မင်္ဂလာပါ ခင်ဗျာ။ Learn Together, Win Together ကနေ ပြန်လည် ကြိုဆိုပါတယ် ခင်ဗျာ။ မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ကျွန်တော်တို့ရဲ့ HapEye.Net မှာ ဝင်ရောက်လေ့လာရင်းနဲ့ ကုန်ဆုံးပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ် ခင်ဗျာ။ ကဲ…ဒီနေ့မှာတော့ ကျွန်တော်တို့ ဘာလုပ်ကြရင် ကောင်းမလဲ။ ဘာတွေ လေ့လာကြရင် ကောင်းမလဲ။
အင်း…. ဒီနေ့မှာတော့ နည်းနည်းလေး ရင်ဖွင့်ကြည့်ရအောင်ဗျာ။ အချင်းချင်းပဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။
ကျွန်တော် အင်္ဂလိပ် သီချင်းတွေ နားထောင်တယ် ခင်ဗျာ။ Lyrics မကြည့်ရင် ဘာဆိုနေမှန်းကို မသိတာ။
သီချင်းက နည်းနည်းမြန်တယ်လေ။ အာ့ကြောင့် story telling တွေ နားထောင်ကြည့်ပါတယ်။ ဒါလည်း သိပ်မထူးပါဘူးဗျာ။ အစမှာတော့ နားလည်သလိုလိုနဲ့။ နောက်ပိုင်းတော့ ဘာတွေ ပြောနေမှန်းကို မသိတော့တာ။
ကျွန်တော် နည်းနည်းတော့ စိတ်ပျက်မိတယ်။ ဒါနဲ့ပဲ စာသားကြည့်ပြီး နားထောင်တော့တယ်။ အဲ့မှာ ပြဿနာ တက်တာပဲ ခင်ဗျာ။ကျွန်တော် မျက်လုံးပြူးတော့တာပါပဲ။ မသိတဲ့ စာလုံးတွေ ပါတာက ကိစ္စမရှိပါဘူး။ ကျွန်တော်က beginner နဲ့ စတဲ့အတွက် ပါးပါးလေးပါ။ အဲ….ခက်နေတာက သိတဲ့စာလုံးတွေပါပဲ။ နားထောင်တုန်းက သူ ဘယ်စာလုံးကို ပြောမှန်းမသိဘူး။ ကြည့်လည်း ကြည့်လိုက်ရော ကိုယ်သိထားတဲ့ စာလုံးဖြစ်နေတယ်။ ဒါပေမယ့်…..ကိုယ်သိထားတဲ့ အသံထွက်တော့ မဟုတ်ဘူးဗျ။ သူပြောတာက တစ်မျိုးလေးဗျ။ အဲ့မှာ ကျွန်တော် ခေါင်းခဲပါတော့တယ်။ ငါ အသံထွက်အမှန်တွေ မသိပဲနဲ့ သူတို့ ပြောတာ နားမလည်နိုင်ပါလားပေါ့။
ဟုတ်ပါတယ် ခင်ဗျာ။ ဒါက ကျွန်တော် ရင်ဖွင့်တာပါ။ တိုက်ဆိုင်တဲ့ သူတွေ ရှိကောင်းရှိနိုင်မယ်လို့ ထင်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့တွေ Listening Skill ကို လေ့ကျင့်ကြတဲ့ အခါ audio file တွေ သီချင်းတွေနဲ့ လေ့ကျင့်ကြပါတယ်။ အဲဒီအခါ ပြဿနာကတော့ တွေ့ပါပြီ။ အပေါ်ကလိုမျိုးပါ။ ကိုယ်မသိတဲ့ စာလုံးတွေကို နားရွက်က နားမလည်တာက ကိစ္စသိပ်မရှိပါဘူး။ အဲ….သိပြီးသား စာလုံးတွေကိုပဲ နားမလည်တာမျိုးက ပိုဆိုးပါတယ်။
တကယ်တော့လည်း ဒါက သေချာစဉ်းစားကြည့်မယ်ဆိုရင် ရှင်းပါတယ်။ ကျွန်တော်တို့ သိထားတဲ့ အသံထွက်တွေက မှားနေတယ်။ အဲတော့…ကျွန်တော်တို့ အမှန်တွေ ကြားရတဲ့ အခါ နားမလည်တော့ပါဘူး။ အမှန်တွေကို နားလည်နိုင်အောင် အမှန်တွေကို သိထားမှ ဖြစ်ပါမယ်။ အဲတော့….ကျွန်တော်တို့ အသံထွက်တွေ မှန်အောင် ကြိုးစားကြရပါမယ် ခင်ဗျာ။
ဟုတ်ပါပြီ အသံထွက်တွေ မှန်အောင် ဘယ်လို ကြိုးစားကြမလဲ။
အသံထွက်အမှန်ကို နားကကြားတိုင်းရော…ပါးစပ်ကနေ ထွက်တတ်မှာလား။
ဒီမှာ အလေ့အကျင့်နဲ့ နည်းစနစ် ဆိုပြီးတော့ နှစ်မျိုးခွဲလိုက်ပါမယ်။ ကျွန်တော်တို့ ဆက်လက်လေ့လာကြည့်ရအောင်။
Learning English With all our Heart (Part 3⇒First Step {Practice and Technique})

အလေ့အကျင့်ဆိုတာက များများ နားထောင်ခြင်းပါ။ Listening skill တိုးတက်အောင် ဘယ်လို လုပ်ရမလဲလို့ Youtube မှာ သွားရှာကြည့်ရင် များများနားထောင် အာရုံစိုက်ထောင် ထောင်ပြီးရင်း ထောင်လို့ ပြောပါလိမ့်မယ်။
နည်းစနစ်ဆိုတာကတော့ Phonetics ကို အသုံးချပြီး အသံထွက်တွေ မှန်အောင် ကြိုးစားလေ့ကျင့်ခြင်းပါ။ အသံထွက်အမှန်တွေကို ဦးနှောက်က သိလာတဲ့အခါ နားရွက်ကလည်း နားလည်လာပြီး Listening skill တိုးတက်လာအောင် ကြိုးစားခြင်းပါ။
ဘယ်နည်းလမ်းကို ကျွန်တော်တို့ ရွေးရမလဲ။
ခေါင်းစားမနေပါနဲ့ မိတ်ဆွေ။ ကျွန်တော်တို့ နှစ်ခုလုံးကို ရွေးချယ်ရမှာပါ။ များများ နားထောင် များများ လေ့ကျင့်ခြင်းအားဖြင့် ကျွန်တော်တို့ သူတို့ရဲ့ Flow အသွားအလာ၊ လေယူလေသိမ်း၊ ပြောဆိုဟန်နဲ့ အသံထွက်တစ်ချို့ကို ရင်းနှီးလာမှာပါ။ များများနားထောင်လေ၊ ကျွန်တော်တို့ရဲ့ Listening လည်း များများတက်လာလေလေပါပဲ။ ပြီးတော့ Movie တွေကနေ လေ့လာခြင်အားဖြင့် သူတို့ရဲ့ နေစဉ်သုံးစကားတွေကိုပါ သိလာရတာကြောင့် Speaking အတွက်လည်း အထောက်အပံ့ဖြစ်မှာပါ။
ဒါပေမယ့် Phonetics ဆိုတဲ့ သဒ္ဓါဗေဒကိုလည်း လေ့လာရဦးမှာပါ။ Phonetics က Listening ရော Speaking ကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ Phonetics ကို လေ့လာခြင်းအားဖြင့် စကားလုံးတစ်လုံးရဲ့ အသံထွက်အမှန်ကို Phonetics Symbol တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ် ခင်ဗျာ။ Phonetics ကိုလေ့လာခြင်းက အင်္ဂလိပ်လူမျိုးတွေရဲ့ အသံစံနေစံထားစနစ်ကို သင်ယူနေတာပဲ ဖြစ်တဲ့အတွက် တတ်မြောက်သွားပြီဆိုရင် Native speaker တွေလို မပြောတတ်မှာတော့ စိတ်ပူနေစရာ မလိုတော့ပါဘူး။ Phonetic အကြောင်း အသေးစိတ်နဲ့ သင်ယူလေ့လာနိုင်တဲ့ video တွေကိုတော့ ရှေ့အပိုင်းကျမှ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးကြမယ် ခင်ဗျာ။
ဟုတ်ကဲ့ပါ ခင်ဗျာ။ လေ့လာဖတ်ရှုပေးကြတဲ့ အတွက် အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဒီအပိုင်းမှာတော့ Listening နဲ့ Speaking အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ Practice နဲ့ Technique လို့ နှစ်မျိုးခွဲခြားပြီး ဆွေးနွေးခဲ့ကြတာပါ ခင်ဗျာ။ နောက်အပိုင်းမှာတော့ Phonetics အကြောင်းကို တင်ဆက်ပေးသွားပါမယ်။ မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ထိုက်ထိုက်တန်တန် ကုန်ဆုံးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။ ရှေ့တစ်ပိုင်းမှာ ပြန်တွေ့ကြပါမယ်။
Feeling Everything~Living Everday