လုပ်ငန်းအစီအစဉ် ဆွဲပါ

လုပ်ငန်းအစီအစဉ် ဆွဲပါ

လုပ်ငန်းအစီအစဉ် ဆွဲပါ

စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင် ပထမဦးဆုံး အချက်အနေနဲ့ ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ဆွဲရပါမယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ပဲ စလုပ်သည်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမယ့်သူကို ခေါ်သည်ဖြစ်စေ ဒီအစီအစဉ်ရှိမှ အောင်မြင်မှုကို ရပါလိမ့်မယ်။ ဈေးကွက် ချဲ့ထွင်မယ့် အစီအစဉ်တွေ၊ ငွေကြေးလည်ပတ်မှု အစီအစဉ်တွေ အနည်းဆုံးပါရှိရပါမယ်။ ရင်းနှီးမြှုပ်နှံမယ့်သူကို ရှာမယ်ဆိုရင် အရေးကြီးဆုံးလိုအပ်တဲ့ စာရွက်စာတမ်းက လုပ်ငန်းအစီအစဉ်ပါပဲ။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုက စီးပွားရေးလုပ်ငန်းမဟုတ်ဘဲ MBA ဘွဲ့ရချင်တာဆိုရင် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်လောက်တော့ အနည်းဆုံး လိုပါလိမ့်မယ်။ ဒါမှလည်း MBA ဘွဲ့ရအောင် ကြိုးစားနေချိန်မှာ လမ်းကြောင်းမှန်ပေါ်မှာ ရှိရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ပါလိမ့်မယ်။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts