Deep-drive လုပ်တယ်ဆိုတာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်း ရာမှာ အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး အဖြေတစ်ခုရတဲ့အထိ အာရုံစိုက် ကာ ဇောက်ချလုပ်ကိုင်တာဖြစ်ပါတယ်။ အဲဒီလို ပူးပေါင်းကြံဆဖြေရှင်းရာမှာ ပါဝင်သူတစ်ဦးချင်းဟာ ဉာဏ်ကွန့်မြူးနိုင်ရမယ်။ အာရုံစူးစိုက်နိုင်စွမ်းရှိရမယ်။ အားတက်သရော လုပ်ဆောင်နိုင်ရမယ်။ စိတ်ရွှင်ရွှင်လန်းလန်းနဲ့လည်း ပါဝင် လုပ်ကိုင်ရမယ်။ အကျိုးဖြစ်ထွန်းလာအောင်လည်း လုပ်နိုင်ရမယ်။
အယူအဆ
Deep-drive လုပ်ရာမှာ Brainstorming လို့ခေါ်တဲ့ ပူးပေါင်းကြံဆခြင်း နဲ့ Prototyping လို့ခေါ်တဲ့ ကနဦးရှေ့ပြေးစမ်းသပ်ပုံစံတစ်ခု၊ ဒါမှမဟုတ် အဖြေတစ်ရပ်ကိုဖော်ထုတ်ကြည့်တာဆိုတဲ့ လုပ်ငန်းနှစ်ရပ်ပါဝင်တယ်။ တစ် နည်းအားဖြင့် ဒီလုပ်ငန်းနှစ်ရပ်ကိုပေါင်းပြီး Deep-drive Prototyping လို့ ခေါ်ရခြင်းဖြစ်တယ်။ ဒီနည်းကို အပြောင်းအလဲကို ဦးဆောင်လုပ်ကိုင်သူတွေ အသုံးပြုနိုင်တယ်။ မိမိတို့ လုပ်ကိုင်နေတဲ့လုပ်ငန်းတွေရှေ့ဆက်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာ သိလာနိုင်တဲံနည်းဖြစ်တယ်။ Deep-drive လုပ်တာကို တစ်နာရီအတွင်း၊ တစ်ရက်အတွင်း၊ ဒါမှမဟုတ် သီတင်းပတ်တစ်ပတ် အတွင်းပြီးအောင် လုပ်ကိုင်နိုင်တယ်။
Deep-drive လုပ်ရာမှာ အောက်ပါအဆင့်တွေ ပါဝင်တယ်။
– စုပေါင်းအဖြေရှာမယ့်အဖွဲ့ထဲမှာ လူပေါင်းစုံပါအောင်လုပ်ရခြင်း၊ လိုချင် တဲ့အဖြေကိုရအောင် ကြံဆရေးမှာတွေ့နေရတဲ့ အခက်အခဲကို ပီပြင် အောင်၊ ပြတ်ပြတ်သားသားမြင်အောင်ကြည့်ရခြင်း။
– ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးရခြင်း။
– အချင်းချင်းအယူအဆတွေ၊ အကြံဉာဏ်တွေ ဖလှယ်ရခြင်း။
– အဖြေရရှိရေးအတွက် ထင်မြင်ယူဆချက်တွေ၊ အကြံဉာဏ်တွေကို လွတ်လွတ်လပ်လပ်တင်ပြကြရခြင်း၊ ပြီးရင် ဘယ်သူ့အကြံဉာဏ်ကို အကြိုက်များသလဲဆိုတာ သိအောင်လုပ်ခြင်း။
– အဲဒါတွေပြီးရင် မြန်မြန်ထက်ထက်စပြီး စမ်းသပ်အကောင်အထည်ဖော် နိုင်တဲ့အဖြေတစ်ခု ဖော်ထုတ်ခြင်း။
– အဲဒီကနဦစမ်းသပ်အဖြေကို လက်တွေ့စမ်းသပ်ကြည့်ပြီး လိုအပ်သလို အချောကိုင်ခြင်း။
– အဲဒီလို စမ်းသပ်ရရှိထားတဲ့အဖြေကို အာရုံစိုက်ပြီး နောက်ဆုံးအဖြေ တစ်ရပ်ကို ဖော်ထုတ်ရခြင်း။
လက်တွေ့ဆောင်ရွက်ရန်
နာမည်ကြီးအမေရိကန်ဒီဇိုင်းကုမ္ပဏီဖြစ်တဲ့ IDEO u Deep-drive Prototyping လုပ်ရာမှာ အဆင့်အတော်များများ ပါဝင်တယ်လို့ဆိုတယ်။ ( အသေးစိတ်သိလိုပါက The Art of Innovation Lessons in creativity from IDEO America’s Leading design firm by Tom Kelley and Jonathan Littman ) မှာကြည့်ပါ။
– မိမိရဲ့ဈေးကွက်၊ ဖောက်သည်၊ နည်းပညာနဲ့တွေ့မြင်ရတဲ့ ကန့်သတ် ချက်တွေ၊ အခက်အခဲတွေကို နားလည်အောင်ကြိုးစားပါ။
– တကယ်လက်တွေ့အခြေအနေမှာ တွေ့ရတဲ့လူတွေကို အကဲခတ် လေ့လာထားပါ။
– အထက်ပါအချက်နှစ်ချက်ထဲက ရရှိတဲ့အချက်အလက်တွေကို ပေါင်း စပ်ပြီး စနစ်တကျနားလည်အောင် ကြိုးစားပါ။
– စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ။ ဒီလိုလု်ရာမှာ Brainstorming များများ လုပ်ပေးဖို့နဲ့ ဆွေးနွေးကြဖို့လိုတယ်။ အဓိကလိုအပ်တဲ့အဖြေ ( ဝါ ) ဒီဇိုင်းနဲ့ ပတ်သက်တဲ့ အယူအဆသစ်တွေ၊ အကြံဉာဏ်တွေကို လက်တွေ့လုပ်ကြည့်ပါ။
– အဲဒီနောက် ထပ်မံရရှိတဲ့အကြံဉာဏ်တွေကို ဆီလျော်အောင် စနစ် တကျ အကျဉ်းချုံးပြီး အချောကိုင်ပါ။ ဒီမှာလည်းရရှိထားတဲ့အဖြေ (ဝါ) ဒီဇိုင်းပုံစံကိုကောင်းအောင် အခက်အခဲတွေပပျောက်သွားအောင် ကြံဆပါ။ နောက်ဆုံးအဆင့်မှာ ဘယ်လိုအကာင်အထည်ဖော်မယ်ဆို တာ ကြံဆပါ။
ရရှိထားတဲ့အချိန်က သိပ်နည်းနေတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်တယ်။
– ပထမဦးဆုံး စမ်းတော့ကြည့်ပါဦး။ ( မဖြစ်တော့လည် တောင်းပန်ရုံပါပဲ)
– ရရှိထားတဲ့ပုံစံ၊ ဒီဇိုင်း၊ ဒါမှမဟုတ် အဖြေကို ဈေးကွက်တင်ကြည့်ပါ။
– ပူးပေါင်းကြံဆကြသူတွေထဲမှာ အတတ်နိုင်ဆုံး လူစုံတက်စုံပါဖို့လို တယ်။
– အပြင်က အကြံဉာဏ်တွေ ရယူပါ။
– စုပေါင်းဆွေးနွေးကြံဆကြရာမှာ ရာထူးအဆင့်အတန်း မခွဲခြားသင့်ဘူး။
– သူ့လုပ်ငန်းနယ်ပယ်၊ ကိုယ့်လုပ်ငန်းနယ်ပယ်ရယ်လို့ မခွဲခြားဘဲ လူ အချင်းချင်းဝိုင်းပြီး ပျော်စရာကစားနေရတဲ့ စိတ်ထားမျိုးရှိဖို့လိုတယ်။
– အလုပ်လုပ်ရတဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အလျှော့အတင်းလုပ် ပေးနိုင်ရမယ်။
– စမ်းလုပ်ကြည့်မယ်၊ မအောင်မြင်လည်း ကိစ္စမရှိဘူးဆိုတဲ့ ခံယူချက် ထားပါ။
– ဘယ်တော့အပြီးလုပ်ရမယ်ဆိုတာ သတ်မှတ်ပါ။ ဒါပေမဲ့ အလုပ်လုပ်သူ ကို စိတ်ကူးစိတ်သန်းထုတ်ချိန်လည်း ပေးဖို့လိုတယ်။
ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာအယူအဆချက်များမှ ကူးယူဖော်ပြသည်။