ဆယ်လမွန်ငါးကင်

ဆယ်လမွန်ငါးကင်

ပါဝင်သောပစ္စည်းများ

  • ဆယ်လမွန်ငါး(အရိုးလွတ်(သို့)ခုတ်သား) – တစ်ပိဿာခန့်
  • အရောင်တင်ရည် – စားပွဲတင်ဇွန်းငါးဇွန်း

အရောင်တင်ရည်အတွက် ပါဝင်ရမည့်ပစ္စည်းများ

  • ပဲငံပြာရည် – တစ်ခွက်
  • သကြား – ခွက်၏လေးပုံတစ်ပုံ
  • ပျားရည် – ခွက်၏လေးပုံတစ်ပုံ
  • သံလွင်ဆီ – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

*ပထမအဆင့်တွင် သကြားနှင့် ပျားရည်များ ပျော်သွားသည်အထိ ပါဝင်ပစ္စည်းများ အားလုံးကို ရောမွှေပါ။

*ယင်းအရည်ကို ရေခဲသေတ္တာထဲတွင်ထားပြီး ငါး၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာတွင် အသုံးပြုနိုင်ပါသည်။

*ဒုတိယအဆင့်တွင်လည်း အရောင်တင်ရည်ကို ငါးပေါ်တွင် သုတ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားပါ။

*ဒယ်တစ်ခုထဲတွင် ဆယ်လမွန်ငါးကို အရေခွံဘက်မှထည့်၍ လက်ကျန်ဆော့စ်များကို တဖွဲဖွဲချပေးပါ။

*ငါးကို အကင်စင်ပေါ်တွင် တင်၍ခြောက်မိနစ်မှ ရှစ်မိနစ်အထိ ကင်ပေးပါ။ ဟိုဘက်ဒီဘက် လှန်ပေးပါ။ မွှေးရနံ့များ ကြိုင်လှိုင်၍ တက်လာပါလိမ့်မည်။
(ကိုးရီးယားနည်း)

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts