hapeye

NEWS ဆိုသည်မှာ …

ဒီဘက်ခေတ် ၂၁ ရာစုမှာ NEWS ဆိုတာ လူတိုင်းနဲ့ နားမစိမ်းတဲ့ ဝေါဟာရတစ်လုံးပါ။ အလွယ်ပြောရရင်တော့ news ဆိုတာ သတင်းပါ။ News ဆိုတာ အသစ်လို့လည်း အဓိပ္ပာယ်ထွက်နေပါသေးတယ်။ NEWS ဟာ N=north, E=east, W=west, S=south လို့လည်းအဓိပ္ပာယ်ရပါတယ်။  အဲတော့ အရပ်လေးမျက်နှာကလာတဲ့ အသစ်အသစ်သော ဖြစ်ပျက်မှုတွေဟာ သတင်းတွေပါပဲ။ သတင်းက သစ်နေတုန်းပဲ သတင်းဖြစ်ပါတယ်။နည်းနည်းဟောင်းပြီဆိုတာနဲ့ သမိုင်း ဖြစ်သွားပါတယ်။ သတင်းလုပ်ငန်းဟာ ဒီဘက်ခေတ်မှာ အရမ်းကိုကျယ်ပြန့်လာပါပြီ။ ကျောက်၊ ကြေး၊ သံ၊ စိုက်(စိုက်ပျိုးရေး)၊ စက်ခေတ်တွေအလွန်မှာ Information Age နဲ့ IT Age တို့ဟာ ပူးတွဲရောက်ရှိလာပါတယ်။ အဆင့်မြင့်လာတဲ့ နည်းပညာတွေရဲ့  အကူအညီနဲ့ သတင်းလောကဟာ အရမ်းကို ကြီးမားလာပါတယ်။ စာစောင်တွေအပြင် သတင်းဌာနတွေရဲ့ website တွေမှာလည်း အချိန်နဲ့ တစ်ပြေးညီ သတင်းတွေကို လေ့လာဖတ်ရှုနိုင်နေပါပြီ။

သတင်းလုပ်ငန်းမှာ သတင်းသမားတွေအတွက် ကျင့်ဝတ်စည်းမျဉ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အခုတော့ သတင်းစာဖတ်သူ ပြည်သူလူထုအတွက်ပဲ ပြောချင်ပါတယ်။ သတင်းက လူတိုင်းနဲ့ လူတန်းစားတိုင်းနဲ့ စပ်ဆိုင်တဲ့ အသုံးတော်ခံ ပစ္စည်းတစ်မျိုးပါ။ လူသားတွေဟာ တစ်ကိုယ်ထီးတည်း ဖြစ်တည်နေကြတာ မဟုတ်ပါဘူး။ လူသားအချင်းချင်းနဲ့  ရေ၊ လေ၊ မြေ၊ တော၊ တောင်၊ နိုင်ငံတော်တို့နဲ့ စပ်ဆက်နေကြတာ ကမ္ဘာ့အဆင့်ထိဖြစ်လာပါပြီ။ အဲဒါကြောင့် သတင်းတွေက လူတိုင်းအတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ နိုင်ငံတိုင်းမှာ အရိုးခံမဏ္ဍိုင် လေးခုရှိပါတယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ သတင်းကဏ္ဍတို့ဖြစ်ပါတယ်။ ပထမသုံးခုမှာ တရားမှုရှိမရှိ၊ မှန်ကန်မှုရှိမရှိကို ပြည်သူက မျက်စိဒေါက်ထောက် လိုက်မကြည့်နိုင်ပါဘူး။ အဲဒီတော့ ပြည်သူတွေအတွက် သတင်းတွေက မျက်စိတွေ၊ နားတွေ ပါပဲ။ သတင်းက ပြည်သူနဲ့ အစိုးရကြားက ပေါင်းကူးတံတားပါပဲ။ အဲဒီတော့ တိုးတက်သော နိုင်ငံတော်၊ ဖွံ့ဖြိုးသော ပြည်သူလူထုအတွက် သတင်းတွေက မရှိမဖြစ် လိုအပ်ကြောင်းနဲ့ သတင်းသမားတွေရဲ့ စစ်မှန်တဲ့ ကျင့်ဝတ်သိက္ခာတွေအတွက် ဆန္ဒပြုလိုက်ပါတယ်။ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုနိုင်တဲ့ website အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

The Wall Street JournalThe New York TimesEleven MediaThe Voice News Myanmar, Akonthi

Swan Htet (HapEye.Net)

Related Posts