သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ

သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ (Part 3 – The End)

ကျွန်တော့် ကမ္ဘာမှာတော့ အလွယ်တကူ နဲ့ ပျိုးထောင်လို့ရတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရှစ်မျိုး ခွဲခြားထားပါတယ်။ ဒါတွေ အားလုံးကို မကြာခင်မှာ ခင်ဗျား သင်ခွင့်ရမှာပါ။ ကျွန်တော်ဟာ နှစ်ပေါင်းကြာရှည်စွာ သူဌေးဖေဖေရဲ့ စေညွှန်းချက်တွေကို တစ်သဝေမတိမ်း လိုက်နာခဲ့ပါတယ်။ ‘မရင်းကော်ပိုရေးရှင်း’ နှင့် ‘ ဇီးရော့က္စ’ ကုမ္ပဏီကြီးတွေနဲ့ လက်တွဲခဲ့တဲ့ အချိန်တွေမှာတောင် သူ့ဩဝါဒတွေကို လက်မလွှတ်ခဲ့ပါဘူး။ ကျွန်တော်ဟာ နေ့ဘက်မှာ အလုပ်လုပ်ပေမယ့် ငွေကြေး၊ လုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ သူဌေးဖေဖေရဲ့ လျှို့ဝှက်ချက်တွေအတိုင်း နာခံလုပ်ဆောင်ခဲ့တာပဲ ဆိုပါတော့။ သူဌေးဖေဖေဟာ ငွေကြေးနဲ့ပတ်သက်တဲ့ ပညာရပ်ရဲ့ အရေးကြီးပုံတွေကို အစဉ်မပြတ် ရိုက်သွင်းပေးခဲ့ပါတယ်။

ဒီလိုနဲ့ ငွေကြေးဆိုင်ရာ အခြေခံစည်းမျဉ်းသဘောတရားတွေ၊ ငွေ ရှာပုံရှာနည်းတွေကိုတောင် တည်ထောင်နိုင်ခဲ့ပါတော့တယ်။ ကျွန်တော်ဟာ လူတစ်ဦးတစ်ယောက်ရဲ့ တကယ့် ဆန္ဒမပါဘဲ ကုမ္ပဏီတစ်ခု စထောင်ဖို့ တိုက်တွန်းအားပေးမှာ မဟုတ်ပါဘူး။

ကုမ္ပဏီတစ်ခု လည်ပတ်အောင်လုပ်ရတာတွေကို ကျွမ်းဝင်နားလည်ပြီးသား ကျွန်တော့်အနေနဲ့ ဘယ်သူ့ကိုမှ စွန့်စားမခိုင်းလိုပါဘူး။ လတ်တလောအနေနဲ့ ခင်ဗျားလုပ်လက်စ နေ့စဉ်လုပ်ငန်းတွေပဲ ဆက်လုပ်နေပြီး၊ မကြာခင် နားလည်လာမယ့် လျှို့ဝှက်ချက်တွေကို လိုက်နာကျင့်ဆောင်ရုံပါပဲ။

ဒီနောက် ငွေဝင်ကောင်းလာရာက ဇိမ်ခံပစ္စည်းတစ်ချို့ကို ဝယ်နိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အထင်အရှားလက္ခဏာတစ်ခုကတော့ တကယ်ချမ်းသာတဲ့ သူဌေးတွေဟာ အဖိုးတန်ဇိမ်ခံပစ္စည်းတွေကို နောက်ဆုံးမှ ဝယ်ကြပြီး၊ လူလတ်တန်းစားတွေနဲ့ လူမွဲတွေက လက်ထဲ ပိုက်ဆံလေးရှိလိုက်တာနဲ့ အရင်ဆုံး ပြေးဝယ်ကြတာပဲပေါ့။

ကျွန်တော့်သူဌေးဖေဖေရဲ့ လျှို့ဝှက်ချက်တွေကို အချိန်ယူသင်ကြားပြီးတဲ့နောက်မှာတော့ ခင်ဗျားဟာ ချမ်းသာခြင်းရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်တဲ့ မှော်တန်ခိုးတွေကို ထပ်ဆည်းပူးဖို့ အဆင်သင့်ပြင်ထားရပါလိမ့်မယ်။

အဲဒီလျှို့ဝှက်ချက်တွေက သူဌေးချင်းအတူတူထိပ်တန်းက တစ်ဂဏန်းဘဝကို အရောက်ပို့မှာပါ။

အချိန်ယူ သင်ကြားလေ့လာဖို့ လုံ့လဝီရိယ စိုက်ထုတ်မှုရဲ့ ဆုလာဘ်ကတော့ ပြေးလမ်းအဆုံးမှာ ကြိုဆိုနေလျက်ပါတဲ့။

ဆက်လက်ဖတ်ရှုရန် >> အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ် (Part 1)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts