ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။ ဒီလမ်းဟာ အန္တရာယ်များတယ်။ ဒုက္ခတွေများတယ်။ ဒီဒုက္ခတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်နိုင်အောင်လို့ ကိုယ်က ရဲစွမ်းသတ္တိ ရှိရမယ်။
Category: အတွေးအခေါ်
ရွှင်လန်းချစ်ခင်မော်ကြည့်လျက် ထူးပင့်မည် တဲ့။ ဒါဟာအထူးသဖြင့် လူငယ်တွေနဲ့ ဆီလျော်ပါတယ်။ ရွှင်ရွှင်လန်းလန်း ချစ်ချစ်ခင်ခင်နဲ့ မော်ကြည့်ရမယ်။ အထက်ကိုကြည့်ရမယ်။
မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံမှာ ချမ်းသာနေရတာ အင်မတန်မှ ရှက်ဖို့ကောင်းပါတယ်။ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ မရှက်သင့်တဲ့ နေရာမှာ ရှက်နေကြပါတယ်။
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။ ဆိုတာ လူတစ်ဦးတစ်ယောက်ဟာ ပေးလို့ရှိရင် တကယ့်စေတနာနဲ့ပေးရင် ငါပေးတယ်၊ ငါပေးတယ်၊ ငါပေးတယ် လို့ ပြောနေစရာ မလိုဘူး။ တစ်ချိန်လုံးလည်း စိတ်ထဲမှာ ဒီလူကို ငါပေးခဲ့တာပဲ။ ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ ထားလို့ရှိရင် တကယ်စစ်မှန်တဲ့ စေတနာ မဟုတ်ဘူး။