hapeye

ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။

ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။ ဒီလမ်းဟာ အန္တရာယ်များတယ်။ ဒုက္ခတွေများတယ်။ ဒီဒုက္ခတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်နိုင်အောင်လို့ ကိုယ်က ရဲစွမ်းသတ္တိ ရှိရမယ်။

ရဲစွမ်းသတ္တိဆိုတာ ကြောက်လျက်နဲ့ မှန်တာကို လုပ်ရဲတာ သတ္တိအစစ်အမှန်ပဲ။

ဒီခေတ်မှာ ဆိုလို့ရှိရင် မှန်တာလုပ်တဲ့သူတွေ အများကြီး အချုပ်အနှောင် ခံရတယ်။ အများကြီး ဒုက္ခခံရတယ်။ ဒါပေမဲ့လည်း မှန်တာမို့လို့ ဆိုပြီးတော့ လုပ်ရဲတဲ့ သတ္တိရှိရမယ်။ ဒါ့ကြောင့် ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။ တဲ့

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts