သင်သိတာတွေကို မျှဝေပါ

သင်သိတာတွေကို မျှဝေပါ

သင် သိထားတတ်ထားသမျှကိုမျှဝေပါ။ အဲဒီထက်ပိုတဲ့ အသိပညာ အတတ်ပညာတွေသင့်ထံပြန်လာပါလိမ့်မယ်။ ငယ်ငယ်တုန်းကကျောင်းခန်းထဲမှာ ဆရာမက စာလုပ်ခိုင်းတော့ ဘေးကအတန်းဖော်မြင်မှာစိုးလို့လက်မောင်းနဲ့ကာပြီးစာရေးခဲ့တဲ့ကလေးတွေကိုမြင်ဖူးကြမှာပါ။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း ဖြစ်ချင်ဖြစ်နေခဲ့မှာပါ။ 

အလုပ်ထဲမှာလည်းရှိတယ်။ ‘တခြားသူတွေကို မသိစေနဲ့။ သူတို့သိသွားရင် သူတို့ပဲ နာမည်ယူကြလိမ့်မယ်’ တဲ့။ တွေ့ဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်သင်ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်နေမှာပါ။အဲဒီလို ကိုယ်သိထား တတ်ထားတာကို တခြားသူကိုမမျှဝေဘဲတစ်ယောက်တည်းပဲ သိမ်းဆည်းထားရင်မိမိသိထားတတ်ထားတာကနေပိုတိုးပြီး တတ်သိဖို့ အခွင့်အလမ်းမရှိတော့ပါဘူး။ အသိဉာဏ်ဟာ အဲဒီလောက်နဲ့ပဲ ရပ်တန့်နေပါလိမ့်မယ်။ 

မိမိ သိထားတတ်ထားတာကို အကုန်မျှဝေပေးလိုက်ရင် ဘာမှမကျန်တော့ဘူး။ ဒါဆိုရင် အသိအတတ်အသစ်တွေထပ်မံရှာဖွေဖို့ကြိုးစား ရတော့မယ်။ ရှာတော့လည်းအသစ် အသစ်တွေအသိပညာ အတတ်ပညာတွေရလာတော့မှာပါ။ 

တကယ်တော့ မိမိသိထားတတ်ထားတာတွေဟာ မိမိရဲ့ကိုယ်ပိုင်တွေမဟုတ်ပါဘူး။ သူများစီက သင်ခဲ့ ဖတ်ခဲ့ နားထောင်ခဲ့လို့ ရခဲ့တာတွေပါ။ ဒါကြောင့်မိမိရဲ့ကိုယ်ပိုင် ပစ္စည်းလို သဘောထားပြီး ဆုပ်ကိုင် သိမ်းမထားသင့်ပါဘူး။ မျှဝေပေးပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts