ကလီယိုပါထရာ

အီဂျစ်ဘုရင်မ ကလီယိုပါထရာ (၆၉ဘီစီ -၃၁ဘီစီ)

ကလီယိုပါထရာ သည် အီဂျစ်နိုင်ငံ၏ နောက်ဆုံး ဖာရိုဘုရင်ဖြစ်သော ဆယ့်နှစ်ဆက်မြောက် ပတိုးလ်မီးအော်လီတပ်စ်ထံမှ ထီးနန်းဆက်ခံခဲ့သည်။ သူ၏အလှအပ၊ ပြင်းပြသော ဆန္ဒရည်မှန်းချက်နှင့် ဉာဏ်အမြော်အမြင်ရှိခြင်းတို့ကြောင့် ကြော်ကြားသည်။ ဘာသာစကားကိုးမျိုးကို ပြောဆိုနိုင်သည်ဟုလည်းဆို၏။ အီဂျစ်ကို ဂျူးလီးယက်ဆီဇာ သိမ်းပိုက်လိုက်ချိန်တွင် သူ၏မောင်ဖြစ်သော ဆယ့်သုံးဆက်မြောက် ပတိုးလ်မီးထံမှ အခွင့်အာဏာ ပြန်လည်ရရှိရန်အတွက် ဂျူးလီးယက်ဆီဇာထံမှ အကူအညီရရန် ကြိုးပမ်းခဲ့သည်။ ဆီဇာကွယ်လွန်သောအခါ ဆီဇာ၏ဗိုလ်ချုပ်ကြီးမာကပ်စ်အန်ထော်နီနှင့် လက်ဆက်ခဲ့သည်။ အက်တီယမ်တိုက်ပွဲတွင် ဩဂတ်စတပ်ဆီဇာ ကအန်ထော်နီအားအနိုင်တိုက်ခိုက်ပြီးအလက်ဇန္ဒီးရားကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် ကလီယိုပါထရာ မြွေအကိုက်ခံရ၍ ကိုယ့်ကိုယ်ကို သတ်သေလိုက်၏။

၆၉ ဘီစီ- မွေးဖွားသည်။
၅၁ ဘီစီ- သူ၏ မောင်တော် ဆယ့်သုံးဆက်မြောက် ပတိုးလ်မီးနှင့်အတူ ထီးနန်းကို စိုးစံသည်။
၄၇ ဘီစီ- ဂျူးလီးယက်ဆီဇာ၏ အကူအညီဖြင့် ဆယ့်သုံးဆက်မြောက် ပတိုးလ်မီးအား သတ်ဖြတ်ပစ်ခဲ့ပြီးနောက် ဆယ့်လေးဆက်မြောက် ပတိုးလ်မီးနှင့်အတူ ပူးတွဲအုပ်ချုပ်သူဖြစ်လာသည်။
၃၆ ဘီစီ- မားကပ်စ်အန်ထော်နီနှင့် ထိမ်းမြားလက်ထပ်သည်။
၃၁ ဘီစီ- အေတီယမ်တိုက်ပွဲတွင် ဩဂတ်စတပ်စ်အား အရေးနိမ့်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေလိုက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts