ကြက်သားအာလူးနှပ်ဟင်း

ကြက်သားအာလူးနှပ်ဟင်း

ပါဝင်သောပစ္စည်းများ

  • ကြက်သား – ရှစ်ပိုင်း
  • အလတ်စားအာလူး – လေးလုံး
  • ကြက်သွန်နီ – နှစ်ဥ
  • စဉ်းပြီးထောင်းပြီး ကြက်သွန်ဖြူ- နှစ်ဇွန်း (စားပွဲတင်ဇွန်း)
  • မုန်လာဥနီ – တစ်ဥ
  • ငရုတ်သီးမှုန့် – နှစ်ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုတ်သီးအစိမ်း(အလွှာ) – နှစ်ဇွန်း (စားပွဲတင်ဇွန်း)
  • ပဲငံပြာရည် – နှစ်ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – တစ်ဇွန်း (စားပွဲတင်ဇွန်း)
  • ထောင်းပြီးချင်း – တစ်ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်မြိတ်ဥ – နှစ်ဥ
  • ငရုတ်ကောင်း၊ ဆား၊ ရေ – နှစ်ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်သားကို အ​နေတော်တုံးတစ်ပြီး ပဲငံပြာရည်၊ သကြား၊ ဆား၊ ငရုတ်ကောင်းနှင့် ရေထည့်၍ သမအောင် နယ်ပါ။

*အာလူးကို အခွံနွှာ၍ ရှစ်စိတ် လှီးစိတ်ပြီးလျှင် အခွံခွာထားသော ကြက်သွန်နီကိုလည်း ရှစ်စိတ် စိတ်ထားရပါမည်။

*ထို့နောက် အိုးတွင် ထိုဟင်းလျာများကို ထည့်၍ မီးအသင့်အတင့်ဖြင့် တည်ထားပါ။ မိနစ်သုံးဆယ် (သို့မဟုတ်) လေးဆယ့်ငါးမိနစ်ခန့် ချက်ထားပြီးမှ ဆားဖြူး၊ ငရုတ်သီးမှုန့်သင့်ရုံ ထည့်လိုက်ပါ။ ၎င်းနောက် ဟင်းအိုးမချမှီ ငါးမိနစ်ခန့်အလို၌ ကြက်သွန်မြိတ်ကို ပါးပါးလှီးထည့်နိုင်ပါပြီ။

*ပြီးလျှင် ထမင်းမြိန်သော ဟင်းတစ်ခွက် အသင့်စားသုံးနိုင်ပြီ ဖြစ်ပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts