စိတ်ဒဏ်ရာတွေ

စိတ်ဒဏ်ရာတွေ ဘယ်လိုဖျောက်ပစ်မလဲ

နှလုံးသားဆိုတုာ အားနွဲ့အားငယ်လှပါတယ်။ ကျွန်တော်တို့ဟာ အသည်းကွဲတာ တွေ့ကြုံနိုင်ပါတယ်။ (တစ်ယောက်ယောက်နဲ့ အဆက်အသွယ် ပြတ်တောက်သွားရတဲ့အခါမျိုး၊ သေဆုံးသွားတဲ့အခါမျိုးတွေမှာ) ဒါပေမဲ့ တစ်ခါတစ်ခါမှာ မညှာမတာ ဆက်ဆံခံရတာတွေ၊ သတင်းတွေ နားထောင်ကြည့်ရှုတဲ့အခါတွေ၊ လူသားတွေအကြား ကမ္ဘာကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဘေးဒုက္ခတွေအကြောင်း ကြားရတဲ့အခါမှာလည်း စိတ်ထိခိုက်တာတွေ၊ အသည်းကွဲတာတွေ စိတ်ဒဏ်ရာကြီးတွေဟာ ငယ်စဉ်ဘဝတင်မက ယခင် ဘဝကရခဲ့ပေမဲ့ ဆက်ပြီး ရှိနေနိုင်ပါတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာခံစားချက် ဝရုန်းသုန်းကားဖြစ်တာတွေ ကြုံတွေ့ရတဲ့အခါ ဒဏ်ရာတွေ ဆက်ပြီးမခံစားစေဖို့၊ နှလုံးသားကို ပိတ်ပစ်လိုက်ဖို့ လွယ်ကူပါတယ်၊ ဒါပေမဲ့ ဒီလိုလုပ်ပြန်ရင် ချစ်ခြင်းမေတ္တာပေးဖို့၊ ယူဖို့နဲ့ အကူအညီရတဲ့အတွက် ဝမ်းသာကြည်နူးမှုတွေကို ခံစားဖို့ ကျွန်တော်တို့ရဲ့ စွမ်းအားတွေလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ဒီစိတ်နဲ့ဆိုင်တဲ့ အလေ့အကျင့်ကောင်းတွေဟာ Yin Yoga Asana (Pose) ပဲ ဖြစ်ပါတယ်။ တရုတ်ရိုးရာဆေးပညာ ကိုယ်ခံပညာ နည်းတွေပါဝင်ပြီး ဖြည်းဖြည်းညင်ညင်သာသာလုပ်ရတဲ့ ယောဂ (ကျင့်စဉ်)ပါ။ Asana ဆိုတာက Hatha Yoaga လေ့ကျင့်ခန်းမှာပါဝင်တဲ့ ကိုယ်နေဟန်ထားတစ်ခုပါ။ ကျွမ်းကျင်သူတွေဆိုရင် ကိုယ်နေဟန်ထားတစ်ခုမှာတင် ၅ မိနစ်လောက်ငြိမ်ပြီး နေနိုင်ပါတယ်။ (ဥပမာ-ခြေတစ်ချောင်မြှောက်၊ လေထဲမှာ လက်နှစ်ဖက်ကို သိုင်းကကွက်မျိုးထားပြီး ရပ်နေတာမျိုး) ။

Anahatasana (Melting Heart) လို့ ခေါ်ပါတယ်။ တစ်ဦး တစ်ယောက်ကို ချစ်ခင်မှု၊ သနားကြင်နာမှုတွေ ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနည်းက သင့်နှလုံးသားကို ညင်ညင်သာသာ ဖွင့်လှစ်ပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။ အတင်းအကျပ်လုပ်တာ မလုပ်ပါ။ ဒါကြောင့် သင်ဟာ ကြည်နူးဝမ်းသာစိတ်ဆိုတာကို တစ်ဖန် ပြန်လည်ခံစားနိုင်မှာ ဖြစ်ပါတယ်။ စိတ်ထား နူးညံ့ပျော့ပြောင်းလာမှာ ဖြစ်ပါတယ်။

Yin Yoga Asana က Dynamic Yoga Asana နဲ့ ကွာခြားပါတယ်။ အများအားဖြင့် ကြမ်းပြင်ကိုကပ်ပြီး လေ့ကျင့်ရလေ့ ရှိပါတယ်။ (ဥပမာ – Melting Heart ကိုယ်နေဟန်ထားဆိုရင် ကြမ်းပြင်ပေါ် ဒူး၊ ခြေနှစ်ဖက ထောက်တဲ့အပြင် လက်နှစ်ဖက်ကိုလည်း ရှေ့မှာ အလျားလိုက်ကြမ်းကို ထိထားရပါတယ်) ။ ဒီလိုမျိုးအနေအထားတွေကို တစ်ချိန် ၃ မိနစ်ကနေ ၅ မိနစ်အထိ ကျင့်ရပါတယ်။ သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ ကြွက်သားတွေ နာဗ်ကြောတွေ တစ်ဝိုက်က တစ်ရှူးတွေကိုဆန့်ထုတ်ပြီး တစ်ဖန်ပြန်ပြီး ပြေလျော့စေပါတယ်။ ဒီလှုပ်ရှားမှုက ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို လွှင့်ထုတ်ပစ်လိုက်ပါတယ်။ လွတ်ငြိမ်းစေပါတယ်။

ဆရာမျိုးလွင်ဘာသာပြန်ထားသော စိတ်ကို ခဏအနားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

အတွေးအခေါ်

Related Posts