ကွတ်ဝေါဟိုင်း

ကုလသမဂ္ဂရောက်နာဇီတစ်ယောက်

ကွတ်ဝေါဟိုင်း သည် ဩစတီးယန်း နိုင်ငံ သမ္မတနှင့် သံတမန်အဖြစ် ၁၉၈၆ခုနှစ်မှ ၁၉၉၂ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၁၉၇၂ခုနှစ်မှ ၁၉၈၁ခုနှစ်အထိလည်း စတုတ္ထမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ကွတ်ဝေါဟိုင်းကို ဗီယင်နာမြို့အနီးတွင် မွေးဖွားခဲ့ပီး သံတမန်ကျောင်းနှင့် ဗီယင်နာတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ဥပဒေ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ကို ၁၉၄၄ ခုနှစ်တွင် ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း၁၉၃၉ မှ ၁၉၄၅ကာလအတွင်း ဂျာမန်တပ်မတော်တွင်အမှုထမ်းခဲ့ပီးဥပဒေဘွဲ့ကိုတပ်ကထွက်ပီးမှရခဲ့ခြင်းဖြစ်သည်။

စစ်ပီး‌နောက်တွင် ကွတ်ဝေါဟိုင်းသည် ဩစတီးယန်းကောင်စစ်ဝန်ရုံး၌ ၁၉၄၅ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်သည်။ ပထမဦးဆုံး နိုင်ငံခြားတာဝန်ကို ပြင်သစ်နိုင်ငံ ဩစတီးယန်း သံရုံးတွင် ပထမအတွင်းဝန်ရာထူးဖြင့် ၁၉၄၈ မှ ၁၉၅၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ထိပ်တန်းအဆင့်မြင့်အရာရှိအဖြစ် ဗီယင်နာတွင် ဩစတီးယန်း နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ၁၉၅၁ မှ ၁၉၅၅ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ မှ ၁၉၆၀ ထိ ကနေဒါသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၀ အတွင်း ဩစတီးယန်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေစဉ် ကွတ်ဝေါဟိုင်း ကို ကွန်ဆာဗေးတစ် ပြည်သူ့ပါတီမှ ၁၉၇၁ခုနှစ်အတွက် သမ္မတရာထူးတင်မြှောက်ရန် လျာထား သတ်မှတ်ခဲ့သေးသည်။ သို့သော် အောင်မြင်မူမရခဲ့ပေ။ နောက်တစ်နှစ်တွင် ကုလသမဂ္ဂတွင် နှစ်ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ခွင့် ရသွားသည်။ဩစတီးယားအနေဖြင့် ၁၉၅၈ခုနှစ်တွင် ကုလသမဂ္ဂသို့ ဝင်ခွင့်ရခဲ့ပီး ၁၉၇၁ တွင် သူတို့နိုင်ငံ ဂုဏ်ဆောင်မည့် ကွတ်ဝေါဟိုင်း သည် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် သက်တမ်း ၅နှစ်အတွက် ရွေးချယ်ခံထားရခြင်းဖြစ်သည်။

၁၉၈၆ခုနှစ် ဇွန်လတွင် ကွတ်ဝေါဟိုင်း သည် ဩစတီးယန်းနိုင်ငံ သမ္မတအဖြစ် တင်မြှောက်ခံရသည်။ ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်သက်တမ်း နှစ်နှစ်ကြာ ထမ်းဆောင်ခဲ့သောကြောင့် နိုင်ငံတကာလယ်တွင် ရိုသေလေးစား အားကိုးအားထားပြုခြင်း ခံရသူလည်း ဖြစ်သည်။ ထိုနှစ် ဧပြီလတွင် သူ့ကို အမေရိကန်က သူတို့နိုင်ငံအတွင်း လာရောက်ခွင့်ကို ပိတ်ပင်လိုက်သည်။ အမေရိကန်တို့က နာဇီဝါဒီဟောင်းများကို အမေရိကန်ပြည်အတွင်း လာရောက်ခွင့် ပိတ်ထားသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မကြာမီ ကျန်နိုင်ငံများကလည်း အမေရိကန်နောက်သို့ သံယောင်လိုက်ကြသည်။ နိုင်ငံတကာက ဆန့်ကျင်ခြင်းခံ‌နေရသဖြင့် ပြည်တွင်း၌လည်း သမ္မတသိက္ခာကျစရာ ဖြစ်လာရသည်။၁၉၈၆ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပွဲတွင် Profile မဂ္ဂဇင်းကြီးက ဝေါဟိုင်း၏ မြှုပ်ကွက်များကို ဖော်ထုတ်ရေးသားလိုက်သည်။

ဘော်ကန်ဒေသကို နာဇီတို့ သိမ်းပိုက်ထားစဉ် ကာလအတွင်း ဝေါဟိုင်း၏ အမျိုးသားဆိုရှယ်လစ်ပါတီ ဝင်ထားမူ၊ ပါတီဝင် အမှတ်၊ ရာထူးတို့ကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ ဝေါဟိုင်းကို ထောက်ခံသူတွေက ဂျုးနှင့်ကွန်မြူနစ်များက ဝေါဟိုင်း၏ နိုင်ငံရေးလှုပ်ရှားမူများကို သိက္ခာချရန်အတွက် စီစဉ်ခြင်းဖြစ်သည်ဟု ပြန်လည်ချေပကြသည်။ ဩစတီးယန်းတွင် ဂျူးဆန့်ကျင်ရေးစိတ်ဓာတ်များ ပြန်လည်နိုးထလာသဖြင့် နယူးယော့ခ်ရှိ ကမ္ဘာ့ဂျုးကွန်ဂရက်ကလည်း ဩစတီးယန်းရွေးကောက်ပွဲကို ဆန့်ကျင်ကြသည်။ သို့သော် ဩစတီးယန်း မဲဆန္ဒရှင်များက သူတို့နိုင်ငံပြည်တွင်းရေးကို နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်သည်ဟု ယူဆပြီး မကျေမချမ်း ဖြစ်နေကြသည်။ နိုင်ငံ၏ စီးပွားရေးအင်အားကလည်းမကောင်း ၊ တိုင်းပြည်အတွင်း စီမံခန့်ခွဲမူကလည်း ညံ့ဖျင်းသဖြင့် ဖရိုဖရဲဖြစ်၊ ပြည်သူပိုင် သိမ်းထားသည့် စက်မူလုပ်ငန်းများကလည်း မနိုင်မနင်း ဖြစ်နေချိန်တွင် သူတို့တိုင်းပြည်ကို ကယ်တင်ပေးနိုင်မည့်သူမှာ ဝေါဟိုင်းကလွဲပြီး မရှိဟု မြင်လာကြသည်။ ဝေါဟိုင်းကို လျို့ဝှက်မဲပေးကြရာတွင် ၅၃.၉ ရာခိုင်နှုန်းက ထောက်ခံကြသဖြင့် ဩစတီးယန်း သမ္မတများထဲတွင် ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း ဆိုရှယ်လစ် မဟုတ်သည့် ပထမဦးဆုံး သမ္မတ ဖြစ်လာခဲ့ရသည်။

သူသည် ပုဂ္ဂိုလ်ရေးအရ သိပ်ပီး ထင်ထင်ပေါ်ပေါ်နေတတ်သူ မဟုတ်ပေ။ ထိုစဉ်က တရားရေးဝန်ကြီးချုပ်သည် ဆိုရှယ်လစ်ပါတီမှ ဖရန့်ဇ် ဗရန်န်စ်ဇကီးဖြစ်ပီး ဝေါဟိုင်းနှင့်နောက်ပိုင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဝေါဟိုင်းသည် အာရပ်နိုင်ငံများကို ဖိတ်ခေါ်ဂုဏ်ပြုတတ်သဖြင့် ဂျူးများနှင့် အမြဲပြသာနာတတ်ရသလို နာဇီအဖြစ် လိုက်လံသုတ်သင်ခံရသူစာရင်းတွင်လည်း ပါနေခဲ့ရသူဖြစ်သည်။ ဘော်ကန်တွင် နာဇီစစ်ဆေးရေးအဖွဲ့ဝင် ဖြစ်ခဲ့ပီး ထိန်းသိမ်းခံရသူများကို အထူးနှိပ်စက်ရာတွင် ပါဝင်ခဲ့သည်ဟုလည်း သူ့ကိုစွပ်စွဲကြသည်။ နိုင်ငံတကာ သမိုင်းပညာရှင်များက ဝေါဟိုင်း၏ နောက်ကြောင်းများကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ သူတို့က ဝေါဟိုင်းသည် ရာဇဝတ်များကို ကျူးလွန်ရာတွင် မပါဝင်ကြောင်း၊ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်မူတွင်လည်း ပါဝင်ပတ်သတ်မူမရှိကြောင်း၊ ဘော်ကန်တွင် နာဇီတို့၏ ယုတ်မာရက်စက်မူများသည် ဝေါဟိုင်းနှင့်မဆိုင်ကြောင်း ထုတ်ပြန်ကြသည်။ ပညာတတ်တစ်ယောက်အနေဖြင့် နာဇီတပ်ထဲသို့ဝင်ကာ အသက်မွေးဝမ်းကြောင်းအလုပ်ကို လုပ်ခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးကြသော်လည်း သူ့ကို ဝိုင်းဝန်းဝေဖန်ချက်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။

မည်သို့ဆိုစေ ဝေါဟိုင်းသည် ဆန့်ကျင်သူများနှင့် ထောက်ခံသူများကြားတွင် သမ္မတရာထူးကို လက်ခံပီး ရင်ထိတ်စွာ အုပ်ချုပ်နေရသူတစ်ဦးဖြစ်သည်။ အမေရိကန်နှင့် တခြားနိုင်ငံများသည် ဝေါဟိုင်း၏ လှုပ်ရှားမူများကို သတိကြီးစွာ စောင့်ကြည့်နေကြသည်။ ဆော့ဇ်ဘတ် ညီလာခံတွင် ဝေါဟိုင်းနှင့် ဂျာမန်သမ္မတတို့ တက်ရောက်သည့်အခါ ချက်သမ္မတက အနောက်ဥရောပနိုင်ငံများကို တိုက်တွန်းခဲ့သည်။ ဝေါဟိုင်းသည် ကုလသမ္မဂတွင် တာဝန်ထမ်းဆောင်စဉ်ကတည်းကလည်း အာရပ်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပင်လယ်ကွေ့ စစ်ပွဲဖြစ်သည့် ၁၉၉၀ပြည့်နှစ်တွင် ဆဒမ် ဟူစိန်ဖမ်းဆီးထားသည့် ဩစတီးယန်းဓားစာခံ ၈၀ ကို ကယ်တင်နိုင်ခဲ့သည်။ ထိုကိစ္စကြောင့် အခြားနိုင်ငံများက ပိုပြီးဝေဖန်စရာ ဖြစ်သွားသည်။ အနောက်နိုင်ငံများ၏သိက္ခာကို ကျဆင်းစေရန် ပြုလုပ်နေသူဟူ၍ ဝေဖန် အပြစ်တင်ခံရသည်။ ဓားစာခံများကို လွတ်အောင် လုပ်ပေးပြီး လအနည်းငယ်အကြာတွင် နာဇီတို့ထံ၌ အမူထမ်းခဲ့သည့် ကိစ္စများကို ၁၉၈၇ခုနှစ်တွင် တရားရုံး၌ လိမ်လည်ထွက်ဆိုမူနှင့် အဖမ်းခံရပီးဒဏ်ငွေအရိုက်ခံရသည်။ ၁၉၈၈ ခုနှစ်တွင် အမူရင်ဆိုင်ရပီးနောက် နောက်ထပ်သမ္မတရာထူးအတွက် အရွေးမခံတော့ကြောင်း ကြေငြာခဲ့သည်။ ကွတ်ဝေါဟိုင်းသည် ဩစတီးယန်း နိုင်ငံ သမ္မတနှင့် သံတမန်အဖြစ် ၁၉၈၆ခုနှစ်မှ ၁၉၉၂ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် ၁၉၇၂ခုနှစ်မှ ၁၉၈၁ခုနှစ်အထိလည်း စတုတ္ထမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ဝေါဟိုင်းကို ဗီယင်နာမြို့အနီးတွင် မွေးဖွားခဲ့ပီး သံတမန်ကျောင်းနှင့် ဗီယင်နာတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ဥပဒေ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ကို ၁၉၄၄ ခုနှစ်တွင် ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ၁၉၃၉ မှ ၁၉၄၅ ကာလအတွင်း ဂျာမန်တပ်မတော်တွင် အမှူထမ်းခဲ့ပီး ဥပဒေဘွဲ့ကို တပ်ကထွက်ပီးမှ ရခဲ့ခြင်းဖြစ်သည်။ စစ်ပီးသည့်နောက်တွင် ဝေါဟိုင်းသည် ဩစတီးယန်းကောင်စစ်ဝန်ရုံး၌ ၁၉၄၅ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်သည်။ ပထမဦးဆုံး နိုင်ငံခြားတာဝန်ကို ပြင်သစ်နိုင်ငံ ဩစတီးယန်း သံရုံးတွင်ပထမအတွင်းဝန်ရာထူးဖြင့် ၁၉၄၈ မှ ၁၉၅၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ထိပ်တန်းအဆင့်မြင့်အရာရှိအဖြစ် ဗီယင်နာတွင် ဩစတီးယန်း နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ၁၉၅၁ မှ ၁၉၅၅ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ မှ ၁၉၆၀ ထိ ကနေဒါသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၀ အတွင်း ဩစတီးယန်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေစဉ် ဝေါဟိုင်းကို ကွန်ဆာဗေးတစ် ပြည်သူ့ပါတီမှ ၁၉၇၁ခုနှစ်အတွက် သမ္မတရာထူးတင်မြှောက်ရန် လျာထား သတ်မှတ်ခဲ့သေးသည်။ သို့သော် အောင်မြင်မူမရခဲ့ပေ။ နောက်တစ်နှစ်တွင် ကုလသမဂ္ဂတွင် နှစ်ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ခွင့် ရသွားသည်။ ဩစတီးယားအနေဖြင့် ၁၉၅၈ခုနှစ်တွင် ကုလသမဂ္ဂသို့ ဝင်ခွင့်ရခဲ့ပီး ၁၉၇၁ တွင် သူတို့နိုင်ငံ ဂုဏ်ဆောင်မည့် ကွတ်ဝေါဟိုင်းသည်အထွေထွေ အတွင်းရေး မှူးချုပ် အဖြစ် သက်တမ်း ၅နှစ်အတွက် ရွေးချယ်ခံထားရခြင်းဖြစ်သည်။ ၁၉၈၆ခုနှစ် ဇွန်လတွင် ကွတ် ဝေါဟိုင်းသည် ဩစတီးယန်းနိုင်ငံ သမ္မတအဖြစ် တင်မြှောက်ခံရသည်။

ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်း နှစ်နှစ်ကြာ ထမ်းဆောင်ခဲ့သောကြောင့် နိုင်ငံတကာလယ်တွင် ရိုသေလေးစား အားကိုးအားထားပြုခြင်း ခံရသူလည်း ဖြစ်သည်။ ထိုနှစ် ဧပြီလတွင် သူ့ကို အမေရိကန်က သူတို့နိုင်ငံအတွင်း လာရောက်ခွင့်ကို ပိတ်ပင်လိုက်သည်။ အမေရိကန်တို့က နာဇီဝါဒီဟောင်းများကို အမေရိကန်ပြည်အတွင်း လာရောက်ခွင့် ပိတ်ထားသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မကြာမီ ကျန်နိုင်ငံများကလည်း အမေရိကန်နောက်သို့ သံယောင်လိုက်ကြသည်။ နိုင်ငံတကာက ဆန့်ကျင်ခြင်းခံ‌နေရသဖြင့် ပြည်တွင်း၌လည်း သမ္မတသိက္ခာကျစရာ ဖြစ်လာရသည်။ ၁၉၈၆ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပွဲတွင် Profile မဂ္ဂဇင်းကြီးက ဝေါဟိုင်း၏ မြှုပ်ကွက်များကို ဖော်ထုတ်ရေးသားလိုက်သည်။ ဘော်ကန်ဒေသကို နာဇီတို့ သိမ်းပိုက်ထားစဉ် ကာလအတွင်း ဝေါဟိုင်း၏ အမျိုးသားဆိုရှယ်လစ်ပါတီ ဝင်ထားမူ၊ ပါတီဝင် အမှတ်၊ ရာထူးတို့ကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ ဝေါဟိုင်းကို ထောက်ခံသူတွေကဂျုးနှင့်ကွန်မြူနစ်များက ဝေါဟိုင်း၏ နို်ငငံရေးလှုပ်ရှားမူများကို သိက္ခာချရန်အတွက် စီစဉ်ခြင်းဖြစ်သည်ဟု ပြန်လည်ချေပကြသည်။ဩစတီးယန်းတွင် ဂျူးဆန့်ကျင်ရေးစိတ်ဓာတ်များ ပြန်လည်နိုးထလာသဖြင့် နယူးယော့ခ်ရှိ ကမ္ဘာ့ဂျုးကွန်ဂရက်ကလည်း ဩစတီးယန်းရွေးကောက်ပွဲကို ဆန့်ကျင်ကြသည်။

သို့သော် ဩစတီးယန်း မဲဆန္ဒရှင်များက သူတို့နိုင်ငံပြည်တွင်းရေးကို နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်သည်ဟု ယူဆပြီး မကျေမချမ်း ဖြစ်နေကြသည်။ နိုင်ငံ၏ စီးပွားရေးအင်အားကလည်းမကောင်း ၊ တိုင်းပြည်အတွင်း စီမံခန့်ခွဲမူကလည်း ညံ့ဖျင်းသဖြင့် ဖရိုဖရဲဖြစ်၊ ပြည်သူပိုင် သိမ်းထားသည့် စက်မူလုပ်ငန်းများကလည်း မနိုင်မနင်း ဖြစ်နေချိန်တွင် သူတို့တိုင်းပြည်ကို ကယ်တင်ပေးနိုင်မည့်သူမှာ ဝေါဟိုင်းကလွဲပြီး မရှိဟု မြင်လာကြသည်။ ဝေါဟိုင်းကို လျို့ဝှက်မဲပေးကြရာတွင် ၅၃.၉ ရာခိုင်နှုန်းက ထောက်ခံကြသဖြင့် ဩစတီးယန်း သမ္မတများထဲတွင် ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း ဆိုရှယ်လစ် မဟုတ်သည့်ပထမဦးဆုံး သမ္မတ ဖြစ်လာခဲ့ရသည်။ သူသည် ပုဂ္ဂိုလ်ရေးအရ သိပ်ပီး ထင်ထင်ပေါ်ပေါ်နေတတ်သူ မဟုတ်ပေ။ ထိုစဉ်က တရားရေးဝန်ကြီးချုပ်သည် ဆိုရှယ်လစ်ပါတီမှ ဖရန့်ဇ် ဗရန်န်စ်ဇကီးဖြစ်ပီး ဝေါဟိုင်းနှင့်နောက်ပိုင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဝေါဟိုင်းသည် အာရပ်နိုင်ငံများကို ဖိတ်ခေါ်ဂုဏ်ပြုတတ်သဖြင့် ဂျူးများနှင့် အမြဲပြသာနာတတ်ရသလို နာဇီအဖြစ် လိုက်လံသုတ်သင်ခံရသူစာရင်းတွင်လည်း ပါနေခဲ့ရသူဖြစ်သည်။ ဘော်ကန်တွင် နာဇီစစ်ဆေးရေးအဖွဲ့ဝင် ဖြစ်ခဲ့ပီး ထိန်းသိမ်းခံရသူများကို အထူးနှိပ်စက်ရာတွင် ပါဝင်ခဲ့သည်ဟုလည်း သူ့ကိုစွပ်စွဲကြသည်။ နိုင်ငံတကာ သမိုင်းပညာရှင်များက ဝေါဟိုင်း၏ နောက်ကြောင်းများကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ သူတို့က ဝေါဟိုင်းသည် ရာဇဝတ်များကို ကျူးလွန်ရာတွင် မပါဝင်ကြောင်း၊ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်မူတွင်လည်း ပါဝင်ပတ်သတ်မူမရှိကြောင်း၊ ဘော်ကန်တွင် နာဇီတို့၏ ယုတ်မာရက်စက်မူများသည် ဝေါဟိုင်းနှင့်မဆိုင်ကြောင်း ထုတ်ပြန်ကြသည်။

ပညာ တတ်တစ်ယောက်အနေဖြင့် နာဇီတပ်ထဲသို့ဝင်ကာ အသက်မွေးဝမ်းကြောင်းအလုပ်ကို လုပ်ခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးကြသော်လည်း သူ့ကို ဝိုင်းဝန်းဝေဖန်ချက်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ မည်သို့ဆိုစေ ဝေါဟိုင်းသည် ဆန့်ကျင်သူများနှင့် ထောက်ခံသူများကြားတွင် သမ္မတရာထူးကို လက်ခံပီး ရင်ထိတ်စွာ အုပ်ချုပ်နေရသူတစ်ဦးဖြစ်သည်။ အမေရိကန်နှင့် တခြားနိုင်ငံများသည် ဝေါဟိုင်း၏ လှုပ်ရှားမူများကို သတိကြီးစွာ စောင့်ကြည့်နေကြသည်။ ဆော့ဇ်ဘတ် ညီလာခံတွင် ဝေါဟိုင်းနှင့် ဂျာမန်သမ္မတတို့ တက်ရောက်သည့်အခါ ချက်သမ္မတက အနောက်ဥရောပနိုင်ငံများကို တိုက်တွန်းခဲ့သည်။

ဝေါဟိုင်းသည် ကုလသမ္မဂတွင် တာဝန်ထမ်းဆောင်စဉ်ကတည်းကလည်း အာရပ်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပင်လယ်ကွေ့ စစ်ပွဲဖြစ်သည့် ၁၉၉၀ပြည့်နှစ်တွင် ဆဒမ် ဟူစိန်ဖမ်းဆီးထားသည့် ဩစတီးယန်းဓားစာခံ ၈၀ ကို ကယ်တင်နိုင်ခဲ့သည်။ ထိုကိစ္စကြောင့် အခြားနိုင်ငံများက ပိုပြီးဝေဖန်စရာ ဖြစ်သွားသည်။ အနောက်နိုင်ငံများ၏သိက္ခာကို ကျဆင်းစေရန် ပြုလုပ်နေသူဟူ၍ ဝေဖန် အပြစ်တင်ခံရသည်။ ဓားစာခံများကို လွတ်အောင် လုပ်ပေးပြီး လအနည်းငယ်အကြာတွင် နာဇီတို့ထံ၌ အမူထမ်းခဲ့သည့် ကိစ္စများကို ၁၉၈၇ခုနှစ်တွင် တရားရုံး၌ လိမ်လည်ထွက်ဆိုမူနှင့် အဖမ်းခံရပီးဒဏ်ငွေအရိုက်ခံရသည်။ ၁၉၈၈ ခုနှစ်တွင် အမူရင်ဆိုင်ရပီးနောက် နောက်ထပ်သမ္မတရာထူးအတွက် အရွေးမခံတော့ကြောင်း ကြေငြာခဲ့သည်။

Ref : A Nazi at the UN, by Nigel Cawthorne
http:// en. wikipedia.org.

ဆရာတင်ညွန့်ရေးသားသော ကမ္ဘာကျော်နိုင်ငံရေးအရှုပ်တော်ပုံများစာအုပ်မှကောက်နှုတ်ဖော်ပြသည်။။

Related Posts