အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေရဲ့ရည်ရွယ်ချက်

ဒီဥပဒေကို ပြဌာန်းရတဲ့ရည်ရွယ်ချက်က အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့၊ အလုပ်ရှင်အလုပ်သမားကြား ဆက်ဆံရေးကောင်းမွန်စေဖို့ အငြင်းပွားမှုတွေကို ဥပဒေနဲ့အညီဖြေရှင်းနိုင်ဖို့ဖြစ်တယ်။ ဝန်ထမ်းဆိုတာ လုပ်ငန်းရဲ့ အသည်းနှလုံး၊ အလုပ်ရှင်ဆိုတာ လုပ်ငန်းရဲ့ အသက်သွေးကြော ဖြစ်နေတာကြောင့် အသည်းနှလုံးနဲ့ အသက်သွေးကြောကြားက ပဋိပက္ခကိုဖြေရှင်းနိုင်ရင် ဟန်ချက်ညီတဲ့ စီးပွားရေးဇီဝကမ္မဖြစ်စဉ်ဆိုတဲ့ အကျိုးဆက်ကို ရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဥပဒေကို သိရှိသင့်ပါတယ်။ လေ့လာထားသင့်ပါတယ်။ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ပုဒ်မတွေ အသေးစိတ် သိရှိဖို့ မလိုအပ်ပေမယ့် လုပ်ငန်းခွင်ဆိုတာ အငြင်းပွားမှုတွေ ဖြစ်တတ်တဲ့ဓမ္မတာရှိတာကြောင့် အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေကို သိရှိထားရပါလိမ့်မယ်။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး

Related Posts