အီရန် ကွန်ထရာ

အီရန် ကွန်ထရာ အရှုပ်တော်ပုံ ( အပိုင်း- ၃ )

ဝါးတားဂိတ် အရှုပ်တော်ပုံ ဖော်ထုတ်ခဲ့သည် Washinton Post သတင်းစာမှ သတင်းထောက် ဘော့ဝုဒ်ဝပ်က ကာဆေးသည် သူ သေခါနီးတွင် စီအိုင်အေသည် အီရန် ကွန်ထရာ အရေးတွင် အစကတည်းက ပါဝင်ပတ်သတ်ခဲ့ကြောင်း ပြောကြားသွားသည်ဟု ဆိုသည်။ ကာဆေး၏ ဇနီးကလည်း ဝုဒ်ဝပ်သည် သူ့ခင်ပွန်းအိပ်ယာ အနီးသို့ တစ်ကြိမ်မျှ မရောက်ဖူးကြောင်း ဝင်ရောက်ဖြေရှင်းသည်။

ကွန်ဂရက်မှ ဖွဲ့စည်းပေးထားသည့် ကော်မတီရှေ့မှောက်သို့ ၁၉၈၇ခုနှစ် ဇူလိုင်လတွင် အိုလီဗာ နော့သ် ရောက်လာသည်။ သူကလည်း ဝုဒ်ဝပ်ပြောသည့် အတိုင်းပင် ထွက်ဆိုသည်။ သူက ကာဆေးအနေဖြင့် အီရန်ကို လက်နက်များ ထောက်ပံ့ရန် ကိစ္စသည် ငွေရေး ကြေးရေးကိစ္စများနှင့် ပတ်သတ်နေမည်ကို တွေးမိပီးသား ဖြစ်လိမ့်မည်။ ထိုငွေကြေးကိစ္စများကို ကွန်ဂရက်အား မမေးချင်သောကြောင့် ဖြစ်လိမ့်မည်။ ဘိုလန် သဘောတူညီချက်သည် သဘောတရား သူ့ကို အကျပ်ရိုက်စေမည်မှာ သေချာသည်။ သို့သော် သူတို့နှစ်ယောက်စလုံး အစကတည်းက မှားနေကြောင်းကိုတော့ သိကြသည်ဟု ပြောသွားသည်။ နော့သ်ကလည်း သူ့ကိုယ်သူ ဓားခုတ်ရာ လက်ဝင်လျှိုလိုက်ရသလိုလို ပြောကြားသွားခြင်းဖြစ်သည်။

အမေရိကန်ပြည်သူတို့သည် ကော်မတီရှေ့မှောက်တွင် အိုလီဗာ နော့သ်၏ အစစ်ခံချက်များကို ရုပ်မြင်သံကြားမှတဆင့် မြင်တွေ့ကြရသည်။ သူသည် စစ်သားတစ်ယောက်အနေဖြင့် သူ့အလုပ် သူလုပ်ခြင်းသာဖြစ်သည်။ ကွန်ထရာ သို့ငွေများ ထောက်ပံ့ခြင်းသည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူများအား ထောက်ပံ့ခြင်းသာ ဖြစ်သည်။

ဂျော့ ရှုဇ်က အမျိုးသားလုံခြုံရေးကောင်စီတွင် သူ့အား ‘ နှုတ် မစောင့်စည်းသူ ‘ ဟု ဝေဖန်လိုက်သည့်အခါတွင် နော့သ်သည် ရှုဇ်အား တည့်တည့်စိုက်ကြည့်ပြီး ‘ ဘာကြောင့်လဲဆိုတော့ အဲ့ဒီမှာ လုပ်နေတဲ့သူတွေကလည်း နှုတ်မစောင့်ပဲ ကျွန့်တော့်ကို အလုပ်ကြီး အကိုင်ကြီး လုပ်နေသူတစ်ယောက်လို့ထင်ပြီး လာပြောနေကြလို့ပဲဗျ ‘ ဟု ဆိုလိုက်သည်။

အီရန် ကွန်ထရာ အရေးအခင်းအတွက် ငွေကြေး

သို့သော် နော့သ်နှင့် သူ့အပေါင်းအသင်းများသည် ကိုယ်ကျိုးမဖက် အများအတွက် လုပ်နေကြောင်း ပြသနိုင်ခဲ့ကြသည်။ အီရန် ကွန်ထရာ အရေးအခင်းအတွက် သဘောတူထားသည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၄၈သန်းဖြစ်သည်။ စီးပွားရေးသမား အဲလ်ဘတ် ဟာကင်မ်က ဒေါ်လာ ၈သန်းရသွားသည်။ သို့သော် ထိုငွေရကြောင်း သူဝန်မခံခဲ့ပေ။ စီးကော့ကလည်း ဆွစ်ဘစ်ရှိ သူ့ငွေစာရင်းကို အမေရိကန်အစိုးရက ကြည့်ရန် တောင်းဆိုသည်ကို ငြင်းဆန်သွားသည်။ သို့သော် စီးကော့သည် နာမည်ကျော် ပိုရှေးကားကို မောင်းပြီး ကိုယ်ပိုင် ဂျက်လေယာဉ်ပျံနှင့် ဖြစ်နေသည်ကိုတော့ ကော်မတီက သိ‌နေပြီးသား ဖြစ်သည်။ နော့သ်သည် စီးကော့မှတဆင့် သူ့အိမ်လုံခြုံရေးကိစ္စအတွက် အသုံးပြုရန်ဟု ဆိုကာ ဒေါ်လာ ၁၆,၀၀၀ ရသည်။ ပြဿနာပေါ်လာသည့်အခါတွင် နော့သ်သည် ငွေတောင်းခံလွှာများ၊ ကုန်ကျစရိတ်များ အားလုံးကို နေ့စွဲတွေ ပြန်ပြင်ကာ အသင့်ပြင်ဆင်ပြီး စီစဉ်ထားသည်။

အမျိုးသား လုံခြုံရေး ကောင်စီတွင် ကျင့်သုံးနေသည့် နိုင်ငံရေးခြားပေါ်လစီသည် အားနည်းချက် များစွာရှိနေသည်။ ထိုအချက်ကို အခွင့်ကောင်းယူပြီး နိုင်ငံခြားရေးဝန်ကြီး ဂျော့ ရှုဇ်သည် အစိုးရအဖွဲ့အပေါ် အာဏာပြတော့သည်။ အီရန်တို့နှင့် သဘောတူစာချုပ်သည် တာဝန်ရှိသူများသာ ဖတ်ရန်၊ သိထားရန် ဖြစ်သော်လည်း လက်ဘနွန်သတင်းစာသို့ ပေါက်ကြားသွားရခြင်းမှာ သူ့တွင်များစွာတာဝန်ရှိနေသည်။ ကွန်ဂရက်၏ ဖွဲ့စည်းပုံ ဥပဒေအရ လုပ်ပိုင်ခွင့်၊ ဘိုလန်သဘောတူညီချက်တို့ကို သမ္မတအား တင်ပြရန်မှာလည်း သူ့တာဝန်ဖြစ်သည်။ ကက်စ်ပါး ဝန်းဘာဂါသည် ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ရှိသော်လည်း သူသိရသည်က အခြားအစိုးရ ထောက်လှန်းရေးအဖွဲ့နှင့် လက်နက်အပေးအယူ လုပ်မည့်သဘောလောက်သာဟု

ကွန်ဂရက် စုံစမ်းစစ်ဆေးရေး ကော်မရှင်

ကွန်ဂရက် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် နော့သ်၊ မက်ဖာလိန်းနှင့် ပွိုင်ဒက်တာတို့ကိုသာ အပြစ်တွေဖို့ထားသည်။ မည်သို့ဆိုစေ သမ္မတဆိုသည်မှာ နိုင်ငံတော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဟူ၍သာဆိုရမည် ဖြစ်သည်။ ပြဿာနာတိုင်းတွင် တာဝန်ယူပြီး ပြဿာနာတိုင်းအတွက် ဖြေရှင်းနိုင်ရန် နိုင်ငံတော်က သမ္မတတာဝန် ပေးထားခြင်း မဟုတ်ပါလား။
ရီပတ်ဘလီကန် ပါတီဝင်များ၏ ကောက်ချက်ကတော့ ရှင်းသည်။ စနစ်ကျသော အုပ်ချုပ်ပုံမရှိ၊ တရားဥပဒေ စိုးမိုးမူကို မလေးစားခြင်းသာ ဖြစ်သည် ဟု ဆိုသည်။ ဤအမှုသည် ပူးပေါင်းကြံစည်မှု မဟုတ်၊ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် မရိုးသားမူများ ပေါ်ပေါက်လာရခြင်း ဖြစ်ပြီး မကောင်းမှုကို ဖုံးကွယ်ထားပေးချင်သော စိတ်ဓာတ်များကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အစီရင်ခံခဲ့ကြသည်။ ရီပတ်ဘလီကန်များသည် ဝါးတားဂိတ် အရှုပ်တော်ပုံ ဖြစ်ပြီးကတည်းက ပြဿနာကိုရှောင်ပြီး အရှင်းဆုံးဖြစ်အောင် နေခဲ့ကြသည်။

ဤ အီရန် ကွန်ထရာ အရှုပ်တော်ပုံအတွက် အရင်းနှီး အများဆုံး ပေးဆပ်လိုက်ရသူမှာ မက်ဖာလိန်းဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် သူ့ကိုယ်သူ သတ်သေရန် ကြိုးစားခဲ့သည်။ ကွန်ဂရက်တွင် အထင်မှား၊ အမြင်မှား စေရန် လုပ်ဆောင်မူဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ဒဏ်ငွေအနည်းငယ်နှင့် ခံဝန်ချုပ်ဖြင့် နှစ်နှစ်‌ နေထိုင်ရန် အပြစ်ပေးခြင်းခံရသည်။ သူက နော့သ်အား ကွန်ထရာသို့ အထောက်အပံ့ပေးသူ မဟုတ်ကြောင်း သက်သေခံထွက်ပေးခဲ့သူဖြစ်သည်။ နောက်ပိုင်း သူက အစိုးရရှေ့နေများနှင့် အပေးအယူလုပ်ပြီး ဖော်ကောင်လုပ်လိုက်သည်။

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts