ဘဝသည်

ဘဝသည် စစ်ပွဲတစ်ပွဲဖြစ်သည်ဟု
တစ်ချို့လူများက ထင်ကြသော်လည်း အမှန်တကယ်တွင်
ပေးခြင်းနှင့် ယူခြင်းပါဝင်သောကစားနည်းတစ်ခုသာ ဖြစ်သည်။

ဟိုးရင့်စ်စကိုဗယ်ရှင်း
အတွေးအခေါ်ပညာရှင်၊ စာရေးဆရာ

    အောက်ပါကွက်လပ်ကို မိမိ၏ခေါင်းထဲတွင် ပထမဦးဆုံး ပေါ်လာသော စကားလုံးဖြင့် ဖြည့်ပါ။

    ‘ ဘဝသည် ……………………………………………………. တစ်ခုဖြစ်သည် ’

    စိတ်ထဲတွင် မည်သည့်စကားလုံးပေါ်လာသနည်း။ ( ကားဘန်ပါ ပေါ်တွင်ကပ်ထားသော စတစ်ကာပေါ်တွင်ရေးထားသည့် ‘ဘဝသည် ခွေးတစ်ကောင်ဖြစ်သည်။ နောက်ဆုံးတွင် သေဆုံးရသည်’ ဟူသော စကားမျိုးတော့ မဖြစ်ပါစေနှင့်။ ) မည်သည့်မတွေးပဲပေါ်ပေါ် သေချာသည်များကတော့ မိမိလက်ရှိ တကယ် ရင်ဆိုင် နေရသောဘဝသည်သာ အစစ်အမှန် ဖြစ်သည်။ ဘာအဖြေ ထွက်လာသလဲ။ အလယ်တန်းအဆင့် မန်နေဂျာမျာအား မေးကြည့်သောအခါ အများစုက ‘ဘဝသည် တိုက်ပွဲ တစ်ခုဖြစ်သည်’ ဟု ဖြေကြသည်။ အကြီးတန်းအမှု ဆောင်အရာရှိ များအား မေးကြည့်သောအခါ ‘ဘဝသည် ဂိမ်းတစ်ခု (ကစားနည်းတစ်ခု) ဖြစ်သည်’ ဟု ဖြေကြသည်။

    ရွေးရမည်ဆိုပါက မည်သည့်ဘဝပုံစံမျိုးကို ရွေးမည်လဲ။ တွန်အားပေးနိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ဘဝသည် ဂိမ်းတစ် ဖြစ်သည်ကို မိမိ၏လူများအား ပြကောင်းပြချင်လိမ့်မည်။ ဘယ်လိုလှုပ်ရှားမှုမျိုးက ဂိမ်းဖြစ်မလဲ။ ဂိမ်းဟုဆိုပါက အမှတ်ရမည်။ အနိုင်အရှုံးသိရန် ဖြစ်သည်။ ထိုအချိန်တွင် ပျော်စရာဖြစ်လာမည်။

    ဂိမ်းတစ်ခုကို အနိုင်ရပါက ရရှိမည်ဆုများ အမျိုးမျိုးရှိသော်လည်း ဂိမ်းကစားရသည်ကိုက ပျော်စရာဖြစ်သည်။ ဤဂိမ်းကစားခြင်းကို မိမိ၏ဘဝနှင့် မည်သို့ပေါင်းစပ်မည်နည်း။

    စာရေးသူရဲ့သူငယ်ချင်းလည်းဖြစ်၊ နည်းပေးလမ်းပြလည်းဖြစ်သည့် ချက်ကွန်ရက်သည် စီမံခန့်ခွဲရေးဆိုင်ရာ အတိုင်ပင်ခံတစ်ဦး ဖြစ်ပြီး ရောင်းကောင်းသည့်စာအုပ် “The Game of Work” ၏ စာရေးဆရာဖြစ်သည်။ သူက အလုပ်အားဂိမ်းတစ်ခုဖြစ်စေရန် စနစ် တစ်ခု ဖန်တီးတားသည်။ ချက်သည် တစ်ချိန်က စားသောက်ကုန်လုပ် ငန်းတစ်ခု၏ အစားအစာများ ရေခဲထားရာအအေးခန်းတွင် အလုပ်လုပ်ရလေသည်။ အလုပ်ရှင်မှာ အလုပ် အလုပ်သမားများကို အလွန်ဂရုစိုက်သည်။ အလုပ်သမားများအား တစ်နာရီတစ်ခါ အနွေးဓာတ် ရစေရန် အနားပေးသည်။ လစာကို လည်း ကောင်းကောင်းပေးသည်။ သို့သော် လည်းအလုပ်သမားများကတော့ အရိုးစိမ့်အောင်အေးသည့် အအေးဓာတ်ကြောင့် ညည်းညူကြပေးဦးမည်။

    ထိုအလုပ်သမားများကို ရိုင်ဖယ်တစ်လက်စီပေး၍ အအေးခန်းထက်ပင် အလွန်ဆိုးဝါးသော ရာသီဥတုတွင် တောလိုက်ခိုင်းပါက ပျော်စရာကောင်းဟုပင် ဆိုဦးမည်။ ပိုက်ဆံလည်း တောင်းမည်မဟုတ်၊ သူတို့ကပင် ပြန်ပေးဦးမည်၊ ချက်က ဤသို့ဆိုလေသည်။ အတွေးအခေါ် ပညာရှင်စာရေးဆရာကြီး တွမ်ဆောရာ၏ အဆိုအရ အလုပ်ကို ပျော်ရွှင်စရာဖြစ်လာစေရန် လူအများစုက ပျင်းရိငြီးငွေ့ဖွယ်ဟု မှတ်ယူထားသည်ကို ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။

    ရန်ဒီ ဟုခေါ်သောပုဂ္ဂိုလ်သည် အလုပ်သမားများ အလုပ်တက်ရန် ပျက်ကွက်ကြသည့် ပြဿနာကို ရင်ဆိုင်နေရလေသည်။ ဤပြဿနာကို ဖြေရှင်းရန် လပေါင်းများစွာ အချိန်ယူကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆိုးတွင် ဂိမ်းကစားနည်းမျိုး အသွင်ဖြင့်ပေါ့ပေါ့ပါးပါး ဖြေရှင်းမှဖြစ်မည်ဟု သဘောပေါက်လာသည်။ ရန်ဒီက ဂိမ်းတစ်ခု ဖန်တီးလိုက်သည်။ ( ခေါင်းဆောင်များသည် ဖန်တီးသည်။ မန်နေဂျာများသည် တုံ့ပြန်ဆောင်ရွက်သည် ) တစ်လအတွင်း အလုပ်မှန်မှန် တက်သည့်ဝန်ထမ်းများအား ဖဲတစ်ချက်ပေးသည် ဖဲချက်ကို ဖဲထုပ်ထဲမှ ကျပန်းဆွဲထုတ်၍ ပေးသည်။ အလုပ်သမားက ယင်းဖဲချက်ကို ယင်း၏အခန်းငယ်အတွင်း သိမ်းထားသည်။ ခြောက်လကြာတွင် ပိုကာ ကိန်းဂဏန်း အမြင့်ဆုံးလူက အမြင့်ဆုံးဆုကို ရရှိပြီး ဒုတိယ၊ တတိယဆုများလည်း ချီးမြှင့်သည်။ နောက်ဆုံးတွင် အလုပ်ပျက်ကွက် ခြင်းပြဿနာ ပပျောက်သွားလေတော့သည်။ အဓိကပြဿနာ ပြေလည် သွားသော်လည်း နေမကောင်းသူများပင် ဂိမ်းစနစ်ကြောင့် အဖျားရှိ လျက်နှင့်ပင် အလုပ်ကို လာကြလေတော့သည်။

    ချက်သည် ‘ စီမံခန့်ခွဲမှုဖွံ့ဖြိုးရေးပရိုဂရမ် ’ ရောင်းချရသော လုပ်ငန်းတွင် လေးနှစ်အကြာလုပ်လာ ပြီးသည့်အချိန် တွင် ပရိုဂရမ် ရောင်းရန် အရေးကြီးသောတွေ့ ဆုံမှုတစ်ခု ပြုလုပ်ရလေသည်။ သူ တွေ့ဆုံရသည့်သူမှာ အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ထုပ်လုပ်ရေး မန်နေဂျာ ဖြစ်သည်။ ထိုပုဂ္ဂိုလ်က ချက်ကွန်ရက်အား ‘ကလေးများ’ သင်ခန်းစာပေးဖို့ စလေသည်။ ကလေးများသည် ဂရုစိုက်၊ အလုပ်မလုပ်၊ လူကြီးများကဲ့သို့ မဟုတ်ဟု ဆိုလေသည်။

    ဤသို့စကားပြောနေစဉ် စီမံခန့်ခွဲရေး ရုံးမှ အောက်ဘက် ပေ ၃၀ ခန့်ရှိ စက်ရုံကြမ်းပြင်သို့ လက်ညှိုးထိုးပြလေသည်။ မန်နေဂျာ လက်ညှိုးထိုးပြသည့် နေရာတွင် လူငယ်ရှစ်ဦးသည် အိမ်၏ဘေးအကာကို ထုရိုက်တက်ဆင်နေလေသည်။ ထိုအခါ မန်နေဂျာက ချက်အား ‘ခဗျား နဲ့ ခင်ဗျားရဲ့ ပရိုဂရမ်က ဘာလုပ်ပေးမှာလဲ’ ဟု မေးလေသည်။

    ‘ခင်ဗျားလူတွေက ပက်ကျိတွေ စိုစွတ်တဲ့ သံမံတလင်းပေါ် သွားနေသလိုပဲ’ ဟု ချက်က ပြောလိုက်သည်။ မန်နေဂျာ၏ ကန့်ကွက် စကားကို ချက်က မည်သို့မျှမတုံ ပြန်နုင်ခဲ့။ စကားတစ်ခွန်းမှလည်း ပြန်မပြောနိုင်။

    ထိုစဉ် အခိုက်တွင် အံ့အားသင့် စရာတစ်ခု ဖြစ်လာသည်။ နေ့လယ်စာ ထမင်းစားခေါင်းလောင်းတီးသည်နှင့် ထို လူငယ်ရှစ်ဦးမှာ လျှပ်စစ်ဓာတ်အတို့ ခံလိုက်ရသကဲ့သို့ တူများကို ပစ်ချပြီး ကိုက် ၅၀ ခန့်အကွာတွင် ရှိသော ဘတ်စကက်ဘောကွင်းသို့ အသော့နှင်လေတော့သည်။ မိနစ် ၂၀ ခန့်ကစားပြီးသည့်အခါမှ ယင်းတို့၏ ထမင်းချိုင့်များကို ဆွဲကိုင်လျက် နေ့လယ်စားပြီးသည့်အခါမှ ယင်းတို့၏ ထမင်းချိုင့်များကို ဆွဲကိုင်လျက် နေ့လယ်စာ စားလေသည်။ တစ်နာရီထိုးသည်နှင့် အလုပ် ခွင်သို့ ပြန်ဝင်ပြီး တူများကိုင်ကြလေသည်။

    ထိုအခါ ချက်က ဒီကလေးကို တွန်းအားပေတဲ့ နေရာမှာ အမှားမရှိပါဘူးဟု မန်နေဂျာအား ပြောလိုက်သည်။ သို့သော်လည်း ချက်တွေးမိသည်မှာ ဘတ်စကတ်ဘော ကွင်းပေါ်တွင် တွေ့ရသည့် စိုက်ထုတ်သည့်ခွန်အား၊ စိတ်ပါဝင်စားမှုနှင့် လုပ်ဆောင်မှုကို လုပ်ငန်းခွင်သို့ မည်ကဲ့သို့ လွဲပြောင်းယူ နိုင်သနည်းဟူ သောအချက်ပင် ဖြစ်သည်။ ချက်အနေ ဖြင့် နောက်ဆုံးတွင် စွမ်းဆောင်နိုင်ခဲ့သည်။ လုပ်ငန်းလောကတွင် ဒဏ္ဍာရီဆန်ဆန် ဖြစ်ခဲ့သည်။

    အပန်းဖြေသည့်နည်းလမ်းဖြင့် တွန်အားပေးပြီး ယင်းတွန်းအားကို လုပ်ငန်းခွင်မထိ ပို့ဆောင်ရန် လိုအပ်သည်ဟု ချက်ကွန်ရက်က တွေ့ရှိလာခဲ့သည်။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts