Penalties for Breach - ပြစ်ဒဏ်သတ်မှတ်ခြင်း

Penalties for Breach – ပြစ်ဒဏ်သတ်မှတ်ခြင်း

ကစားသူတစ်ဦးချင်းသည် ဤစည်းကမ်းများကို လိုက်နာဆောင်ရွက်လျှင် အားလုံးသောကစားသူများ စိတ်ချမ်းသာပျော်ရွှင်စွာ ကစားနိုင်မည်ဖြစ်သည်။ ကစားသူသည် ဤစည်းကမ်းများကို လိုက်နာခြင်းမပြုဘဲကစားနေခြင်း (သို့မဟုတ်) အချိန်ကာလကြာသည့်တိုင်အောင် အခြားသူများအား အနှောင့်အယှက်ဖြစ်စေလျှင် ကော်မတီသည် ထိုသို့ကစားသူအား သင့်လျော်သော ပြစ်ဒဏ်ပေးသင့်သည်။

ဥပမာ- ကွင်းအတွင်းလာရောက်ကစားခွင့်အား အချိန်အတိုင်းအတာသတ်မှတ်၍ ပိတ်ခြင်း၊ ပြိုင်ပွဲဝင်ခွင့်အား အကြိမ်ရေသတ်မှတ်၍ပိတ်ခြင်း။ ဤသို့သင့်‌လျော်သောပြစ်ဒဏ်ချခြင်းသည် စည်းကမ်းများကိုလိုက်နာ၍ ကစားနေသူအများစုအတွက် စိတ်ချမ်းသာစွာ ကစားနိုင်စေရန်အလို့ငှာ ကော်မတီကချမှတ်ရခြင်း ဖြစ်သည်။ အကယ်၍ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များကို ဆိုးဝါးစွာကျူးလွန်ပါက စည်းမျဉ်း 33-7 အရ ကော်မတီသည် DQ ပြစ်ဒဏ် ချမှတ်နိုင်သည်။

ဦးမြတ်ခိုင် ဘာသာပြန်ဆိုသော Rule of Golf စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Related Posts