အန်ဒရေးစ် ပါပင်ဒရို

ဝန်ကြီးချုပ်နှင့် လေယာဉ်မယ်

ဂရိနိုင်ငံတွင် တိုင်းနှင့်မှပြည်ကျော် အရပ်ရပ် ကြားလို့မှမတော်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကို အင်ဒရေးစ် ပါပင်ဒရို အရှုပ်တော်ပုံဟု လူသိများသည်။ အသက် ၇၀ အရွယ် ဝန်ကြီးချုပ်က လက်ရှိ အသက် ၃၇နှစ်အရွယ် ဇနီးကို ကွာရှင်းပီး အသက် ၃၅နှစ်အရွယ် လေယာဉ်မယ်ကို လက်ထပ်ရန် ကြံလိုက်မှ ပြသာနာတွေက စတော့သည်။ ပိုဆိုးသည်က တစ်နွယ်ငင် တစ်စင်ပါ ငွေကြေးအရှုပ်တော်ပုံကလည်း ဝင်လာပြီး သူ့အစိုးရအဖွဲ့ဝင် အတော်များများ ထောင်နန်းစံသွားရပြန်သည်။

ပါပင်ဒရို အမူကို အကျင့်ပျက် ခြစားနေသည့် တရားရုံးက ရက်ရှည်လများ စစ်ဆေးပီးမှ အပြစ်မရှိဟု ဆိုကာ လွှတ်ပေးလိုက်သည်။ ပါပင်ဒရို နိုင်ငံရေးဩဇာ ပြန်လည်ရလာသည်။ ပိုပြီး အကျင့်ပျက်ခြစားနိုင်ရန် အခြေအနေ ဖန်တီးပေးလိုက်သလို ဖြစ်သွားသည်။ အင်ဒ‌ရေးစ် ပါပင်ဒရိုသည် ဂရိနိုင်ငံမှ အမေရိကသို့ ၁၉၃၉ခုနှစ်တွင် ထွက်ခွာသွားသည်။ အမေရိကန်နိုင်ငံသားအဖြစ် ခံယူပီး ဘာကလေတက္ကသိုလ်တွင် စီးပွားရေး ပါမောက္ခဖြစ်လာသည်။ ဂရိ ဇနီးသည်ကို ကွာရှင်းပီး အမေရိကန်သူတစ်ယောက်ကို လက်ထပ်ကာ ကလေးလေးယောက်ရခဲ့သည်။ သူ ဂရိနိုင်ငံသို့ ၁၉၅၉ခုနှစ်တွင် ပြန်သွားခဲ့သည်။ ထို့နောက် ဂရိအမျိုးသားဘဏ်တွင် အကြံပေးအရာရှိ ဖြစ်လာခဲ့သည်။

နောက်ပိုင်း နိုင်ငံရေးလောကထဲသို့ ပြန်ဝင်လာသည်။ ၁၉၆၄ခုနှစ် ရွေးကောက်ပွဲတွင် ပါလီမန်အမတ် ဖြစ်လာသည်။ သူ့ဖခင် ‌ဂျော့ ပါပင်ဒရို ကလည်း အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ဂရိနိုင်ငံလုံးဆိုင်ရာ ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ အန်ဒရေးစ် ပါပင်ဒရိုသည် ၁၉၈၁ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ဆက်ခံသည်။သို့သော် သူ့ဆိုရှယ်လစ်ပါတီမှ ချမှတ်ထားသည့် မူဝါဒများကို လက်တွေ့တွင် အကောင်အထည် မဖော်နိုင်ခဲ့ပေ။ သူ့လက်ထက်တွင် ဂရိနိုင်ငံ၏ စီးပွားရေးသည် ဦးစိုက်ပြောင်းပြန် ထိုးကျသွားခဲ့ရသည်။ ပါပင်ဒရိုသည် ၁၉၈၆ခုနှစ်တွင် လေယာဉ်မယ် ဒီမီထရာ လီယာနီနှင့် ဆုံတွေ့ခဲ့ကြသည်။ နောက်ပိုင်း ဒီမီထရာသည် ပါပင်ဒရို တက်သည့် ဆွေးနွေးပွဲများ၊ မိတ်ဆုံစားပွဲများတွင် ပွဲတက် လက်တွဲဖော်တစ်ယောက်အဖြစ် ပွဲထုတ်ခံလာရသည်။

၁၉၈၈ခုနှစ်တွင် ပါပင်ဒရိုသည် နုလုံးအဆို့ရှင် လဲလှယ်ရန် လန်ဒန်သို့ ထွက်ခွာသွားသည်။ နှစ်လခန့် အနားယူရမည့်ခရီးဖြစ်ပီး ထိခရီးသို့ ဒီမီထရာလည်းလိုက်ပါသွားသည်။ ထိုကိစ္စကို ဂရိသတင်းစာများက အရေးပါသည့် တွေးစရာတစ်ခုအနေဖြင့် ‌ရေးသားဖော်ပြလာကြသည်။ ထိုအချိန်တွင် ငွေကြေးအရှုပ်တော်ပုံတွင် ပါဝင်ပတ်သတ်နေသည့် ဂျော့‌ကော့စ်တို့တာစ့်က ရင်ဖွင့်တော့သည်။ ကော့စ်တို့တာစ့်သည် ဂရိအမေရိကန်စပ်ဖြစ်ပီး ဂရိသို့ ၁၉၈၃ခုနှစ်တွင်ရောက်လာခဲ့သည်။ သူက လက်ယာယိမ်းသတင်းစာ၂စောင်ဖြစ်သည့် Kathimerini နှင့် Vrathni တို့ကိုဝယ်ပီး ပါပင်ဒရို၏ ပါတီ PASOK ၏ အာဘော်သတင်းစာများအဖြစ် ရပ်တည်ရန် ကြိုးစားခဲ့သည်။ စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Grammiနှင့် ဘောလုံးအသင်း တစ်သင်းကိုလည်း လွှဲပြောင်းယူလိုက် ဝယ်ယူလိုက်ပြန်သည်။

ထို့ပြင် ရေဒီယိုအသံလွှင့် ဌာနတစ်ခုကိုလည်း ဝယ်လိုက်ပီး ဂရိတွင် ဒုတိယအကြီးဆုံးဖြစ်သည့် ဘဏ်ကြီးကိုပါ ငွေအများ ပုံအောပေးပီး ဘဏ်ဥက္ကဌ ရာထူးကို လွှဲပြောင်းရယူလိုက်သည်၊။ ကော့စ်တိုတာ့စ်ကို ၁၉၈၆ခုနှစ်တွင် ပါပင်ဒရိုနှင့် မိတ်ဆက်ပေးသူမှာ ပါပင်ဒရို၏သား ဂျော့ဖြစ်သည်။ PASOK ပါတီအာဏာရလာချိန်တွင် ပညာရေးဝန်ကြီးဖြစ်လာသူလည်းဖြစ်သည်။ သူတို့ ၃ကြိမ်သာ တွေ့ဆုံဖူးကြသည်။ ကော့စ်တိုတာ့စ်က ပါပင်ဒရို၏ သားဖြစ်သူ ဂျော့ လုဗာရိစ်ကို ငွေတွေပုံအောပီး ပေးခဲ့သည်။ သူတို့ နှစ်ယောက်မှာ သူငယ်ချင်းများဖြစ်ကြပီး တစ်ဦးနှင့်တစ်ဦး နားလည်မူတွေ ယူထားကြသည်။ Crete ဘဏ်ကြီး လည်ပတ်နေမူသည် ပုံမှန်အတိုင်း မဟုတ်ကြောင်း ကောလဟလတွေ ထွက်လာသည်။ သို့သော် ဘဏ်ကို စုံစမ်းစစ်ဆေးရန် အရေးဆိုတိုင်း ပါပင်ဒရို အစိုးရကဟန့်တားနိုင်ရန် ဥပဒေတွေပြောင်းလဲထုတ်ပြန်ပေးနေသည်။ ထိုသို့ အကာကွယ်ပေးနေရခြင်းမှာ ပါပင်ဒရို၏သား ဂျော့က ကော့စ်တိုတာ့စ်ထံမှ ငွေယူ၊ သားထံမှ အဖေက ငွေပြန်ယူနှင့်အရှုပ်တော်ပုံက ဇာတ်လမ်းစလာသည်။

ထိုအချိန်တွင် ဘဏ်သို့ အဓိကကျသည့် ဘဏ်ကြီးနှစ်ခုမှ ရင်းနှီးမြုပ်နှံမူတွေ ဝင်လာသည်။ အားလုံးစာချုပ်စာတန်းအတုတွေနှင့် ဖြစ်သည်။ ထိုလုပ်ရပ်ကို ကြိုးကိုင်သူမှာလည်းကော့စ်တိုတာ့စ် ကိုယ်တိုင် ဖြစ်နေသည်။ ဘဏ်မှ သန်း၂၀၀လောက် ကဲ့ထုတ်သွားသည်။ သူ့အနေဖြင့်ပါပင်ဒရို၏သား အပါအဝင် အစိုးရအဖွဲ့ဝင်များသို့ ငွေကြေးထောက်ပံ့မူများ ပြုလုပ်‌သော်လည်း တရားရုံးမှ စာရင်းထုတ်ပြန်ရန် ပြောသည်ကိုတော့ ငြင်းဆိုခဲ့သည်။ ကော့စ်တိုတာ့စ်သည် နိုင်ငံမှ ထွက်ခွာခွင့်ကို ဟန့်တားခြင်းခံထားရသူဖြစ်သည်။ ထိုသို့ စောင့်ကြည့်နေသည့်ကြားမှ နှစ်နိုင်ငံ အစိုးရချင်း တရားခံလဲလှယ်မူ ပြုလုပ်မထားသည့် ဘရာဇီးနိုင်ငံသို့ ရအောင်ထွက်ပြေးသွားသည်ပြည့်သူ့ရေးရာဝန်ကြီး နှုတ်ထွက်သွားရသည်။ ကော့စ်တိုတာ့စ်သည် သူ့ဘဝကို မလုံမလဲဖြစ်ပီး အမေရိကန် ပြည်ထောင်စုသို့ ထွက်ပြေးပြန်သည်။ ထိုနိုင်ငံအရောက်တွင် သူအဖမ်းခံရသည်။ Life မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် Crete ဘဏ်မှ ငွေများကို PASOK ပါတီအတွက် ပုံအောသွန်ထားရကြောင်း ထုတ်ဖော်ဖွင့်ချလိုက်သည်။

ထိုစကားသည် လက်ရှိနိုင်ငံအကြီးအကဲဖြစ်နေသည့် တရားရေးဝန်ကြီး အေသင်နာစ့် ကော့ဆိုဂီယောဂတ်စ်ကိုပါ အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားစေသည်။ နောက်ပိုင်း တရားရေးဝန်ကြီးလည်း နှုတ်ထွက်စာတင်သွားခဲ့ရသည်။ သို့သော် ပါပင်ဒရိုက ကိုဆိုဂီယောဂတ်စ်ကို ဝန်ကြီးချုပ်ရုံးတွင် ဝန်ကြီးများ တာဝန်အရာရှိ ခန့်အပ်လိုက်သည်။ ပညာရေးနှင့် သာသနာရေးဝန်ကြီး စတက်ဖာနို ဇိုမာကာ့စ်ကို မဆီမဆိုင် ဝန်ကြီးရာထူးမှ ဖြုတ်လိုက်သဖြင့် ပူညံပူညံအသံတွေ ထွက်လာသည်။ ထို့ပြင် အခြားဝန်ကြီး၅ဦးကိုလည်း ရာထူးမှ ထုတ်ပီး အစိုးရအနေဖြင့် အကျင့်ပျက် ခြစားမူတွင် တာဝန်ရှိသူများကို အရေးယူသယောင် အကြောင်ရိုက်ပြလိုက်သည်။ထိုသို့ အရှုပ်အထွေးအတွင်း သပွတ်အူဇာတ်ခင်းနေစဉ် ပါပင်ဒရိုက သူ့လက်ထပ်ရေး စီမံကိန်းကို ထပီး ကြေငြာလိုက်သည်။ ထိုအချိန်က သူ့ဇနီးနှင့် ကွာရှင်းပီး ရက်ပေါင်း၃၀ခန့်အကြာတွင် ဖြစ်သည်။ ဒီမီထရာနှင့် အေသင်မြို့ဆင်ခြေဖုံးရှိ အော်သိုဒေါ့ ဘုရားကျောင်းတစ်ခုတွင် လက်ထပ်လိုက်သည်။ ပါပင်ဒရို၏ သားသမီး တစ်ဦးတစ်ယောက်မှ ထိုပွဲကို မလာခဲ့ပေ။ ပါပင်ဒရိုသည် လက်ထပ်ပွဲကို တဏာရူးသောကြောင့် ဟူ၍ သတင်းမီဒီယာကို မရေးရန် ပိတ်ပင်နိုင်ခဲ့သော်လည်း ကော့စ်တိုတာ့စ် အရှုပ်တော်ပုံကြောင့် သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေမူများအား လှိမ့်ပီး ခံစားနေရသည်။

၁၉၈၉ခုနှစ်တွင် ပါပင်ဒရိုလည်း ရာထူးမှ ပြုတ်သွားတော့သည်။ အစိုးရသစ်သည် ပါပင်ဒရိုနှင့် ဝန်ကြီးသုံယောက်အမူကို စစ်ဆေးရန် တောင်းဆိုတော့သည်။ ပါပင်ဒရိုသည် ကော့စ်တိုတာ့စ်ထံမှ သားဖြစ်သူကို ကြားခံပီး ငွေယူသည်ဟု စွပ်စွဲခံရသည်။ ပါပင်ဒရို၏ သက်တော်စောင့်တစ်ယောက်ကလည်း ဝန်ကြီးကားအတွင်း ငွေထုတ်ကြီး ပစ်သွင်းလိုက်တာကို မြင်လိုက်ကြောင်း သက်သေထွက်ဆိုကြသည်။ ပါပင်ဒရို၏ Crete ဘဏ်ကြီးမှတဆင့် နိုင်ငံတော်ပိုင်ငွေများကို ကဲ့ထုတ်နေပြီး သိသိကြီးနှင့် တမင်လုပ်ဆောင်နေကြောင်းလည်း စွပ်စွဲခံနေရသည်။ အခြားအမူတစ်ခုမှာ အစိုးရငွေများကို ကိုယ်ကြိုးအတွက် အသုံးချမူဖြစ်သည်။ သူ့အစိုးရအနေဖြင့်လည်း တောင်အာဖရိကသို့ တရားမဝင် လက်နက်များရောင်းချမူ၊ ယူဂိုစလားဗီးယား နှံစားပြောင်းအရေးတွင် ဖုံးကွယ်ထိန်ချန်ထားမူတို့လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ၁၉၈၆ခုနှစ်တွင် ယူဂိုစလားဗီးယားမှ ပြောင်းတန်ချိန် နှစ်သောင်းကျော်က‌ ဥရောပဘုံဈေးအဖွဲ့ဝင်များဆီသို့ အခွန်ငွေပေါင်း ခြောက်သိန်း ပေးဆောင်ရန် ရှောင်ပီး ဂရိနိုင်ငံမှတဆင့် တင်သွင်းခဲ့မူဖြစ်သည်။

ထိုကိစ္စအတွက် ဥရောပဘုံဈေးမှ ဒေါ်လာ ၂.၅ သန်း ပေး‌ဆောင်ရန် အမိန့်ချမှတ်ခြင်းခံရသည်။ ပါပင်ဒရို၏ ဘဏ္ဍာရေး ဝန်ကြီးနစ်ခိုစ်အေသင်နာ ဆိုပေါ်လိုစ့် ထောင်၃နှစ်ခွဲကျသွားသည်။ နောက်ဆုံးစုံစမ်းရေးကော်မရှင်သည် တရားမဝင် ဖုန်းခိုးနားထောင်မူများနောက်သို့ လိုက်ပြန်သည်။ ထိုကိစ္စများအားလုံး ပါပင်ဒရိုအမိန့်ဖြင့် လုပ်ကြကြောင်း အားလုံးဝန်ခံကြသည်။ ကော့ဆိုဂီယောဂတ်စ်သည် လာဘ်ပေးလာဘ်ယူလုပ်ပီး ပေါင်နှစ်သန်းယူကာ ရာဇဝတ်သားတစ်ယောက်ကို အပြစ်မှ လွတ်ကင်းအောင် ကူညီစောင်မပေးခဲ့ဖူးသည်။ ထိုငွေကို ကော့စ်တိုကာစ့်မှတဆင့် ဆွစ်ဘဏ်သို့ လွှဲပေးခဲ့ခြင်းဖြစ်သည်။ သူက ဤငွေများ သူ့ဘဏ်စာရင်းအတွင်း မည်သို့ရောက်နေကြောင်းမသိပါဟု ထွက်ဆိုသည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် စီးပွားရေးဝန်ကြီးတို့လည်း အကျင့်ပျက်ခြစားမူကြောင့် တရားစွဲခံနေရသည်။

၁၉၉၁ခုနှစ်တွင် ပါပင်ဒရိုကို ရုံးထုတ်ကြသည်။ အရှုပ်တော်ပုံကို ခြောက်လခန့် ကြားနာကြရသည်။ အခြား မထင်ထားသည့် ခြစားမူတွေ တပြုံကြီး ပေါ်ထွက်လာပြန်သည်။ သို့သော် မထင်မှတ်တာတွေ ဖြစ်တတ်သည့် ဂရိနိုင်ငံတွင် ပါပင်ဒရိုကို အပြစ်မရှိဟုဆိုကာ တရားသေလွှတ်လိုက်သည်။ ပါပင်ဒရိုက ရွေးကောက်ပွဲလုပ်ရန် ချက်ခြင်းတောင်းဆိုလိုက်သည်။ နိုင်ငံရေး လှုပ်ရှားမူအတွက် ကုန်ကြငွေကို Time International မှ ရယူသည်။ ထိုသတင်းစာကို ပိုင်ဆိုင်သူမှာ Life မဂ္ဂဇင်းမှ ဖြစ်သည်။ သူ့ကို သရေဖျက်တာပါဟုပြောဆိုပီး ပြည်သူတွေကို ကျအောင်လုပ်နိုင်ခဲ့သဖြင့် ပြန်လည်ရွေးကောက် တင်မြှောက်ခံရပြန်သည်။ ၁၉၃၃ ခုနှစ် အောက်တိုဘာလတွင် PASOK ပါတီရွေးကောက်ပွဲတွင် နိုင်သဖြင့် ပါပင်ဒရို‌ နေရာပြန်ရလာပီး သူ့ဇနီးကို ကိုယ်ပိုင်ရုံးခန်းတွင် ဦးစီးဆောင်ရွက်စေသည်။ သူ့သား ဂျော့လည်း ပညာရေးဝန်ကြီး ပြန်လည်ဖြစ်လာသည်။ ၁၉၉၅တွင် ပါပင်ဒရိုသည် အတော်လေး မကျန်းမမာ ဖြစ်လာသည်။

ဒီမီထရာကို အေသင်တွင် နိုင်ငံအကြီးအကဲဘေးမှ လိုက်ပါခြင်းမပြုရန် တားမြစ်ခြင်း ခံရသည်။ အခြေအနေဆိုးလာသော ပါပင်ဒရိုကို အခွင့်ကောင်းယူပီး သူမအနေဖြင့် အာဏာရယူသွားမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ ဂျော့ကလဲ သူ့အဖေသေလျှင် သူဆက်ခံမည်ဟု ကြေငြာနေသည်။ ဒီမီထရာကို ဟန့်တားနေသည့်ကြားမှ သတင်းမီဒီယာတစ်စောင်က ဒီမီထရာ၏ ဝတ်လစ်စလစ်ပုံကို ထုတ်ပြန်လိုက်သည်။

ပါပင်ဒရို၏ အခြေအနေကပိုဆိုးလာပီး အာဏာလည်းကျစပြုလာသည်ပါပင်ဒရို၏သားသမီးများ သူတို့ဖခင် ဤသို့ဖြစ်ရခြင်းမှာ ဒီမီထရာကြောင့်ဟု အပြစ်တင်ဝေဖန်ကြသည်။ သူတို့ပိုပီး ကျွဲမြီးတိုစရာ ဖြစ်သွားရသည့် အချက်မှာ ပါပင်ဒရိုကွယ်လွန်သွားပီးနောက် သေတမ်းစာတွင် သားသမီးတွေ အားလုံးကို တစ်ပြားမှ မပေးပဲ ဒီမီထရာအား အကုန်အပ်သွားသောကြောင့်ဖြစ်သည်။ တိုင်းပြည်တွင် ပါပင်ဒရို လုပ်ချင်တိုင်းလုပ်ချင်တိုင်း လုပ်ခွင့် ချုပ်ငြိမ်းသွားသော်လည်း မိသားစုအတွင်း အမွေဆက်ခံမူ တိုက်ပွဲကတော့ ဆက်လက် ပြင်းထန်ပြီး ကျန်ခဲ့သည်။

ဆရာတင်ညွန့် ရေးသားထားသော(ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ)စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသည်။

Related Posts