ဝက်နံရိုးဟင်းချို

ဝက်နံရိုးဟင်းချို

ပါဝင်သောပစ္စည်းများ

  • ဝက်နံရိုး – သုံးဆယ်ကျပ်သား
  • မုန်ညင်းရွက် – နှစ်ပင်
  • မုန်လာဥဖြူ – သုံးဥ
  • ချင်း – တစ်လက်မတစ်ဝက်
  • ကြက်သွန်ဖြူ – နှစ်ဥ
  • ပဲငံပြာရည်အကြည်- နှစ်ဇွန်း
  • ဆား – အနည်းငယ်
  • သကြား – အနည်းငယ်
  • တရုတ်နံနံ – နှစ်ပင်

ပြုလုပ်နည်းအဆင့်ဆင့်

*ဝက်နံရိုးများကို ရေဆေးပြီး ဆား၊ ငံပြာရည် နယ်ထားပါ။ မုန်ညင်းရွက်ကို လက်၂ဆစ်ခန့် လှီးဖြတ်ထားပါ၊၊ မုန်လာဥဖြူကို အခွံသင်ပြီး လက်၂ဆစ်ခန့် အတုံးကလေးများ လှီးဖြတ်ထားပါ။

*ချင်းကို ဓားပြားရိုက်ထားပါ။ ကြက်သွန်ဖြူကို အခွံသင်ပြီး ထက်ခြမ်း ခြမ်းထားပါ။ မီးဖိုပေါ်တွင် အိုးတင်ပြီး သကြားအနည်းငယ် ထည့်လှော်ပါ။ အရောင်ညိုလာလျှင် ဝက်နံရိုးများထည့်ပြီးမွှေပါ။

*ဝက်နံရိုးနူးစေရန် ရေအနည်းငယ်ထည့်၍ ပြုတ်ပါ။ ဝက်နံရိုးနူးအောင် ပြုတ်ပါ။ ဝက်နံရိုးများ နူးသွားလျှင် မုန်လာဥဖြူထည့်ပါ။ မုန်လာဥ နူးအောင်တည်ပါ။ အပေါ့အငန်အတွက် ကြက်သားမှုန့်ထည့်ပါ။ အနေတော်လျှင် မုန်ညှင်းရွက်၊ တရုတ်နံနံ အုပ်လိုက်ပါ။

*ကြက်သွန်ဖြူထည့်ပြီး နူးအောင်တည်ရမည်။ ငရုတ်ကောင်းကြိုက်လျှင် ထည့်ပြီးသုံးဆောင်ပါ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts