ပီရေး ထရူးဒိုး

လိမ့်နေသော ဝန်ကြီးကတော် အပိုင်း( ၁ )

ပီရေးထရူးဒိုး သည် ကနေဒါနိုင်ငံ၏ ပထမဦးဆုံး ပြင်သစ်နိုင်ငံဖွား ဝန်ကြီးချုပ်တစ်ဦးဖြစ်သည်။ ၁၉၆၉ မှ ၁၉၇၉ အထိ ၁၉၈၀ မှ ၁၉၈၄ အထိ တစ်ကြိမ် နှစ်ကြိမ်တိုင် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခဲ့သူဖြစ်သည်။ သူသည် လစ်ဘရယ် ဝါဒီ၊ တိုးတက်သော အမြင်ရှိသူအဖြစ် ထင်ရှားပြီး ပြင်သစ်စကားပြော ခွဲထုတ်ရေးဝါဒီများကို အပြတ်အသတ် နှိမ်နှင်းခဲ့သူလည်း ဖြစ်သည်။
ကနေဒါသည် အရှုပ်တော်ပုံ အတော်လေးနည်းသည့် တိုင်းပြည်ဟု ဆိုရမည်။ ပီရေး ထရူးဒိုး သည် အရည်အချင်းကလဲ ရှိ၊ ရုပ်ကလဲချောသည့် လူပျိုလူလွတ် တစ်ဦးလည်းဖြစ်သည်။

အားလပ်ရက် အပန်းဖြေခရီးအဖြစ် တဟီတီသို့ အသွားတွင် မာဂရက် ဆင်ကလဲယားနှင့် တွေ့ဆုံကြသည်။ မာဂရက်သည် ချမ်းသာသည့် နိုင်ငံရေးသမားတစ်ဦး၏ သမီးဖြစ်သည်။ သူမက အသက် ၂၉နှစ်သာ ရှိသေးသည်။ ပီရေး ထရူးဒိုး ထပ် ငယ်သည်။ ထိုအချိန်က ရေပန်းစားနေသည့် စစ်ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်လူရွယ်များကြားတွင် မာဂရက်လည်း အပါအဝင်ဖြစ်သည်။ ထရူးဒိုးနှင့် မာဂရက်တို့ ၁၉၇၁ ခုနှစ်တွင် လက်ထပ်ကြသည်။

အစပိုင်းတွင်တော့ အားလုံး အဆင်ချောနေသည်။ နောက်ပိုင်းတွင် မာဂရက် ထရူးဒိုးတစ်ယောက် နိုင်ငံရေးသမားကတော်နှင့် လုံးဝမသင့်လျော်သည့် အပြုအမူမျိုးတွေ ပြလာသည်။ မာဂရက်က သူ့ကိုယ်သူ ယခင်ဘဝ လွတ်လပ်စွာ‌ နေခဲ့သည့်အတိုင်း ပြန်ပြီး ကျင်လည်နေချင်သည်။ သို့ဖြစ်ရာ အလုပ်တစ်ခု လုပ်လိုကြောင်း အကြောင်းပြသည်။ ၁၉၇၇တွင် ဓာတ်ပုံသတင်းထောက်အလုပ်ကို ဝင်လုပ်သည်။ ပီရေးတစ်ယောက် အော့တဝါတွင် ကျန်ခဲ့ပြီး ကလေးထိန်းဘဝ ရောက်သွားသည်။ မာဂရက် က မိုင် ၂၄၀ ကွာဝေးသည့် တိုရွန်တိုမြို့သို့ သွားပြီး နာမည်ကြီး ရိုးလင်းစတုန်း တေးဂီတအဖွဲ့ကြီးကို ဓာတ်ပုံသွားရိုက်နေသည်။ မာဂရက်တစ်ယောက် ကိုယ်ကျပ်ဝတ်စုံ တစ်တစ်ရစ်ရစ် လေးနဲ့ ဓာတ်ပုံတွေ တဖျပ်ဖျပ် မနားတမ်း လိုက်ရိုက်နေရှာသည်။

ရိုးလင်းစတုန်း တေးဂီတကြောတွင် နစ်မြောပြီး လိုက်ကလိုက် ၊ အဆိုကျော် မိုက် ဂျက်ဂါ သီချင်းဆိုခိုက် ခြေထောက်အောက်တွင် သွားထိုင်လိုက်နှင့် အလုပ်များနေသည်ကို သတိထားမိလိုက်ကြသည်။ သတင်းသမားတွေက သူမကို ဂျက်ဂါ၏ မှန်လုံကားကြီးထဲတွင် တွေ့လိုက်ကြသည်။ ညတွင်လည်း ဂီတအဖွဲ့ တည်းခိုသည့် ဟိုတယ်တွင် ကိသ်ရစ်ချက်နှင့် ဘေးချင်းကပ် အခန်း၌လိုက်ပီး တည်းခိုသည်။ ရစ်ချတ်ဆိုသူကလည်း ကနေဒါတွင် မူးယစ်ဆေးဝါးမှုကို ရင်ဆိုင်နေရသူဖြစ်သည်။ မာဂရက်ကို ရေချိုးခန်းစင်္ကြံ တွင် ရေချိုးခန်းဝတ်စုံနှင့် တွေ့သူတွေက တွေ့ကြသည်။ ဂီတအဖွဲ့နှင့် ပျော်ပျော်ပါးပါး ဓာတ်ပုံအရိုက်ခံနေခြင်း ဖြစ်သည်။

ရိုးလင်းစတုန်းအဖွဲ့၏ ဒရမ်မာ ချာလီ ဝပ်ကတော့ ကနေဒါသားတွေ အပြင်ထွက်လျင် ဇနီးသည် မခေါ်သည့် အကြောင်းကို ကောင်းကောင်း သုံးသပ် အဖြေရှာနေသည်။
နောက်တစ်နေ့တွင် မာဂရက်သည် ရိုးလင်းစတုန်းအဖွဲ့ နောက်တစ်ပွဲ ဖျော်ဖြေပွဲကို လိုက်တက်သည်။ နောက်တစ်ကြိမ် ဂျက်ဂါ၏ မှန်လုံကားကြီးကို စီးပြီး လိုက်ပါသွားခြင်း ဖြစ်သည်။ ဖျော်ဖြေပွဲအပြီး ပါတီပွဲကို ဂျက်ဂါ၊ ရစ်ချတ်တို့နှင့်အတူ ဆင်နွှဲသည်မှာ နောက်တစ်နေ့ မနက် ရနာရီအထိ ဖြစ်သည်။

ဇာတ်လမ်းက မပြီးသေး၊ ရိုးလင်းစတုန်းအဖွဲ့ နယူးယော့ခ်သို့ ခရီးဆက်ရာတွင် တပူးပူးတတွဲတွဲ ဖြစ်နေသူမှာ ဂစ်တာသမား ရွန် ဝုဒ် ဖြစ်သည်။ နိုင်ငံခြား ငွေလဲလှယ်ရေး ဈေးကွက်တွင် ကနေဒါ ငွေကြေးက တစ်ဒေါ်လာခွဲလောက်ထိုးကျသွားသည်။

ရိုးလင်းစတုန်း အဖွဲ့အနေဖြင့် စိတ်ထဲတွင် ကသိကအောက် ဖြစ်လာသည်။ အယ်တာမွန်တွင် သူတို့ပြဿနာ စတွေ့ရသည်။ မရဲဒစ် ဟန်းတားအမည်ရှိ လူမည်းတစ်ယောက်က ဇာတ်ခုံအောက်တွင် စတုန်းလုံခြုံရေးအဖွဲ့ လုံခြုံရေးအဖြစ်ငှားရမ်းထားသော အဖွဲ့ကို ဓားဖြင့် ဝင်ထိုးသည်။ သတင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပေါလ် ဝပ်ဆာမန်းက “သူတို့ အယ်လ်ဘမ် အသစ်အတွက် စတုန်းအဖွဲ့က အားထည့်ထားတယ်၊ သူတို့နဲ့ ပါလာတဲ့ မစ္စစ် ထရူးဒိုးက ရည်ရွယ်ထားတာက တခြားဖြစ်နေတယ်၊ နယူးယော့ခ် မှာအဖွဲ့တွေရဲ့ စိတ်ဝင်စားမှုတွေက တကွဲတပြားဖြစ်နေတယ်” ပြောသည်။

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts