စာမေးပွဲ

အကြောင်း အမျိုးမျိုးကြောင့် ဆယ်တန်း စာမေးပွဲ ကျလို့ စိတ်ညစ်နေတာလား

စာမေးပွဲ တစ်ခုကျရှုံးသွားတာက ဘဝတစ်ခုလုံးဆုံးရှုံးသွားတာမဟုတ်ပါဘူး။အကယ်၍ သင်ဟာ ဆယ်တန်း စာမေးပွဲ ကျသွားခဲ့ရင် ရည်မှန်းချက် ၊ အိမ်မက်တွေပျောက်သွားတာလို့ကိုယ်ကိုကိုယ် ကောက်ချက်မချလိုက်ပါနဲ့ ။ နိုင်ငံကျော် ထိပ်တန်းစီးပွားရေးပညာရှင် ” Jack ma” တောင်စာမေးပွဲတွေကိုအခါခါ ကျခဲ့ဖူးပါတယ် ။ ဒါပေမဲ့သူ့ရဲ့ မလျော့သော ဇွဲ တွေကြောင့် “alibaba” ကိုတောင်ပိုင်ဆိုင်ပြီး သန်းကြွယ်သူဋ္ဌေး တစ်ယောက်ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ့်စိတ်ဓာတ်ကျမနေဘဲနဲ့ “Jack ma”လို အရှုံးမပေးဘဲ ကြိုးစားကြပါ။ ရည်မှန်းချက်လမ်းကြောင်းမရှိခဲ့ရင်ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်လဲဆိုတာ မေးပြီးပြန်လည်ကြိုးစားသင့်ပါတယ်။ဒီအချက်တွေကတော့မဖြစ်မနေ လုပ်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

    သင်စာမေးပွဲကျသွားပြီဆိုရင် ပထမဆုံးသင်က အိမ်နီနားချင်းတွေ၊ အမျိုးတွေ၊ သူငယ်ချင်းတွေ ကိုရင်ဆိုင်ရဲမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။”ချီးမွမ်း (၇) ရက် ကဲ့ရဲ့ (၇) ရက် ပါပဲ”။ အဲ့အတောအတွင်းမှာ ထိုပြောစကားတွေကို ခံစားနေပြီးတော့ ကိုယ့်ကိုကိုယ် အချိန်မဖြုန်းမနေပါနဲ့။ ငါ လုပ်စရာရှိတာလုပ်ဖို့အတွက် အားပြန်မွေးလိုက်ပါ။
    
ကိစ္စအားလုံးပြီးသွားပြီဆိုရင်တော့ ဒီအချက်တွေကို လိုက်လုပ်လိုက်ပါ

ရလဒ်ထွက်စဉ်အတောအတွင်းမှာ ကိုယ့်ကိုစိတ်သက်သာရာရစေမယ့်နည်းလမ်းများကိုသုံးပါ

    အားလုံးဖြစ်ပျက်ခဲ့ပြီးရင်တော့ ကိုယ့်ရဲ့စိတ်ကိုဖြေလျော့အောင် လုပ်ဖို့က အလွန်အင်မတန်မှအရေးကြီးပါတယ်။
ဂျောင်ထဲမှာ မှိုင်တွေမနေဘဲနဲ့ ကိုယ့်ကိုအသစ်တဖန်ပြန်လည်လန်းဆန်းစေမဲ့ အရာမျိုးတွေကိုသာရှာဖွေပြီးတော့ လုပ်ပါ။
တရားမှတ်ခြင်း၊ ဘောလုံးကန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ချင်းတွေက သင့်ရဲ့စိတ်ကိုလန်းဆန်းစေနိုင်ပါတယ်။

ကိုယ့်ကိုစိတ်ဒုက္ခရအောင် ဖိအားပေးတဲ့သူကို အတတ်နိုင်ဆုံးရှောင်ပါ

    တစ်ခါတလေကျရင် ကိုယ့်အနီးအနားမိတ်ဆွေ တွေနဲ့ သူငယ်ချင်း တွေကအောင်စာရင်းရလဒ်နဲ့ပတ်သက်ပြီး သင့်ကိုကြိုးစားချင်စိတ်မရှိအောင်ပြောဆိုနိုင်ပါတယ်။ ဒီလိုစကားမျိုးတွေကို အာရုံမထားဘဲနဲ့ ကိုယ်ပြန်လည်ကြိုးစားမယ့်ဟာကိုပဲ ဂရုစိုက်ပြီးဆက်သွားပါ။

အမှတ်စာရင်းထုတ်ပါ

     သင်စာမေးပွဲ ကျခဲ့ရင်တော့ အရင်ဆုံးအမှတ်စာရင်းထုတ်ပါ။ မထုတ်ဘဲနဲ့တော့ မနေပါနဲ့။ အမှတ်စာရင်းရလာပြီဆိုရင်တော့ သင့် မိဘတွေ၊ဆရာ၊ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဘာလုပ်သင့်လဲဆိုတာ စဉ်းစားပါ။

Related Posts