ဂဏန်းခေါက်ကြော်

ဂဏန်းခေါက်ကြော်

ပါဝင်သောပစ္စည်းများ

  • ကြက်ဥ – လေးလုံး
  • ဂဏန်းသား – တစ်ဆယ်ကျပ်သား
  • ကြက်သွန်နီဥသေး – နှစ်လုံး
  • ငါးပြုတ်ရည် – စားပွဲတင်ဇွန်းနှစ်ဇွန်း
  • ငရုတ်သီးစိမ်းပါးပါးလှီးပြီး – သုံးတောင့်
  • ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်းလေးဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  • ဆီ – စားပွဲတင်ဇွန်းနှစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်ဥကို ဆား၊ ငရုတ်ကောင်းတို့ သင့်ရုံထည့်ပြီး မွှေပါ။

*ဂဏန်းသားများကို အသားချည်းသက်သက် သန့်ထုတ်ပါ။

*ဆီတစ်ဝက်ကို အပူပေးပြီး ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီးထည့်ကြော်ပါ။

*ဂဏန်းသားကိုထည့်ပြီး မိနစ်အနည်းငယ်ထားပါ။

*ထို့နောက် ငါးပြုတ်ရည်ကို ဂဏန်းသားအပေါ်မှာ ဖျန်းပေးပါ။

*ကျန်ဆီကို သီးခြားဒယ်အိုးဖြင့် အပူပေးပြီး မွှေထားသော ကြက်ဥကို ထည့်ပါ။

*ကြက်ဥအပေါ်ယံ တင်းလာလျှင် ဂဏန်းသားကို ဇွန်းနှင့် ခပ်၍ ကြက်ဥလွှာအလယ်သို့ တဖြည်းဖြည်းချင်း ချပေးပါ။
(ဗီယက်နမ်ချက်နည်း)

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts