လူဒွင် ဗန် ဗီသိုဗန်

လူဒွင် ဗန် ဗီသိုဗန်

ကမ္ဘာ့ဂန္ထဝင်သီချင်းတွေရဲ့ ဖန်တီးရှင်၊ ဂန္ထဝင်ဂီတပညာရှင်ကြီး လူဒွင် ဗန် ဗီသိုဗန် ဟာ အကြားအာရုံချို့ယွင်းချက်ရှိပါတယ်။ သူ့နားကလုံးဝ မကြားရသလောက်နီးပါးပါ။ သူငယ်စဉ်အခါက သူ့ရဲ့ဂီတဆရာက သီချင်းရေးဆရာဖြစ်လာဖို့ လုံးဝမျှော်လင့်စရာမရှိဘူးလို့ မှတ်ချက်ပေးခံရဖူးတယ်။
အဲဒီအခက်အခဲတွေရဲ့ကြားမှာ ဗီသိုဗန်ဟာ ရှေ့ကိုပဲ ဆက်လျှောက်ခဲ့ပါတယ်။ နားက လုံးဝမကြားရသလောက်နီးပါး ဖြစ်နေသည့်တိုင် ကမ္ဘာမှာ အကျော်ကြားဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံး သီချင်းရေးဆရာ တစ်ယောက်အဖြစ် ရောက်ရှိနိုင်ခဲ့ပါတယ်။

“အခက်အခဲတွေဟာ မျှော်လင့်ခြင်းနဲ့ ပါရမီကို
ဒီလောက်ပဲ ရောက်မယ်၊ ဒီထက် ထပ်မ‌ရောက်
တော့ဘူးလို့ ပြောခွင့်မရှိပါဘူး”
– ဗီသိုဗန်

အောင်စည်သာ၏ လုံးဝလက်မလျှော့လိုက်ပါနဲ့ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts