ဝီလျံပစ်ထ်

ဝီလျံပစ်ထ် အကြီး (ချာသမ်၏ပထမဆုံးအားလ်ဘွဲ့ရ)

အင်္ဂလန်နိုင်ငံ၏ ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်သော ဝီလျံပစ်ထ် သည် ဒုတိယမြောက်ဂျော့ဘုရင်နှင့် တတိယမြောက် ဂျော့ဘုရင်တို့အုပ်ချုပ်နေစဉ်ကာလအတွင်း ဝန်ကြီးချူပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် အမည်ခံဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၇၅၇ခုတွင် အစိုးရအဖွဲ့အကြီးအကဲဖြစ်လာပြီး အိန္ဒိယနှင့် ကနေဒါတို့တွင် ပြင်သစ်တို့အား တိုက်ခိုက်အနိုင်ယူရန်ပစ်ထ်က ညွှန်ကြားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၁၇၆၁ ခုနှစ်၌ တတိယမြောက် ဂျော့ဘုရင် အာဏာရရှိလာသောအခါ သူ့အား ရာထူးမှအတင်းအကျပ် ထုတ်ပယ်ပစ်ခဲ့သည်။ ပစ်ထ်သည် ပါရီ သဘောတူညီချက်ကို ဆန့်ကျင်ခဲ့သည်။ အမေရိကန် ကိုလိုနီတို့နှင့် ပတ်သတ်သောအစိုးရ၏မူဝါဒတို့ကိုလည်း ဝေဖန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကိုလိုနီနယ်များအား လွတ်လပ်ရေးပေးရန်ပေးရန်ကိုလည်း ထောက်ခံခြင်း မပြုခဲ့ပေ။

၁၇၀၈၊ နိုဝင်ဘာလ၊ ၁၅ – လန်ဒန်တွင် မွေးဖွားသည်။
၁၇၄၆ – ဟင်နရီပယ်လ်ဟမ်၏ အစိုးရအဖွဲ့အတွင်း ဘဏ္ဍာရေးဌာနဝန်ကြီးအဖြစ် ဆောင်ရွက်သည်။
၁၇၅၅ – အစိုးရ၏ စစ်နှင့်ပတ်သက်သော မူဝါဒတို့ကို ဝေဖန်ခဲ့၍ အလုပ်ဖြုတ်ခံခဲ့ရသည်။
၁၇၅၆ – ဒုတိယမြောက် ဂျော့ဘုရင်က ပြန်လည်ခေါ်ယူခဲ့သည်။ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၇၅၇ – (အစိုးရဖွဲ့ရန်) ယာယီညွန့်ပေါင်းအဖွဲ့တွင် ဝန်ကြီးချူပ်ဖြစ်လာသည်။
၁၇၆၁ – အလုပ်မှ နုတ်ထွက်သည်။
၁၇၆၆ – ဝန်ကြီးချူပ်အဖြစ် ပြန်လည်ရောက်ရှိလာသည်။ ပထမဆုံး ချာသမ်အားလ် သူကောင်းဘွဲ့ကို လက်ခံရရှိသည်။
၁၇၆၈ – နာဖျားမကျန်းဖြစ်ခြင်းကြောင့် အလုပ်မှ နုတ်ထွက်လိုက်သည်။
၁၇၇၈၊ မေလ၊ ၁၁ – ကန့်ရှိ ဟေးတွင် ကွယ်လွန်အနိစ္စရောက်သည်။ ဝက်စ်မင်စတာဝက် ကျောင်းတော်တွင် မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြသည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts