အောင်မြင်မှုတောင်ထိပ်

အောင်မြင်မှုတောင်ထိပ်

လူနှစ်ယောက်ဟာ တောင်ထိပ်တစ်ခုပေါ်တက်ဖို့ တောအုပ်တစ်ခုကို ဖြတ်သန်းနေကြတယ်။ 

ပထမလူက ခုလိုပြောလိုက်တယ်။ ‘ဒီနေရာလေးဟာအလွန်သာယာတဲ့နေရာလို့ လူတွေပြောကြတယ်။ ဒါပေမယ့် ငါတွေ့နေတာသစ်ပင်တွေချုံတွေချည်းပဲ။ ငါနောက်ကြောင်းပြန်လှည့်ချင်ပြီကွာ’။

ဒုတိယလူကပြန်ပြောတယ်။ ‘မင်းကသာယာတဲ့ နေရာရဲ့အလယ်မှာရောက်နေလို့မမြင်တာပါ။ မင်းတောင်ပေါ်ကိုရောက်ပြီး အပေါ်စီးကနေပြန်ကြည့်လိုက်မှ ဘယ်လောက်သာယာလဲဆိုတာကိုသိပါလိမ့်မယ်’။ 

လူတွေဟာ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ ရည်မှန်းချက်ထားတဲ့ကိစ္စတစ်ခုအတွက် ကြိုးစားနေချိန်မှာ အခက်အခဲတွေ၊ စိတ်ဆင်းရဲစရာတွေနဲ့ ကြုံတွေ့ရမှာ ဓမ္မတာပါ။ တချို့ဆိုရင် ဒါတွေကိုစိတ်ပျက် လက်လျော့ အရှုံးပေးလိုက်ကြပါတယ်။

တစ်ချို့ကတော့ သူတို့မျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်သွားရင် အခက်အခဲတွေကြားမှာကြိုးစားရုန်းကန်ခဲ့ရတာတွေဟာ သူတို့ရဲ့ဘဝမှာ ကြည်နူးစရာ အမှတ်တရလေးတွေဖြစ်လာကြမယ်လို့ သိထားကြတယ်။ အဲဒီလူမျိုးဟာ ဇွဲမလျော့ဘဲ ဆက်လက်ကြိုးစားရင်းနဲ့ နောက်ဆုံးမှာအောင်မြင်မှု ရသွားကြပါတယ်။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါတယ်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts