အိုမာ ဘွန်ဂို

ဖက်ရှင်ဒီဇိုင်း နောက်ကွယ်မှ ဖောက်သည်များ

အိုမာ ဘွန်ဂို သည် ဂါဘွန် အနောက်အာဖရိကနိုင်ငံ၏ သမ္မတတစ်ဦးဖြစ်သည်။ ၁၉၆၇ခုနှစ်က တည်းက သမ္မတဖြစ်လာပီး ၁၉၉၅ခုနှစ် ဧပြီလတွင် ပဲရစ်၌ လိင်ဖောက်ပြန်မူတစ်ခုစစ်ဆေးရာတွင် ပါဝင်ပတ်သတ်ခဲ့သူလည်းဖြစ်သည်။ တရားရုံးက ဘွန်ဂိုသည် သူ့အား ဝတ်စုံဝတွေ ချုပ်ပေးနေသည့် အီတလီဒီဇိုင်နာတစ်ယောက်ထံမှ မော်ဒယ်အမည်ခံ ကောင်မလေးတွေအထောက်အပံ့ကို ခံနေကြောင်း စွတ်စွဲပြောကြားခဲ့သည်။ တရားရုံးတွင် လာရောက်အမူရင်ဆိုင်နေရသူမှာ ဖရန်ဆက်စကို စမဲလ်တိုဖြစ်သည်။ ပြင်သစ်အခြေစိုက် ယောက်ျားဝတ်စုံ ဒီဇိုင်နာတစ်ယောက်ဖြစ်ပီး အပြိုင် အဆိုင်များလှသည့် ဖက်ရှင်ဒီဇိုင်းလောကတွင် နောက်ကွယ်မှဖောက်သည် လေးတွေအား ကျော် ကြားသူများနှင့် ချိတ်ဆက်ထားသူလည်းဖြစ်သည်။ ဘွန်ဂိုသည်သူ့အတွက်ရွှေတွင်း၊ ငွေတွင်း ဖောက်သည်စာရင်းတွင် ပါဝင်သည်။ တရားရုံးက စမဲလ်တိုကို အပျော်မယ် မော်ဒယ်တွေရှာပီး ဂါဘွန်ထံ ပို့ပေးမူဖြင့် တရားစွဲထားသည်။ အပျော်မယ်တွေကလည်း ဘွန်ဂိုဆိုနောက်တစ်ခါကြောက်ပါပီ ဆိုသည့်သူတွေ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘွန်ဂိုသည် ဘယ်တော့မှ ကွန်ဒုံး မသုံးသောကြောင့်ဖြစ်သည်။ ဘွန်ဂိုသည် တရားရုံးကိုလာပီးအမူမရင်ဆိုင်ရပေ။ သူပါရှားရှေ့နေနှင့် ဒေါက်တာတို့က သူ့ကိုယ်စား လာရောက်အမူရင်ဆိုင်ပေးရသည်။ ပဲရစ်ရဲများကဇိမ်နန်းမယ်လေးတစ်ယောက်ကို နောက်ယောက်ခံလိုက်ရာမှ စမဲလ်တိုနှင့် ပတ်ပင်းတိုးမိခြင်း ဖြစ်သည်။ ထိုနေရာကို မော်ဒယ်အေဂျင်စီအမည်ခံထားပီး ဦးဆောင်နေသူက မိန်းမချောလေး လော်ရီမော်မမ် ဖြစ်သည်။ သူမက စမဲလ်တိုကို လိုသမျှ ‌မော်ဒယ်တွေကို စုဆောင်းထားသည့်အထဲမှ ထောက်ပံ့ပေးနေသည်။ မော်ဒယ်တွေက သူတို့အများစုမှ ဂါဘွန်နိုင်ငံ၏ မြို့တော် လစ်ဘရီဗေးလ်သို့ ‌ရောက်ဖူးကြပီး စမဲလ်တို၏ ဝတ်စုံတွေကို သွားပို့ပေးသည့် အမည်ခံထားကြသည်။ ထိုခရီးစဉ်တွင် ဝတ်စုံ ပို့ပေးသည့်အပြင် သမ္မတကြီးကို ဝတ်စုံ ချွတ်ပေးရသည့် အလုပ်လည်းပူးတွဲ တာဝန် ထမ်းဆောင်ကြရသည်။

မိုနီကာ ဆိုသည့် မိန်းကလေးတစ်ဦးကို တရားရုံးက သက်သေခံရန် ဆင့်ခေါ်လိုက်သည်။ သူလည်း လစ်ဘရီဗေးလ်သို့ ရောက်ဖူးသူများထဲမှ တစ်ယောက်ဖြစ်သည်။ အခြားမိန်းကလေး တစ်ယောက်ဖြစ်သည့် ရှန်တဲလ်ကလည်း ဘွန်ဂိုကို အရေးဆိုဖူးကြောင်း ပြောပြသည်ထိုမိန်းကလေးများတောင်းသည့် ငွေကြေးပမာဏသည် ဘွန်ဂိုအတွက်တော့ အသေးအမွှားသာဖြစ်သည်။ ဘွန်ဂို သည် အာဖရိကအချမ်းသာဆုံး စာရင်းဝင်သူဖြစ်ပြီး ကျောက်မျက်အရောင်းဌာနမှ ချောမတ်ဆိုသူက သူ့ငွေရေးကြေးရေး ကိစ္စများကို ဒိုင်ခံဖြေရှင်းပေးနေသည်။ ဘွန်ဂို သူ့ကို ပေးရန်အကြွေး ပေါင် ငါးသန်းရှိသည်ဟု ထုတ်ဖော်ခဲ့သည်။ အစပိုင်းတွင် စမဲလ်တိုသည် ကောင်မလေးတွေကိစ္စနှင့်ပတ်သတ်၍ စွတ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ နောက်ပိုင်း ဘွန်ဂိုသည် သူ့ဖောက်သည်ကောင်း တစ်ယောက်ဖြစ် ဘွန်ဂို သူ့ကို ပေးရန်အကြွေး ပေါင် ငါးသန်းရှိသည်ဟု ထုတ်ဖော်ခဲ့သည်။ အစပိုင်းတွင် စမဲလ်တိုသည် ကောင်မလေးတွေကိစ္စနှင့်ပတ်သတ်၍ စွတ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ နောက်ပိုင်း ဘွန်ဂိုသည် သူ့ဖောက်သည်ကောင်း တစ်ယောက်ဖြစ်ကြောင်းဝန်ခံသည်။ ဘွန်ဂိုသည် တစ်နှစ် ဝတ်စုံချုပ်ခ ပေါင်သုံးသိန်းခန့် ဖြုန်းတတ်သည်။ သို့ဖြစ်ရာ ထိုရွှေတွင်းကြီးကို ပြိုင်ဘက်များကြောင့် လက်လွတ်ခံရမှာ စိုးရိမ်သည်။ “သမ္မတ ဘွန်ဂိုက မိန်းမတွေနဲ့ ပတ်သတ်ရင် သိပ်ပီး ထိခိုက်လွယ်တာ၊ ဒါ့ကြောင့် ခရီးစဉ် တစ်ခေါက်တိုင်း ကောင်မ‌လေးတစ်ယောက်နဲ့ ဝတ်စုံတွေပို့ခိုင်းရတယ်။ အဲ့ဒီကောင်မလေးတွေနဲ့ သူအိပ်သလား၊ မအိပ်ဖူးလားဆိုတာကိုတော့ ကျွန်တော် မသိဘူး”ဟု ဝန်ခံသွားသည်။ သူပြောတာ မမှန်ပေ။ တယ်လီဖုန်းမှတ်တမ်းများကို ကူးပီး တရားရုံးတွင် အစစ်ဆေးခံရာတွင် ဧရာနီနှင့် ဆာရာဆိုသည့် မိန်းကလေးနှစ်ဦးတို့ အပြန်အလှန်ပြောဆိုနေမူများကို ယခုလို သက်သေခံအဖြစ် တင်ပြခဲ့သည်။ “မာရီကာ ငါ့ဆီကို ဖုန်းဆက်တယ်၊ သူလစ်ဘရီဗီးလ်ကို သွားမလို့တဲ့၊ ငါက ကောင်းတာပေါ့ စိတ်ဝင်စားစရာပဲလို့ ပြောတော့ သူ့သူငယ်ချင်း သေသွားပီလို့ပြောတယ်” (ဧရာနီ အပြော) ” အေအိုင်ဒီအက်စ်နဲ့လား၊ ရွံစရာကောင်းလိုက်တာ ” ( ဆာရာအပြော) ၊ “ဟုတ်တယ်၊ ဆိုးတာက နာမည်ကြီး ဒီဇိုင်နာက အတင်းစီစဉ်နေတာဆိုတော့” (ဧရာနီအပြော) ၊ စမဲလ်တိုသည် အပ်ချုပ်ရာတွင် ဘုရင်၊ ဘုရင်တွေအတွက် အပ်ချုပ်ဆရာဟု အမည်တွင်နေသူဖြစ်သည်။ နောက်ပိုင်း ဘဝပျက်သွားပီးနောက် ဘွန်ဂိုတစ်ယောက် သူ့ဝတ်စုံအတွက် အခြားဖောက်သည်ကောင်း တစ်ယောက်ကို ရှာတွေ့ပီလား မဆိုနိုင်။


Ref : Haute Couture Call Girls , by Nigel Cawthrne.

ဆရာတင်ညွန့်ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။ ။

Related Posts