှာပဲ ပြုလုပ်သင့်ပါတယ်။ တစ်ပတ်တာအတွင်း သုံးလေးသောင်းလောက်ကို အစားအသောက်အတွက် ကုန်ကျတာက ငါးထောင်ခြောက်ထောင်လောက်နဲ့ တစ်ပတ်အတွင်း ခဏခဏ ထွက်စားတာထက်တော့ အများကြီးပိုပြီး သက်သာပါတယ်။

  • တစ်ပတ်စာအတွက် အစားအသောက်တွေကို  အစီအစဉ် ပြုလုပ်ပါ။ ဥပမာအားဖြင့် တနင်္ဂနွေတိုင်းမှာတော့ စားပွဲဝိုင်းကြီးကြီးနဲ့ မြိုမယ် စို့မယ် ဆိုပါတော့။ ဒါကို အဆွေ တစ်ပတ်တစ်ခါ လုုပ်နိုင်ပါတယ်။ ကျန်တဲ့ရက်တွေမှာတော့ အလုပ်ကို ထမင်းချိုင့်လေး ယူသွားလိုက်ပါ။
  •  ညစာတွေကိုလည်း plan လုပ်ပါ။ တကယ်လို့ ချက်ရတာ မကြိုက်ဘူးဆိုရင်လည်း ရှင်းရှင်းလေးပါပဲ။ ညစာကို မနက်စာလို စားလိုက်ပါ။ လွယ်ကူလျင်မြန်တဲ့ ကြက်ဥမွှေကြော်လိုမျိုးပေါ့။ လွယ်ကူပြီး အာဟာရပြည့်ဝတဲ့ ပေါင်မုန့်၊ အရွက်နဲ့ အဆီလွတ် အသားတွေနဲ့လည်း ဘာဂါလုပ်စားနိုင်ပါတယ်။

၂။ ပါကင်လိုက်တွေ ဝယ်ယူပါ။

  • တချို့ပစ္စည်းတွေက ပါကင်လိုက်ဝယ်ရင် ပိုတန်ပါတယ်။

      ကုန်စုံဆိုင်အချို့ဆိုရင် ပါကင်လိုက်ကို ပိုအသားပေးပြီး ရောင်းချလေ့ ရှိပါတယ်။ လတစ်လရဲ့ ကနဦး အစမှာ အိမ်သာသုံးတစ်ရှူး၊ စနိုးတာဝါ စသည်ဖြင့် ပါကင်လိုက် ဝယ်ယူဖြည့်တင်းထားပါ။

      မပုပ်မသိုးနိုင်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ အခြားအရာတွေကိုလည်း ဒီနည်းနဲ့ ဝယ်ယုူနိုင်ပါတယ်။ အဆွေ့မှာသာ အခြေခံ စားသောက်ကုန်တွေနဲ့ မီးဖိုချောင်သုံး ရေချိုးခန်းသုံး ပစ္စည်းတွေသာ လက်ဝယ်ရှိနေမယ်ဆိုရင် ဈေးဝယ်ထွက်တဲ့နေရာမှာ အများကြီးပိုပြီး သက်သာလာပါလိမ့်မယ်။

၃။ အပျော်အပါးအတွက် ဈေးမဝယ်ပါနဲ့။

  • တစ်ခါတစ်ရံ လူတွေက စိတ်ငြီးငွေ့တဲ့အတွက် ဈေးဝယ်ထွက်လေ့ရှိပါတယ်။ အဆွေ နေ့လည်ပိုင်းမှာ ခဏလောက် အားလပ်တယ်ဆိုတာနဲ့  shopping mall တစ်ပတ်လောက် ပတ်ချင်ပတ်မိပြီး အင်္ကိျီ တစ်ထည်လောက် ဝယ်မိသွားနိုင်ပါတယ်။ ပျော်ရွှင်မှုအတွက် ဈေးဝယ်တာကို ရှောင်ကြဉ်တာက ပိုပြီးကောင်းပါတယ်။

      ဘာလို့ဆိုတော့ အဆွေ တကယ် မလိုချင် မလိုအပ်တဲ့အရာတွေအတွက် ကုန်ကျသွားမိအောင် ဆွဲဆောင်နိုင်လို့ပါပဲ။ အင်္ကျီအသစ်တစ်ထည်က လက်ရှိမှာတော့ ဝယ်ယူဖို့ ထိုက်တန်နေနိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား စဉ်းစားပါ။ အဆွေ အင်္ကျီအသစ်ဝယ်ဖို့ လိုအပ်နေရဲ့လား။

      ဒါက အလကားမရနိုင်တဲ့အတွက် ကုန်ကျမှုကတော့ ရှိမှာဖြစ်ပါတယ်။ ဒါတွေကို ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။

  • တကယ်လို့ အဆွေက အပန်းဖြေတဲ့အနေနဲ့ ဈေးဝယ်ရတာ ကြိုက်တယ်ဆိုရင်ဖြင့် သိပ်ပြီးမကုန်ကျစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ အဆွေ တစ်လကို တစ်ကြိမ် ဈေးဝယ်ခြင်းဖြင့် အပန်းဖြေနိုင်ပါတယ်။

      ဒါပေမယ့် အဆွေ တစ်လစာအတွက် သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထက်တော့ မကျော်လွန်ပါစေနဲ့။

      ဒီနည်းအားဖြင့် အဆွေနှစ်ခြိုက်တာကို ဘက်ဂျက်ကိုလည်း မထိခိုက်စေဘဲ  ပြုလုပ်နိုင်ပါတယ်။

၄။ အထူးကိရိယာတွေကို ရှောင်ကြဉ်ပါ။

  • ပကာသနဖြစ်တဲ့ အထူးကိရိယာတွေက ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ ရေခဲမုန့်အတွက် အထူးဇွန်းလေးတွေက ချစ်စရာကောင်းပေမယ့် သာမန်ဇွန်းပဲ သုံးမယ်ဆိုရင် ပိုပြီးသက်သာနိုင်ပါတယ်။

      အဆွေရဲ့ လက်တွေ အကောင်းပကတိရှိနေစဉ်မှာ လိမ္မော်သီးခွာဖို့ အထူးကိရိယာ မလိုအပ်သေးပါဘူး။

      ဒီလိုမျိုးပစ္စည်းတွေက လက်ဆောင် အနေနဲ့ရမယ်ဆိုရင်တော့ ပျော်ရွှင်စရာပါ။ ဒါပေမယ့် ကိုယ့်ဘာသာဝယ်ယူဖို့ကတော့ လုံးဝမသင့်တော်တဲ့အထဲမှာ ပါပါတယ်။

၅။ ဝယ်ယူမှုတွေ အတွက် ကြိုတင် စာရင်းပြုလုပ်ပါ။

  • ကုန်တိုက်တွေမှာ မဖြုန်းတီးမိစေဖို့ စာရင်းပြုလုပ်တာက အကောင်းဆုံးနည်းလမ်းပါ။ တကယ်လို့ အဆွေသာ စာရင်းပြုပြီး ဈေးဝယ်မယ်၊ တကယ်လည်း လိုက်နာမယ်ဆိုရင် စိတ်လိုက်မာန်ပါ ဝယ်ယူမှုအချို့ကို လျော့ချနိုင်ပါလိမ့်မယ်။ ကုန်တိုက်တွေမှာ ဈေးဝယ်တော့မယ်ဆိုတိုင်း ဝယ်ယူမှုစာရင်းကို စာရွက်တစ်ရွက်မှာဖြစ်ဖြစ်၊ ဖုန်းထဲမှာပဲ ဖြစ်ဖြစ် အရင်ချမှတ်လိုက်ပါ။ စာရင်းထဲမှာမပါတဲ့ ဝယ်ယူမှုတွေကို မလုပ်မိဖို့တော့ အရေးကြီးတယ်နော် အဆွေ။

ဒါကတော့ WikiHow to use money wisely ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာပါ။ မြန်မာ့လူနေမှုစနစ်နဲ့ မကိုက်ညီတာတချို့ကိုတော့ ချန်ရစ်ထားခဲ့ပါတယ်။ ဒီစာစုကို ဖတ်ပြီး အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းနိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုလိုက်ပါတယ်။

ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လို သုံးမလဲ ( Method 3 )

Written by Swan Htet (HapEye.Net)

အပြည့်အစုံအား Download ခလုတ်ကိုနှိပ်၍ ရယူနိုင်ပါသည်။  

သုတ

Open More Online

Related Posts