Forms of Match Play - ကျင်းပြတ်ကစားနည်းများ

Forms of Match Play – ကျင်းပြတ်ကစားနည်းများ

Forms of Match Play – ကျင်းပြတ်ကစားနည်းများ
Single (စဉ်ကယ်) – တစ်ဦးချင်းအပြန်အလှန် ကျင်းပြတ်ယှဉ်ပြိုင်ကစားခြင်း
Threesome (သရီးဆမ်း) – တစ်ယောက်နှင့် နှစ်ယောက် ကျင်းပြတ်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး တစ်ဖက်လျှင် ဘောလုံးတစ်လုံးသာ ကစားရသည်။ နှစ်ယောက်ကစားသည့်ဘက်သည် တီခုံမှစရိုက်ခြင်းနှင့် ရိုက်ပြီးနောက် ကျင်းဝင်သည်အထိ ဘောလုံးကို တစ်လှည့်စီအလှည့်ကျ ရိုက်ကစားရသည်။

Foursome (ဖိုးဆမ်း) – နှစ်ယောက်တွဲနှင့် အခြားနှစ်ယောက်တွဲ ကျင်းပြတ်ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ တစ်တွဲလျှင် ဘောလုံးတစ်လုံးသာကစားရသည်။

Three-Ball (သရီးဘော) – ၃ ဦးပတ်လည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကစားခြင်းဖြစ်သည်။ ကစားသူတစ်ဦးသည် ပြိုင်ဘက် ၂ ဦးနှင့်တစ်ပြိုင်တည်း ကျင်းပြတ်ကစားခြင်းဖြစ်သည်။

Best-Ball (ဘက်စဘော) – တစ်ယောက်နှင့် နှစ်ယောက်(သို့) သုံးယောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ တစ်ဦးလျှင် ဘောလုံးတစ်လုံးစီကစားရပြီး နှစ်ယောက်(သို့)သုံးယောက်၏ အကောင်းဆုံးသောအချက်နှင့် တစ်ယောက်သမားကယှဉ်ပြိုင်ရခြင်းဖြစ်သည်။

Four-Ball (ဖိုးဘော) – နှစ်ယောက်တွဲနှင့် အခြားနှစ်ယောက်တွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ တစ်ဦးလျှင် ဘောလုံးတစ်လုံးစီကစား၍ နှစ်ဦးအနက်မှ တစ်ဦး၏ အကောင်းဆုံးဘောလုံး (အချက်အနဲဆုံး)ကို ထိုကျင်းအတွက်ရွေးချယ်၍ ကျင်းပြတ်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော RULES OF GOLF AND THE RULES OF AMATEUR STATUS 2016 မှ ကူးယူဖော်ပြသည်။

Related Posts