လူတိုင်း လွတ်လပ်မှုကို လိုချင်တယ်လို့ ပြောကြတာပါပဲ။

ဘယ်လို လွတ်လပ်မျိုးကို လိုချင်တာလဲ ?

လုပ်ချင်တာတွေအားလုံးကို စိတ်ထင်တိုင်း လုပ်ရတာကို လွတ်လပ်တယ်လို့ ဆိုလိုတာလား။

အဲဒါဟာ ဉာဏ်မရှိတဲ့ ကလေးဆန်တဲ့ လူတွေရဲ့ အထင်မှားမှုကြီးပဲ။

လွတ်လပ်မှုဆိုတာ စိတ်ထင်တိုင်းလုပ်လို့ရတာကို မဆိုလိုဘူး။

သင့် မသင့်၊ မှန် မမှန် စဉ်းစားဆုံးဖြတ်ပြီး ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ၊ အုပ်စုစွဲ မပါဘဲ အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အမှန်ဆုံး လုပ်တာဟာ လွတ်လပ်မှု။

ဒါကြောင့် လွတ်လပ်မှုဆိုတာသဘောထားကြီးမှုနဲ့ အမှန်ကို သိမှုဆိုတဲ့ ဉာဏ်ပညာပေါ်မှာ အခြေခံပြီးမှ ဖြစ်ပေါ်လာတာပါ။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)၏ “တွေးမိတိုင်း ပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts