Learn

Learn Together, Win Together⇒English ( Part 2)

မင်္ဂလာပါ Learn Together Win Together ကနေ ပြန်လည် ကြိုဆိုပါတယ်ခင်ဗျာ။ အပိုင်းတစ်မှာ ကျွန်တော်တို့ အင်္ဂလိပ်စာကို familiar ဖြစ်အောင်ကြိုးစားသင့်ကြောင်းနဲ့ four skills မှာ မိမိလိုအပ်တာကို ဦးစားပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

အပိုင်း (၁) ကို ဖတ်ရှူရန်

ဒီအပိုင်းမှာတော့ familiar ဖြစ်အောင် ဘယ်လိုမျိုးတွေ လုပ်ဆောင်ရမလဲ။ ဒါတွေကို ဆွေးနွေးကြည့်ရအောင်။

မိတ်ဆွေတို့ ကျွန်တော်တို့မှာ မတူညီတဲ့ daily routine တွေ ရှိကြပါတယ်။ မတူညီတဲ့ profession တွေနဲ့ မတူညီတဲ့ life style တွေရှိကြပါတယ်။ ကျွန်တော်တို့ ဒါတွေ မတူညီကြပေမယ့် တူညီတာတစ်ခုကတော့ English ကို second language အနေနဲ့ သင်ယူကြမယ့် စာသင်သားတွေဆိုတာာပါပဲ။

ကျွန်တော်တို့ အလုပ်မှာ လိုအပ်လို့ ဖြစ်စေ၊ အောင်မြင်မှုဆီ ချီတက်ရာမှာ မဖြစ်မနေလိုအပ်ပါတယ်လို့ ယူဆပြီး ဖြစ်စေ ကျွန်တော်တို့ လေ့လာကြပါတော့မယ်။
မိတ်ဆွေ ဒီစာကို အချိန်ပေးဖတ်နေတယ်ဆိုတာကလည်း မိတ်ဆွေမှာ အင်္ဂလိပ်စာကို ကျွမ်းကျင်တတ်မြောက်လိုတဲ့ စိတ်အရင်းခံလေး ရှိနေတာကြောင့်ပါပဲ။
ဒါက အရေးကြီးပါတယ်။
ဒီစိတ်ရှိနေတာနဲ့တင် မိတ်ဆွေ ခြေတစ်လှမ်းလှမ်းမိနေပါပြီ။

ကဲ….အဆင့်သင့်ပဲမလား။

 Learning English With all Our Heart (Part 2 Living Familiar=>Attitude Improvement)

Learn Together, Win Together


           မနက်မိုးလင်းလာရင် အရင်ဆုံး ကြားလာရတာ ဗမာစကားပါ။ ဘတ်စ်ကားစီးလို့ ဖြစ်စေ၊ ဈေးဝယ်လို့ ဖြစ်စေ အသုံးချနေရတာလည်း ဗမာစကားပါပဲ။ ကျွန်တော်တို့ဟာ မနက်ကနေ ညအထိ ဗမာစကားပြောနေကြရတဲ့ ဗမာလူမျိုးတွေပါ။
           အဲအတွက်  English ဘာသာစကားနဲ့ familiar ဖြစ်အောင် ကြိုးစားတော့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ life style ကို နည်းနည်းလေးတော့ ပြောင်းလဲရပါမယ်။ အဲတော့ ပထမဆုံး ကျွန်တော့်တို့ အင်္ဂလိပ်စာလေ့လာရာမှာ ထားရှိရမယ့် စိတ်နေစိတ်ထားပိုင်းကို ချိန်ဆပြောင်းလဲကြည့်ကြရအောင်။
 


နံပါတ်1…စကားကို လျှော့ပြောပါ။


မိတ်ဆွေက စကားနည်းတဲ့ သူဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမယ့် လေပေါရတာ ကြိုက်နှစ်သက်သူဆိုရင်တော့ နည်းနည်းလေးပြင်သင့်ပါပြီ။ ဒါက ဘာဆိုင်လဲလို့ မေးပါလိမ့်မယ်။
အကြောင်းအရင်းကတော့ မိတ်ဆွေသစ်နဲ့ ဆက်ဆံဖို့ မိတ်ဆွေဟောင်းနဲ့ နေထိုင်ချိန်တွေ နည်းနည်းလေးလျှော့ပေးလိုက်ရသလိုပါပဲ။ ကဲ….လေကန်နေမယ့်အစား လေ့လာမှုတွေနဲ့ အချိန်တွေကို ကုန်ဆုံးလိုက်ရအောင်။


နံပါတ်2…အချစ်သစ်ကို ရှာဖွေပါ။


မိတ်ဆွေ လန့်မသွားပါနဲ့….။ ကျွန်တော် ရှင်းပြပါမယ်။ မိတ်ဆွေ အားလပ်ချိန်မှာ ကိုယ်နှစ်သက်ရာ လုပ်လေ့ရှိမှာပါ။ မိမိနှစ်သက်ရာ နည်းလမ်းနဲ့ အပန်းဖြေလေ့ရှိမှာပါ။ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတွေ၊ Facebook’s new feed တွေ၊ အရေမရ အဖတ်မရ chatting တွေ၊ Game တွေနဲ့ ချည်းပဲ မိတ်ဆွေ ချစ်ခင်မိနေတယ်ဆိုရင်တော့ မလွယ်သေးပါဘူး။ မိတ်ဆွေ အင်္ဂလိပ်စာ လေ့လာတာကို ချစ်ကြိုက်မိလာအောင် ကြိုးစားရှာဖွေရပါမယ်။ မိတ်ဆွေရဲ့ အချစ်သစ်ကတော့ အင်္ဂလိပ်စာပါ။ ဘယ်လိုလဲ…ချစ်နိုင်ရဲ့လား ခင်ဗျာ။


နံပါတ်3…အိပ်မက်မက်ပါ။


မိတ်ဆွေ မနက်ခင်းမှာ ကော်ဖီလေးတစ်ခွက်နဲ့ English article အပြည့်ပါတဲ့ သတင်းစာတစ်စောင်ဖတ်နေပါတယ်။ သင့်သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်ရုပ်ရှင် သွားကြည့်ကြတုန်းမှာ သင်က ဇာတ်လမ်းတစ်ခုလုံးကို အပြည့်အဝ ခံစားလိုက်နိုင်ပြီး သူတို့ကို ဟန်ပါပါ ပြန်ပြောပြနေပါတယ်။ သူတို့ကတော့ ပါးစပ်အပောာင်းသားနဲ့ နားထောင်နေကြပါတယ်။ အလုပ်မှာလည်း အင်္ဂလိပ်စာ ကောင်းမွန်တာကြောင့် အလုပ်ရှင်ရဲ့ ချီးမြှင့်အားထားမှုတွေနဲ့ customer တွေရဲ့ ယုံကြည်ကိုးစားမှုကို ခံနေရပါပြီ။
သင်သိချင်သမျှကိုလည်း ခေါင်းရှုပ်ခံစဉ်းစားနေစရာ မလိုအပ်ပဲ wikiHow လိုမျိုး website တွေမှာ အရန်သင့် ဝင်ရောက်ကြည့်ရှူလိုက်ရုံပါပဲ။ သိချင်သမျှကို googling လုပ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း သင်သိနိုင်နေပါတယ်။ သင်ဟာ ကမ္ဘာအနှံ့က လူတစ်ကာနဲ့လည်း ဆက်ဆံနိုင်တာဖြစ်တဲ့ အတွက် သင့် လက်တွဲဖော်နဲ့ ယုံကြည်ချက်ရှိရှိ ကမ္ဘာအနှံ့ကို ခြေဆန့်နိုင်ပါတယ်။ နောက်ပြီး အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ ဆေးအညွှန်းလိုဟာမျိုး၊ ပစ္စည်း အသစ်တွေ ဝယ်ယူတဲ့အခါ ပါလာတတ်တဲ့ warning လိုဟာမျိုး၊ သင်ရဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်လာတဲ့ quotation လိုမျိုးတွေကိုလည်း သင်မမှုတော့ပါဘူး။ ကမ္ဘာကျော်စာပေတွေကိုလည်း ဘယ်သူ ဘာသာပြန်ထားရဲ့လည်းဆိုပြီး စိတ်ပူနေစရာ မလိုအပ်ပါဘူး။ မိတ်ဆွေ လေ့လာချင်တဲ့ အကြောင်းအရာကိုလည်း မိတ်ဆွေ လွယ်လင့်တကူ လေ့လာနိုင်တာကြောင့် အရမ်းကို ယုံကြည်မှုတွေ ပြည့်ဝနေပြီး Infinite Knowledge တွေနဲ့အတူ အရောင်အဝါတွေနဲ့ တောက်ပနေပါတယ်။

အိပ်မက်ကတော့ အရမ်းကို လှပနေပါပြီ။ လက်တွေ့ကို ရင်ဆိုင်ဖို့ပဲ ရှိပါတယ်။

ညဘက်မှာ အိပ်မက်မက်ပါ။ မနက်ဘက်မှာ ကြိုးစားပါ။


နံပါတ်4…မတူညီမှုကို တန်ဖိုးထားပါ။


မိတ်ဆွေ ကြိုးစားနေရင်းနဲ့ ကျိန်းသေပေါက် ခံစားရမှာ တစ်ခုရှိပါတယ်။ အဲဒါကတော့ စိတ်ပျက်အားလျော့မှုပါပဲ။ ဘာကြောင့်ပါလဲ။ ပထမအချက်က ခက်ခဲမှုပါ။ ဒါပေမယ့် ဒုတိယအချက်က ပိုထိခိုက်မိပါတယ်။

ဒုတိယမြောက်အချက်ကတော့ ခြားနားကွဲပြားမှုပါ။ မတူညီမှုပါ။အင်္ကျီအနီဝတ်ထားတဲ့ လူတစ်ရာကြားမှာ မိတ်ဆွေက အင်္ကျီအပြာဝတ်ထားရသလိုမျိုးပါ။ မိတ်ဆွေသူငယ်ချင်းတွေက ရည်းစားတွေ၊ game တွေနဲ့ ever online တွေဖြစ်ပြီး ပျော်ရွှင်နေကြတုန်းမှာ မိတ်ဆွေက အင်္ဂလိပ် ကာတွန်းစာအုပ်ဖတ်ပြီး ပျော်ရွှင်မှုကို ရယူနေရတာမျိုးပါ။ သင့်ပတ်ဝန်းကျင်ကသူတွေ news feed ပွတ်နေချိန်၊ status တွေနဲ့ အလုပ်တွေ ရှုတ်နေကြတုန်းမှာ သင်က စကားလုံးအသစ်တွေနဲ့ ခေါင်းခြောက်နေရတာမျိုးတွေပါ။

သင်လုပ်နေတာတွေ မှန်ရဲ့လား၊ အကျိုးရှိရဲ့လား၊ အရာရောက်ပါ့မလား မေးခွန်းတွေနဲ့ သင်ခေါင်းခြောက်နေတုန်း သင့်သူငယ်ချင်းတွေက cele တွေဖြစ်ပြီး ပျော်ရွှင်နေကြတာမျိုးက သင့်ကို အားလျော့စေပါတယ်။ ပထမအချက်ဖြစ်တဲ့ ခက်ခဲမှုကပါ ဝင်ပါလာတဲ့ အချိန်မှာတော့ စိတ်ပျက်မှုပါ ထပ်ပေါင်းဝင်ရောက်လာမှာ ဖြစ်ပြီး မိတ်ဆွေ လက်လျှော့သွားနိုင်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ မိတ်ဆွေသိထားသင့်တာက အောင်မြင်သူတွေက လူနည်းစုဖြစ်တယ်ဆိုတာပါ။ သူများနဲ့ မတူတာတွေကို လုပ်နိုင်သူတွေကလည်း လူနည်းစုမို့လို့ပါပဲ။
ဒါကြောင့် မိတ်ဆွေ အောင်မြင်ဖို့ ကြိုးစားနေသရွေ့ ကာလတစ်လျှောက်လုံး မိတ်ဆွေ လူနည်းစုထဲ ပါဝင်နေမှာဖြစ်ပြီး မတူညီမှုတွေကို ခံစားတွေ့ရှိနေရဦးမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်…..အခက်အခဲတွေကို အန်တုရင်း မတူညီမှုကို တန်ဖိုးထားပါ။


အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဒီအပိုင်းမှာတော့ အင်္ဂလိပ်စာနဲ့ ရင်းနှီးကျွမ်းဝင်နိုင်ဖို့ အတွက် ထားရှိရမယ့် အခြေခံ စိတ်နေစိတ်ထားမျိုးလေးတွေကို ဆွေးနွေးခဲ့ကြတာပါ ခင်ဗျာ။ နောက်အပိုင်းတွေမှာတော့ မိတ်ဆွေရဲ့ eng skill တစ်ခုတိုင်းစီအတွက် improvement ဖြစ်စေမယ့် လေ့လာမှုတွေကို တစ်ခုချင်းစီ လေ့လာသွားကြဦးမှာပါခင်ဗျာ။ အဲအတွက် Learn Together , Win Together ရဲ့ အပိုင်းဆက်တစ်ခုချင်းစီကိုလည်း ဆက်လက်ဖတ်ရှုလေ့လာကြဦးလို့။ ကျွန်တော်တို့ အစီအစဉ်လေးကနေလည်း အကျိုးကျေးဇူးပေါင်းများစွာကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Feeling Everying~Living Everyday

SwanHtet (HapEye.Net)

အပိုင်း (၃) ကို ဆက်လက်ဖတ်ရှူရန်

ပညာရေး

# Open More Online

Related Posts