ပင်ကိုစည်းကမ်း

ပင်ကိုစည်းကမ်းရှိဖို့ သင်ပေးပါ

–  ဒေးဗစ်ကန့်ဘဲလမ် တည်ထောင်သူ –

          လူအများစုက မိမိကိုယ်မိမိ `ပင်ကိုစည်းကမ်း´ ရှိသည်ဟု ဒဏ္ဍာရီပုံပြင်တစ်ခုအလား ထင်မှားမှတ်ယူတက်ကြသည်။ `ပင်ကိုစည်းကမ်း´ သည်မွေးရာပါလက်ဆောင်တစ်ခုဖြစ်၍ လူတိုင်းတွင်လည်း ရှိချင်မှရှိပေမည်။
    အမှန်တကယ်တော့ ပင်ကိုစည်းကမ်းကို လူတိုင်း ရယူနိုင်သည်။ အဓိကအချက်မှာ ရယူထားသော ပင်ကိုစည်းကမ်းကို ဖွံ့ဖြိုးအောင်လုပ်၍ လက်တွေ့အသုံးချရန်ဖြစ်သည်။
ပင်ကိုစည်းကမ်းကို ဘာသာစကားတစ်ခုအနေဖြင့် လည်းရှု့မြင်နိုင်လေသည်။ ဘာသာစကားတစ်ခုကို ကလေးများလည်း သင်ယူနိုင်သည်၊ အသက် ၉၀ အရွယ် အဘိုးအို၊ အဘွားအိုတစ်ဦးလည်း သင်ယူနိုင်လေသည်။ အသက် ကိုးနှစ်အရွယ်ပဲဖြစ်ဖြစ်၊ အသက် ၉၀ အရွယ်ပဲဖြစ်ဖြစ် စပိန်နိုင်ငံတွင် လမ်းပျောက်သောအခါ စပိန်ဘာသာစကားတက်ပါက မိမိသွားလိုသည့်နေရာကို ရောက်မည်ဖြစ်သည်။
ဤနေရာတွင် စပိန်ဘာသာစကားသည် `ပင်ကိုစည်းကမ်း´ နှင့် သဘောတရားတူတူပင်ဖြစ်သည်။ လူတိုင်း ဘာသာစကားကိုဖက်၍ မွေးဖွားလာသည်မဟုတ်။ ဘာသာစကားကို သင်ယူနိုင်သည်၊ အသုံးချနိုင်သည်၊ မိမိ ဆန္ဒရှိသလို အနည်းငယ်လည်း အသုံးချနိုင်သည်၊ များစွာလည်းအသုံးချနိုင်သည်။ အသုံးချနိုင်သလောက်အလုပ်ဖြစ်သည်။
    မိမိအနေဖြင့် နိုင်ငံခြားတိုင်ပြည်တစ်ပြည်တွင် ကာလတာရှည်နေထိုင်ပြီး အလုပ်လုပ်ရမည်ဆိုပါက ယင်းနိုင်ငံ၏ ဘာသာစကားကို တက်ကျွမ်းလေလေ ယင်းကို လက်နက်တစ်ခုသဖွယ် အသုံးချနိုင်လေလေ ဖြစ်မည်။ ယင်းဘာသာစကားကို အသုံးပြု၍ ခရီးလမ်းမေးမြန်းနိုင်မည်၊ အကူအညီတောင်းခံနိုငိမည်။ အဘိဓာန်တစ်အုပ်၊ စကားပြောစာအုပ်တစ်အုပ်ကို လက်ဝယ်ထားရှိလေ့လာရုံဖြင့် ဤအတိုင်းအတာအထိအလုပ် ဖြစ်ပါက ကျွမ်ကျွမ်းကျင်ကျင် တက်မြောက်မည်ဆိုလျှင် ထိုထက်ကြီးမားသော အကျိုးရလဒ်ကို ခံစားနိုင်မည်သာ ဖြစ်သည်။
    ပင်ကိုစည်းကမ်းသည်လည်း ဘာသာစကားတစ်ခုနှင့် သဘောတရား အတိအကျတူလေ၏။ ဤအချက်ကို လုအများကယုံကြည်မှုမရှိကြ။ လုအများစုက ပင်ကိုစည်းကမ်းသည် ရှိသည့်လူတွင်ရှိပီး မရှိသည့်လူတွင် မရျိဟု ခံယူထားတက်ကြသည်။ ပင်ကိုစည်းကမ်းသည် လူတစ်ဦး၏ ပင်ကိုစရိုကိလက္ခဏာတစ်ခုဖြစ်ပြီး ထာဝရနေသည့် အသွင်အပြင်တစ်ခုဟုမှတ်ယူတက်ကြသည်။ ထိုအချက်သည် မိုက်တွင်းကျကျ အမှားတစ်ရပ်ပင် ဖြစ်သည်။ ဘဝတစ်ခုလုံးကို ပျက်စီးစေနိုင်သည့်အမှားတစ်ရပ်ပင် ဖြစ်သည်။ သို့သော်လည်း ထိုအမှားကို ပြင်ရန်နောက်မကျသေးဟု ဆိုရမည်။
    ဤကဲ့သို့သော မှားယွင်းယူဆချက်ကို ကြားခဲ့ဖူးသည်။ တစ်ခါက ကုမ္ပဏီအကြီးပကဲတစ်ဦးက `ဒီလူဟာ ပင်ကိုစည်းကမ်းရှိလို့ကတေည့ အရောင်းမှာထိပ်တန်းဖြစ်နေမှာ၊ ခုတော့သူ့မှာ စည်းကမ်းက လုံးဝမရှိဘူး´ ဟု မှတ်ချက်ချခဲ့သည်။
အမှနိတကယ်တော့ ထိုသူတွင် စည်းကမ်းရှိနိုင်သည်၊ အသုံးမချသည်သာ ဖြစ်သည်။ ပင်ကိုစည်းကမ် ဆိုသည်မှာ အသုံးချသည်ဖို့ ဖြစ်သည်။ ရှိရုံရှိဖို့မဟုတ်၊ မိမိရည်မှန်းချက်တစ်ခု ပေါက်မြောက်အောင်မြင်အောင် အသုံးချရမည့် လက်နက်တစ်ခုဖြစ်သည်။ အလိုရှိက အသုံးပြုနိုင်သကဲ့သို့ အလိုမရှိသောအခါ ထားခဲ့နိုင်သည်။
    ပင်ကိုစည်းကမ်းနှင့်ပက်သက်၍ လူအများတွင် ပူပင်မှုများရှိတက်ကြသည်။ မိမိတွင် ပင်ကိုစည်းကမ်းရှိသလား၊ စည်းကမ်းကို မိဘအုပ်ထိန်းသူများကပေးသလား၊ စည်းကမ်းကို အတွေ့အကြုံကြောင့်ရရှိသလား၊ စည်းကမ်းသည် ပင်ကိုမွေးရာပါလား၊ မျိုးရိုးဗီဇ လိုက်သလား အစရှိသော သံသယများမှာ တစ်ခုမှမမှန်ကန်ပါ။ ပင်ကို စည်းကမ်းသည် `ကိရိယာ´ တစ်ခုနင့်တူ၏။ `တူ´ တစ်လက်နှင့်တူ၏။ `အဘိဓာန်´ တစ်အုပ်နှင့်တူ၏။
    ကောင်းစွာနားလည်သဘောပေါက်သော ခေါင်းဆောင်များသည် မိမိ တို့၏ လက်အောက်ငယ်သားများထံမှ အကျိုးတရားများစွာရရှိ ခံစားတက်ကြသည်။ ယင်းပုဂ္ဂိုလ်များသည် မိမိလက်အောက်ငယ်သား တစ်ဥးီစီ၏အကြောင်းကို ကောင်းစွာသိရှိသဖြင့် အောင်မြင်မှုလမ်း ကြောင်းကို ကြိုတင်သိရှိကြသည်။ ထိုအချိန်အခုမျိုးတွင် လက်အောက်ဝန်ထမ်းများထံမှ ဆင်ခြင်ဆင်လက်များ၊ မှားယွင်းသွားသဖြင့် တောင်းပန်မှုမျိုးများ၊ အလုပ်မလုပ်၍ ဒုက္ခရောက်စေမည့် ဝန်ထမ်းများ အစရှိသည့် မနှစ်မြို့စရာ အကြောင့် တရားများကို လက်ခံယူရမည့် အနေအထားသို့ မရောက်တော့ပေ။

ရဲညွန့် (မဟာဝိဇ္ဇာ-နိုင်ဆက်)

Related Posts