“မျောက်မင်းသစ်ခွ”

“မျောက်မင်းသစ်ခွ”လို့ ခေါ်ပါတယ်။ရှားပါးမျိုးစိပ်ဖြစ်လို့ မြင်ဖူးစေချင်လို့ပါ။

မျောက်မင်းသစ်ခွ အံ့ဖွယ်ကို ဖန်ဆင်းတတ်သူတွေထဲမှာဆိုရင် သဘာဝ တရားကြီးဟာ ပရော်ဖက်ဆာ ဒေါက်တာကြီးပါပဲ။ အခုလည်း ကြည့်ပါ။ မျောက်ရဲ့မျက်နှာ ပုံသဏ္ဍာန် ဖြစ်နေတဲ့ သစ်ခွပန်းတွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ကွန်ပျူတာနဲ့ ပြုပြင် တည်းဖြတ်ထားတာ မဟုတ်ဘူး။ မျိုးစပ် ဖန်တီးယူထားတာ မဟုတ်ဘူး။ တကယ့် အစစ်အမှန် သဘာဝ တရားက ဖြစ်တည်လာတဲ့ အံ့ဖွယ် ပေါင်းစည်းမှု သရုပ်ပါပဲ။

ဒီအံ့ဖွယ် မျောက်မျက်နှာနဲ့တူတဲ့ သစ်ခွတွေကို အီကွေဒေါနဲ့ ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀ဝ မှ ၂၀၀၀ဝ ကြားမှာ ရှိတဲ့ တိမ်တွေ ဖုံးလွှမ်းနေတဲ့ သစ်တောများ အတွင်းမှာ တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ဟိုရှေးရှေးတုန်းက လူအများဟာလည်း ဒီထူးထူးဆန်းဆန်း သစ်ခွပန်းတွေကို တွေ့မြင်ခဲ့ဖူးခြင်း မရှိခဲ့ကြပါဘူး။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ဝါသနာ ပြင်းပြလှတဲ့ သစ်ခွစုဆောင်းသူများ ကြောင့်သာ ဒီလို တိမ်ဖုံးနေတဲ့ သစ်တောထဲက ဒီလို ထူးဆန်းတဲ့ သစ်ခွမျိုးတွေကို တွေ့မြင်ခွင့် ရခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီသစ်ခွကို အမည်ပေးဖို့ ကိစ္စကတော့ ထွေထွေထူးထူး စဉ်းစားနေစရာ မလိုပါဘူး။ မျောက်မျက်နှာနဲ့ တူနေတော့ Monkey Orchid(မျောက်မင်းသစ်ခွ) လို့ပဲ ပေးလိုက်တော့တာပေါ့။ သိပ္ပံ အမည်ကတော့ Dracula simia လို့ ခေါ်ပါတယ်။

သူတို့ဟာ အချိန်ရာသီမရွေး ပွင့်တတ်ကြပါတယ်

“မျောက်မင်းသစ်ခွ”လို့ ခေါ်ပါတယ်။ရှားပါးမျိုးစိပ်ဖြစ်လို့ မြင်ဖူးစေချင်လို့ပါ။

myanmargazette မှ ကူးယူရေးသားဖော်ပြပါသည်

သုတ

openmoreonline

Related Posts