အက်ဘ်ရာဟမ်လင်ကွန်း

အက်ဘ်ရာဟမ်လင်ကွန်း (၁၈၀၉-၁၈၆၅)

အက်ဘ်ရာဟမ်လင်ကွန်း သည် သောဠသမြောက် အမရိကန်သမ္မတဖြစ်ပြီး သူ၏ကျေးကျွန်စနစ် ဆန့်ကျင်ရေးအမြင်တို့ကြောင့် လေးနှစ်ကြာ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရသည်။ ပုန်ကန်မှုအား နှိမ်နှင်းရန်အတွက် လွတ်မြောက်ရေးကြေညာချက်ကို လင်ကွန်းက ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ဖြင့် ပုန်ကန်သော ပြည်နယ်များ (ဂျော်ဂျီယာကဲ့သို့ တောင်ပိုင်းပြည်နယ်များ) မှ ကျေးကျွန်တို့ကို လွတ်မြောက်ခွင့်ပေးခဲ့သည်။ သူ၏ကျော်ကြားသော ဂက်တီစဘော့ဂ်မိန့်ခွန်းတွင် ‘ပြည်သူ့အစိုးရသည် ပြည်သူများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပြည်သူများအတွက် ဖြစ်ရမည်’ဟု ဒီမိုပရေစီ၏အဓိပ္ပာယ်ကို ဖော်ပြခဲ့သည်။ ၁၈၆၅ခုနှစ်၊ ဧပြီလ၊ ၁၅ရက်နေ့တွင် ဖို့ဒ်၌ ဖျော်ဖြေပွဲတစ်ခု ပြုလုပ်နေစဉ်အတွင်း သရုပ်ဆောင် ဂျွန်ဝီလ်ကီဘုသ်က လင်ကွန်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရသည်။

၁၈၀၉၊ ဖေဖော်ဝါရီလ၊ ၁၂ – ကင်တပ်ကီပြည်နယ်၌ ဖွားမြင်သည်။
၁၈၅၆ – ရီပတ်ဘလီကန်ပါတီသို့ ဝင်ရောက်သည်။
၁၈၆၀ – နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရသည်။
၁၈၆၁၊ ဧပြီလ၊ ၁၂ – အမေရိကန်ပြည်တွင်းစစ် စတင်ဖြစ်ပွားသည်။
၁၈၆၃၊ ဇန်နဝါရီလ၊ ၁ – လွတ်မြောက်ရေး ကြေညာချက်ကို ထုတ်ပြန်သည်။
၁၈၆၃၊ ဇူလိုင်လ၊ ၁ မှ ၃ – ဂက်တီစဘတ်ဂ်တိုက်ပွဲ ဖြစ်ပွားသည်။ စစ်သည်တော်ပေါင်း ခုနစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
၁၈၆၃၊ နိုဝင်ဘာလ၊ ၁၉ – တိုက်ပွဲ၌ ကျဆုံးသော စစ်သည်တော်တို့၏ သင်္ချိုင်းမြေကို ရည်ညွှန်းပြီး ဂက်တီစဘာ့ဂ်မိန့်ခွန်းကို ပြောကြားသည်။
၁၈၆၄ – နိုင်ငံတော်သမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရသည်။
၁၈၆၅၊ ဧပြီလ၊ ၁၅ – ဝါရှင်တန်ဒီစီ၌ ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts