ဟိုရာတီရိုနယ်လ်ဆင်

ဗိုင်းကောင့် ဟိုရာတီရို နယ်လ်ဆင်(၁၇၅၈ – ၁၈၀၅)

ဗြိတိသျှတပ်မှူး ဟိုရာတီရို နယ်လ်ဆင် သည် ပြင်သစ်ဗိုလ်ချုပ်ကြီး နပိုလီယန်အပေါ် အောင်ပွဲများ ရရှိခြင်းကြောင့် လူသိများ ထင်ရှားသူဖြစ်သည်။ သူ၏ အောင်ပွဲတစ်ခုမှာ ၁၇၈၉ခုနှစ်တွင် ဖြစ်ပွားခဲ့သော နိုင်းလ် တိုက်ပွဲဖြစ်သည်။ ရုန်းထွက်မရအောင် ပိတ်ဆို့တိုက်ခိုက်ခြင်းကြောင့် အီဂျစ်သို့ နပိုလီယန် ထွက်ပြေးခဲ့ရသည်။ အိန္ဒိယတိုက်အတွင်း ဗြိတိသျှတို့အား တိုက်ခိုက်ရန် နပိုလီယန်၏ ကြိုးပမ်းအားထုတ်မှုကို အဆုံးသတ်စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထရာဖယ်လ်ဂါတိုက်ပွဲသည် အကြီးကျယ်ဆုံးအောင်ပွဲတစ်ခုဖြစ်သည်မှာ အထင်အရှားပင်ဖြစ်သည်။ နယ်လ်ဆင်သည် ထိုတိုက်ပွဲ၌ပင် ကျဆုံးသွားခဲ့ရသည်။ သို့သော် ပြင်သစ်နှင့် စပိန်တပ်များ ပူးပေါင်းတိုက်ခိုက်၍ အနိုင်မယူမီ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။

၁၇၅၈၊ စက်တင်ဘာလ၊ ၂၉ – အင်္ဂလန်နိုင်ငံ၊ နောဖော့ခ်၌ ဖွားမြင်သည်။
၁၇၇၇ – ဗိုလ်ကြီးဖြစ်လာသည်။ အမေရိကန်တော်လှန်ရေး ကာလအတွင်း အနောက်အင်ဒီးစ်၌ တာဝန်ပေးအပ်ခြင်း ခံရသည်။
၁၇၉၄ – ကော်စီကာရှိ ကယ်လ်ဗီ၌ တိုက်ပွဲတစ်ပွဲဖြစ်ပွားစဉ်အတွင်း သေနတ်မှန်၍ မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရသည်။
၁၇၉၇ – စပိန်နိုင်ငံ၊ စန်တာခရုဇ်ရှိ မြို့တစ်မြို့အား သိမ်းပိုက်သည့် တိုက်ပွဲတစ်ပွဲတွင် ညာဘက်လက် ဆုံးရှုံးခဲ့ရသည်။
၁၈၀၁ – ဗြိတိသျှရေတပ် စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
၁၈၀၅၊ အောက်တိုဘာလ၊ ၂၁ – စပိန်နိုင်ငံ၌ ထရာဖယ်လ်ဂါတိုက်ပွဲဆင်နွဲနေစဉ်အတွင်း ကျဆုံးခဲ့ရသည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts