ဘဝမှာ အခက်အခဲဆုံး သင်ခန်းစာတွေကို ရယူနိုင်စွမ်းရှိသူတွေကသာ အောင်ပွဲခံမှာပါ။
ကျမနေအိမ်မှာ အကျယ်ချုပ်နဲ့ အဖမ်းခံထားရစဉ် ကာလမှာ အဖိုးထိုက်တန်ဆုံး သင်ခန်းစာကို ရာဘင်ဒြာနတ်တဂိုး သီကုံးဖွဲ့ဆိုထားတဲ့ ကဗျာတစ်ပုဒ်ကနေ ကျမ ရယူနိုင်ခဲ့ပါတယ်။

လူတိုင်း လူတိုင်းဟာ စိတ်နှိမ့်ချ တဲ့ အရည်အချင်း ရှိရမယ်။ ကိုယ့်ကိုယ်ကို သိပ်ပြီးတော့ အထင်ကြီးလို့ရှိရင် နောင်တိုးတက်မှု မရှိနိုင်ဘူး။
အထူးသဖြင့် လူငယ်ကျောင်းသားများဟာ ကောင်းတဲ့ အကျင့်စာရိတ္တတွေ မွေးရမယ်။ ကိုယ့်ကို ယုံကြည်တဲ့သူများ ရှိလို့ရှိရင် ကိုယ်က ဖြောင့်မတ်ဖို့ တာဝန်ရှိတယ်။
ကျွန်မငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ ဒီကဗျာကတော့ အင်္ဂလိပ်ဘာသာက ပြန်ထားတဲ့ ကဗျာပဲ။ လူငယ်များနဲ့လည်း အင်မတန်မှ စပ်ဟပ်တယ်လို့ ကျွန်မထင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီကဗျာစာသားအရ ကျောင်းသားများကို မှာချင်ပါတယ်။