ကဏန်းပုံပြင်

လူတစ်ယောက် ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်လာတယ်။ တစ်နေရာရောက်တော့ ပင်လယ်ထဲ ကဏန်းတွေဖမ်းနေသူတစ်ယောက်ကို တွေ့တာပေါ့ ။

ကဏန်းဖမ်းသူက ဖမ်းဆီးရတဲ့ကဏန်းတွေကို တောင်းတစ်လုံးထဲစုထည့်ထားတယ်။ တောင်းကိုဖုံးအုပ်ပြီးလည်း မထားပါလား။

ကဏန်းဖမ်းနေသူကို လမ်းလျှောက်လာသူက ‘ဒီပုံအတိုင်းဆိုရင် အိတ်ပေါက်နဲ့ဖားကောက်သလိုပဲ ကဏန်းတွေ လွတ်ကုန်တော့မှာပေါ့’လို့ ပြောလိုက်တယ်။

ကဏန်းဖမ်းသူက ‘ဆရာက ကဏန်းတွေရဲ့သဘာဝကို မသိသေးလို့ပါ’ ဆိုပြီး ပြန်ပြောတယ်။ ‘ကဏန်းဆိုတာ တစ်ကောင်ကောင်ကကြိုးစားပြီး အမြင့်ကိုတက်ရင် ကျန်တဲ့အကောင်က အောက်က ဆွဲချတာပဲ။ သူတို့ချင်း ဆွဲချနေတာကြောင့် ဘာမှဖုံးထားဖို့ မလိုပါဘူး’လို့ ဆက်ပြောတယ်။

ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်လာတဲ့လူက ကဏန်းတွေဖမ်းထည့်ထားတဲ့တောင်းထဲကို ကြည့်လိုက်တော့လည်း ကဏန်းဖမ်းသူပြောတာ အဟုတ်သား။ ကဏန်းတစ်ကောင်က သူ့လွတ်မြောက်မှုအတွက် တောင်းနံရံကို တွယ်ကပ်ပြီး ကြိုးစားတက်နေရင် အောက်မှာရှိတဲ့ ကဏန်းတွေက သူ့ကို ပြန်ပြန်ဆွဲချလို့ အောက်ပြန်ပြုတ်ကျတယ်။ ကြည့်ရင်းကြည့်ရင်း သူတို့ရုံးကို ပြန်သတိရတယ်။ တစ်ယောက်ယောက်က တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားရင် ချောက်ချချင်သူတွေလည်းရှိနေတယ်။

ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်လာသူက ကဏန်းတွေကိုကြည့်ပြီး ဆင်ခြင်မိသတဲ့။ လူ့လောကမှာလည်း ကဏန်းယုတ်လို စိတ်ဓာတ်နဲ့လူတွေလည်း ရှိတယ်။ ကိုယ်က  ကဏန်းယုတ် မဖြစ်ဖို့လိုတယ်။ လူ့လောကမှာ ဒီလိုသဘာဝရှိနေတာကို သိလျက်နဲ့ တဝဲလည်လည်လုပ်မနေနဲ့။ ကြိုးစားတက်လှမ်းရမယ်။ အောက်ကဆွဲချမယ့် ကောင်တွေက ဆွဲချဖို့မမီတော့ရင် သူတို့ချင်းပဲ လုံးထွေးကျန်ရစ်ကြလိမ့်မယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenYourBusinessOnline

Related Posts