Together

Learn Together, Win Together ⇒ Learning English ( Part 4)

မင်္ဂလာပါ ခင်ဗျာ။ Learn Together Win Together ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ အစီအစဉ်လေးကို ဝင်ရောက်လေ့လာပေးတဲ့ အတွက် အရမ်းကို ကျေးဇူးတင်မိပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ။
ကျွန်တော်တို့ ဒီနေ့မှာတော့ Phonetics အကြောင်းကို ဆွေးနွေးကြပါမယ်။ Phonetics အကြောင်းကို သိပြီးသား မိတ်ဆွေလည်း ရှိမှာပါ။ သိပေမယ့် မလေ့လာဖြစ်တဲ့ မိတ်ဆွေတွေလည်း ရှိမှာပါ။ မသိသေးတဲ့ မိတ်ဆွေတွေလည်း ရှိကြမှာပါ။ ဘာပဲဖြစ်ဖြစ် Phonetics ကို လိုအပ်တယ်လို့ ကျွန်တော်တို့ ခံယူပြီး ဖြစ်တဲ့အတွက် သေချာ အာရုံစိုက်ပြီး လေ့လာကြဖို့ လိုအပ်ပါပြီ။ အဆင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင်။

    Learning English With all our Heart (Part 4=>Introduction to Phonetics)

Learn Together Win Together

    Phonetics ဆိုတာ အသံထွက်ဗေဒ တစ်မျိုးပါ။ ဘယ်ဘာသာစကားရဲ့ ဘယ်စကားလုံးကို ဖြစ်ဖြစ် အသံထွက်နိုင်အောင် စီစဉ်ထားတဲ့ စနစ်တစ်မျိုးဖြစ်ပါတယ်။ Phonetics သင်္ကေတလေးတွေကို ကြည့်ပြီး ကျွန်တော်တို့ဟာ ဘယ်ဘာသာစကားကို ဖြစ်ဖြစ် အသံထွက်အတိအကျကို ထွက်နိုင်ပါတယ်။ မပီမှာကိုလည်း စိတ်ပူနေစရာ မလိုအပ်ပါဘူး။ ဒါကြောင့် ဘာသာစကားနဲ့ phonetics က ခွဲခြားလို့တော့ မရပါဘူး။ အထူးသဖြင့် အင်္ဂလိပ်စာ နဲ့ပါ။

ဒါပေမယ့် တချို့က မေးတတ်ပါတယ်။ Phonetics ကို အချိန်ကုန်ခံလေ့လာနေမယ့်အစား native speaker တွေ ပြောတာကိုပဲ များများနားထောင်ရင်ရော မရနိုင်ဘူးလားပေါ့။ ရတာက ရနိုင်ပါတယ်။ ဒါပေမယ့် သူမှာက အားနည်းချက်လေးတွေ ရှိပါတယ်။ ပထမအချက် သူတို့ ပြောသလောက်ပဲ ကိုယ်က သိနိုင်ပါတယ်။ ပြီးတော့ ကိုယ် နားကကြားထားတဲ့အတိုင်းရော ပါးစပ်က ထွက်နိုင်ပါ့မလား။ ဒါလေးတွေ တွေးစရာရှိပါတယ်။

Phonetics ကိုသာ တတ်မြောက်ထားမယ်ဆိုရင် ကိုယ်သိချင်တဲ့ စကားလုံးတိုင်းကို အသံထွက်မှန်မှန်နဲ့ ထွက်နိုင်ပါပြီ။ E to E Dictionary တိုင်းမှာ Phonetics Symbol တွေနဲ့ပဲ အသံထွက်ကို လမ်းညွှန်ထားပါတယ်။ မြန်မာ Dictionary အချို့မှာတော့ အသံထွက်တွေကို မြန်မာလိုရေးပေးထားတတ်ပါတယ်။ ဒါပေမယ့် သူက Phonetics Symbol တွေကို ကြည့်ပြီး ထွက်တာလောက်တော့ မတိကျနိုင်ပါဘူး။ Phonetics က ပါးစပ်အနေအထား၊ လျှုာအနေအထားတွေကိုပါ အသုံးချရတဲ့အတွက် တိတိကျကျ မှန်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ Listening နဲ့ Speaking လည်း Phonetics ကို လေ့လာရင်းနဲ့ တဖြည်းဖြည်း တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလို ကောင်းကျိုးတွေရနိုင်တဲ့ Phoneticsကို ကျွန်တော်တို့ English learner တွေအနေနဲ့ အချိန်ပေးပြီး သေသေချာချာလေး လေ့လာကြတာဖို့ လိုအပ်တာပေါ့ ခင်ဗျာ။

ကျွန်တော် Youtube ကနေ learning လုပ်နိုင်တဲ့ video လေးတွေကို link လေးတွေ  ထည့်ပေးထားပါတယ်။ အားလုံးပဲ လေ့လာရာမှာ အဆင်ပြေကြပါစေလို့။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာလိုက်ပါဦးမယ် ခင်ဗျာ။ နောက်အပိုင်းတွေမှာတော့ video တစ်ခုချင်းကို ကျွန်တော်နဲ့ အတူတူ လေ့လာကြမယ့် အစီအစဉ်လေးတွေ ထည့်ထားပါမယ် ခင်ဗျာ။

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ လှလှပပ ကုန်ဆုံးပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ် ခင်ဗျာ။

1. Introduction to Phonetics

2. Phonetics chart Explained

3. Vowel Sound

4. Diphthong Sound

5. Single Consonant Sound

6. Consonant Pair Sound

Learn Together, Win Together

Feeling Everything~Living Everyday

Related Posts