ဂျူးလီးယက်ဆီဇာ

ဂျူးလီးယက်ဆီဇာ (၁၀၀ ဘီစီ – ၄၄ ဘီစီ)

ဂျူးလီးယက်ဆီဇာ သည် ရောမစစ်ဗိုလ်ချူပ်တစ်ဦးဖြစ်ပြီး အာဏာရှင်တစ်ဦးလည်း ဖြစ်သည်။ သူ၏ အကြီးကျယ်ဆုံး အောင်မြင်မှုရလဒ်များတွင် ဂေါ်လ်(ယနေ့ခေတ် ပြင်သစ်နှင့် ဘယ်လ်ဂျီယန်) လည်းပါဝင်သည်။ ၄၇ဘီစီတွင် ဆီဇာသည် စီမာရီယန် ဘိုစပိုရပ်စ်ဘုရင်၏ ဖာနေ့စ်ကို ငါးရက်အတွင်း တိုက်ခိုက်အနိုင်ယူခဲ့သည်။ ဆီဇာသည် စစ်ပွဲကို သရုပ်ဖော်ရာ၌ ကျော်ကြားလှသော စကားလုံးများဖြစ်သည့် ဗီနီ၊ ဗီဒီ၊ ဗီစီ (ငါလာတယ်၊ ငါတွေ့တယ်၊ ငါအောင်ပွဲခံတယ်) တို့ကို အသုံးပြုခဲ့သည်။ အာဏာရှင်တစ်ဦးအဖြစ် ရောမသို့ ပြန်လာခဲ့သည်။ ၄၄ဘီစီ၊ မတ်လ၊ ၁၅ရက်နေ့တွင်သူ၏ မွေးစားသား ဘရုတပ်စ်အပါအဝင်ဆွေကြီးမျိုးကြီး အုပ်စုတစ်ခုက လွှတ်တော်အဆောက်အအုံအတွင်း၌ သူ့အား လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ကြသည်။

၁၀၀ ဘီစီ၊ ဇူလိုင်လ၊ ၁၃ – ရောမရှိ ဆွေကြီးမျိုးကြီး မိသားစုတစ်စုမှ ဖွားမြင်သည်။
၅၀ ဘီစီ – ဂေါ်လ်ကို သိမ်းပိုက်သည်။ ပွန်မ်ပေက မဟာမိတ်ပြုခြင်းကို ချိုးဖောက်လိုက်သည်။ ပြည်တွင်းစစ် စတင်ဖြစ်ပွားသည်။
၄၈ ဘီစီ – ပွန်မ်ပေအား ဂရိတွင် တိုက်ခိုက်အနိုင်ယူသည်။
၄၆ ဘီစီ – ရောမသို့ ပြန်လာသည်။ ရောမပြက္ခဒိန်ကို ပြုပြင်ပြောင်းလဲသည်။
၄၅ ဘီစီ – သူ၏ဂုဏ်သိက္ခာအတွက် ကွင်တဲလ်လကို ဇူလိုင်လအဖြစ် အမည်ပြောင်းခဲ့သည်။
၄၄ ဘီစီ၊ မတ်လ၊ ၁၅ – ရောမတွင် သတ်ဖြတ်ခံခဲ့ရသည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts