အငြင်းပွားမှုတွေကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်း

အခန်း(၆)ရဲ့ အရေးကြီးတဲ့ခေါင်းစဉ်ခွဲအဖြစ် အငြင်းပွားမှုတွေကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်းကို ဖော်ပြရခြင်းဖြစ်ပါတယ်။ ဆိုလိုချင်တာက အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို နောက်ကြောင်းပြန်လေ့လာကြည့်ရင် ၁၃၄၉ ခုနှစ်၊ အလယ်ခေတ် အင်္ဂလန်မှာ အက်ဒွက်(III)ဘုရင်ကြီးက ထုတ်ပြန်ခဲ့တဲ့ အမိန့်ဒီကရီကိုမြင်ရပါလိမ့်မယ်၊ ဆိုလိုတာက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ခေတ်သစ် အနိမ့်ဆုံး လစာသတ်မှတ်ချက် ဥပဒေရဲ့အစအက်ဒွက်ဘုရင်ကြီးကပါပဲဆိုတဲ့အချက်ကို မသိလို့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်လုပ်ငန်းထဲမှာ အလုပ်သမားနဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဥပဒေနှင့်အညီ ဘယ်လိုဖြေရှင်းမလဲ၊ စီစဉ်ဆောင်ရွက်ရမလဲဆိုတာကလက်တွေ့မှာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ။ အလုပ်သမားနဲ့သက်ဆိုင်တဲ့ အငြင်းပွားမှုအပေါ် ဖြေရှင်းချက်တွေက တရားမျှတမှု၊ ဥပဒေနဲ့ညီညွှတ်မှုတွေမဖြစ်ဘူးဆိုရင် လုပ်ငန်းတွေအပေါ်မှာ မျှော်မှန်းမထားနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး

Related Posts