ဩဂတ်စတပ်ဆီဇာ

ဩဂတ်စတပ်ဆီဇာ ( ၆၃ဘီစီ – အေဒီ၁၄)

ဂျူးလီးယက်ဆီဇာ၏ တူတော်သူ ဩတေးဗီးယပ်စ် ခေါ် ဩဂတ်စတပ်ဆီဇာ သည် သူ၏ ဦးရီးတော်အား သတ်ဖြတ်ပစ်ခဲ့ကြသူများဖြစ်သော မားကပ်စ် အန်ထော်နီ၊ မားကပ်စ်အေမီလီးယပ်စ်လီပိဒပ်စ် စသူတို့နှင့် ပူးပေါင်းခဲ့သည်။ နောက်ပိုင်းတွင် အင်ပါယာကြီးအား အုပ်ချုပ်ရန်အတွက် ဩတေးဗီးယပ်စ်သည် အန်ထော်နီအားတိုက်ခိုက်ခဲ့ပြီး အေတီယမ်တိုက်ပွဲတွင် အနိုင်ရခဲ့သည်။ ဩတေးဗီးယပ်စ်သည် ရောမ၏ ပထမဆုံး ဧကရာဇ်ဖြစ်လာသည်။ ၂၇ဘီစီတွင် သူ့အား ဩဂတ်စ်စတပ်ဟူ၌ ရောမလွှတ်တော်က သမုတ်ခေါ်ဝေါ်ခဲ့သည်။ အဓိပ္ပာယ်မှာ ‘မြင့်မြတ်သောပုဂ္ဂိုလ်’ ဟူ၌ဖြစ်သည်။

၆၃ဘီစီ ၊စက်တင်ဘာလ၊ ၂၃ – ဂါရီယပ်စ်ဩတေးဗီးယပ်စ်အဖြစ် မွေးဖွားသည်။
၄၂ဘီစီ – ဖီလစ်ပီ၌ နောက်ဆုံး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းဘရုတပ်စ်နှင့် ကက်စ်စီးယပ်စ်တို့က ဆီဇာအား လုပ်ကြံသတ်ဖြတ်ခဲ့ရာ အောင်မြင်သည်။
၃၁ဘီစီ ၊ စက်တင်ဘာလ၊ ၂ – အေတီယမ်အနီး ရေကြောင်းတိုက်ပွဲ ဆင်နွဲရာ မားကပ်စ်အန်ထော်နီအား အနိုင်ရရှိသည်။
၂၇ဘီစီ ၊ ဇန်နဝါရီလ၊ ၁၆ – ဩဂတ်စတပ်စ်ဟူသော ဘွဲ့မည်ရည်ကို ရောမလွှတ်တော်က သူ့အား အပ်နှင်းသည်။
၁၂ဘီစီ – လီပီဒပ်စ်ကွယ်လွန်ပြီးနောက် ပွန်တီဖက်ခ်စ်မာဇီမတ်စ် (ရောမဘာသာရေး အကြီးအကဲ) ဖြစ်လာသည်။
အေဒီ ၁၄၊ ဩဂတ်၊ ၁၉ – မွေးစားသားဖြစ်သူ တီဘီရီယပ်စ် တိုက်ခိုက်အောင်မြင်ခဲ့သော နေပယ်လ်အနီးရှိ နာလာတွင် ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts