ဟစ်တလာ

ဂျာမနီနိုင်ငံခေါင်းဆောင်(၁၉၃၄-၁၉၄၅)

ဒုတိယကမ္ဘာစစ်ကြီးကိုဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ နာဇီပါဝင်တို့၏ဖခင်ကြီး၊ ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အာဏာရှင်ဟုအမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီးဟစ်တလာ၏ နာမည်အပြည့်စုံမှာ “အားဒေါလ်ဖ်ဟစ်တလာ” (Adolf Hitler) ဖြစ်သည်။

ဟစ်တလာကိုသြစတြီးယားပြည်နှင့် ဘာဗေးရီးယားပြည်နယ်စပ်ရှိအင်းမြစ်နံဘေးဘ‌ရောနှောမြို့ကလေးတွင်ဖခင်အဟစ်တလာနှင့်အနယ်နယ်ပြာင်း ရင်းလိုက်ပါ နေထိုင်ခဲ့ ကြသည်။ ‌ရောက်ရာရာအရပ်တွင်ဟစ်တလာမှာမူလ တန်း ပညာကိုသင်ယူခဲ့ရသည်။၁၉၀၀ပြည့်နှစ်တွင်လင့်ဇ်မြို့မှရီးရဲအလယ်တန်း‌ ကျောင်းတွင်အလယ်တန်းပညာကိုဆက်လက် သင်ကြားခဲ့သည်။၁၉၀၃ခုနှစ်တွင်ဟစ်တလာ၏ဖခင်အလွိုက်ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ဟစ်တလာမှာ ‌ကျောင်းနေခွင့်မရတော့‌။ ဘဝရပ်တည် ရေးကိုခက်ခဲပင်ပန်းစွာရပ်တည်ခဲ့ ရသည်ဆို၏။

ထိုမှတစ်ဖန်မိခင်ဖြစ်သူအလိုကျကက်သလစ်ဘာသာဝင်အဖြစ်ခံယူခဲ့ရ ပြီးစတီးယားကျောင်းတွင်ဆက်လက်ပညာ သင်ကြားခဲ့ပြန်ပြီး အသက် ၁၆ နှစ်တွင် ကျောင်းထွက် ခဲ့ရသည်။ ဟစ်တလာသည်ပန်းချီအနုပညာကိုဝါသနာပါခဲ့ ပြီးအသက် ကြီး လျှင် ပန်းချီဆရာအဖြစ်အသက်မွေးမည်ဟုဆုံးဖြတ်ခဲ့ဖူးသည်ဆို၏။ မိဘများက အစိုး ရအ လုပ် ကို လုပ်စေချင်ခဲ့သည်ဆို၏။ ဟစ်တလာသည် ကျောင်းစာလည်းညံ့ခဲ့သည်။ကျောင်းထွက်လက်မှတ်ကို မရရှိခဲ့။ ၁၉ဝ၅ ခုနှစ်တွင် ကျောင်းမှထွက်ခဲ့သည်။ ပုံများ၊ ပန်းချီများကို အချိန်ပြည့်ဆွဲကာ အချိန်လွန်ခဲ့သည် ဆို၏။

ဟစ်တလာသည် ၁၉ဝ၆ ခုနှစ်တွင် ဗီယင်နာမြို့သို့ အလည်အပတ် ရောက်သွားခဲ့သည်။ ဗီယင်နာမြို့မှာ အနုပညာ ထွန်းကားသော မြို့ကြီးဖြစ်သောကြောင့် သူအလွန်ပျော်ခဲ့သည် ဆို၏။ ထိုမြို့ကြီး၏ ကြီးကျယ်ခမ်းနားမှု အနုပညာများကသူ့ကို ပန်းချီဆရာဖြစ်ချင်စိတ်ကို ပို၍ တွန်းပို့ခဲ့သည်ဆို၏။ ထို့ကြောင့် သူ့မိခင်ကြီး တားဆီးနေသည့်ကြားမှ ၁၉ဝ၇ ခုနှစ်တွင် လင်ဇ်မြို့ ကလေးကိုစွန့်ခွာ၍ ဗီယင်နာမြို့သို့ ထွက်ခွာခဲ့သည်ဆို၏။ သို့သော် သူသည် အနုပညာသိပ္ပံကျောင်းကြီးကို ဝင်ခွင့်မရ။ အရည်အချင်း မမီ၊ သူ စိတ်မလျှော့ဘဲ ဆက်လက် ကြိုးစားနေစဉ်မှာပင် သူ့ မိခင်ကြီး ကွယ်လွန်ခဲ့၍ လင့်ဇ်မြို့သို့ ပြန်ခဲ့ရသည်။

၁၉ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီယင်နာမြို့သို့ ပြန်ရောက်ရှိခဲ့ပြီး အနုပညာသိပ္ပံကျောင်းကြီးတွင် နေခွင့်ရရန် ကြိုးစားပြန်၏။ သို့သော် မရခဲ့။ ဟစ်တလာသည် စိတ်ပျက်လက်ပျက်နှင့် ၅ နှစ်လုံးလုံး ဖြစ်သလိုနေ ဖြစ်သလိုစား မထင်မရှားနေခဲ့ရသည်။ ဗီယင်နာမြို့ကြီးတွင် သူ့ဘဝသည် ကူကယ်ရာမဲ့နှင့် ၁၉ဝ၉ ခုနှစ်မှ ၁၉၁၃ ခုနှစ်ထိ ပခုံးထမ်းအလုပ်ကြမ်းသမား၊ အပေါစား ပန်းချီဆရာအဖြစ်မျိုးနှင့် နေထိုင်ခဲ့ရသည်ဆို၏။ငွေရှင်သူဌေးကြီးများ၏ ကုသိုလ်ဖြစ် ဟိုတယ်များတွင် နေထိုင်ခဲ့ရ၏။ အမြဲတမ်း ငတ်မွတ်စုတ်ပြတ်နေသည့် ကာလများဟု ဟစ်တလာကိုယ်တိုင် ရေးသားခဲ့၏။ ဟစ်တလာ ပန်းချီဆွဲသည့်ကားများတွင် ‘အေ ဟစ်တလာ’ဟု လက်မှတ်ထိုးလေ့ရှိ၏။ အဒေါ့ဖ်စ်ဟစ်တလာ အတိုကောက်အမည်ဟူ၏။ ထိုမှဟစ်တလာ၏ ဘဝအချိုးအကွေ့များသည် ဘဝပေးအသိများအရ နိုင်ငံရေးသမားတစ်ယောက်အဖြစ်သို့ တဖြည်းဖြည်း ဦးတည်လာခဲ့သည် ဆို၏။

ဟစ်တလာသည် စာများကို ပိုဖတ်ဖြစ်လာ၏။ ပို၍ တွေးတောဆင်ခြင်နိုင်လာ၏။ သတင်းစာများကို ပို၍ ဖတ်ရှုလာ၏။ စကားကို လူအများ စိတ်ဝင်စားလာအောင် ကျယ်လောင် ကျယ်လောင် ပြောလေတော့၏။ ဘီယာဆိုင်များတွင် လက်ဖက်ရည်ဆိုင်များတွင် ပို၍ ပြောခဲ့သည်ဆို၏။ နိုင်ငံရေးစကားများ ပို၍ပြောရင်း ရန်ဖြစ်သည်၊ ပြန်လည်ချေပသည်၊ လက်သီးလက်မောင်းတန်းရင်း ဂျူးများ၊ ဘုန်းကြီးများ၊ ဆိုရှယ်လစ်များ၊ ဘုရင့်ဆွေတော်မျိုးတော်များကို မုန်းတီးကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်ဆို၏။

ဟစ်တလာသည် ထိုအချိန်များမှာပင် စိတ်ကြီးဝင်နေခဲ့ပြီဆိုကြ၏။ သူ့ကိုယ်သူ အလွန်မြင့်မြတ်သူဟု ထင်နေခဲ့ပြီ ဆိုကြ၏။ ဘဝင်မြင့်နေ၏။ သူ့ကိုယ်သူနှင့် အနီးမှလူများကို ဂျာမန်အမျိုးအနွယ်များသည် မြင့်မြတ်သော မဟာမျိုး မဟာနွယ် များဖြစ်သည်။ ထို့ကြောင့် မိမိတို့လူမျိုးမှသာ နိုင်ငံရေး၊ ယဉ်ကျေး မှု ပို၍ မြင့်မားသည်၊ ပို၍ကြွယ်ဝသည်။ ထို့ကြောင့် ‘မဟာဂျာမနီ နိုင်ငံတော်ကြီး’ကို ထူထောင်ကြရမည်ဟူသော အတွေးနှင့်စကားမျိုးကို ပြောဆိုခဲ့သည်ဆို၏။

၁၉၁၃ ခုနှစ်တွင် ဗီယင်နာမြို့မှ ဟစ်တလာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး စစ်ထဲမဝင်မနေရအမိန့်ကိုဖီဆန်၍ ရှောင်ထွက်သွားခဲ့သည်ဆို၏။ ထိုမှ မြူးနစ်မြို့သို့ ရောက်သွားခဲ့သည် ဆို၏။ မြူးနစ်တွင်လည်း ဘီယာဆိုင်တွင် ဟစ်တလာသည် နိုင်ငံရေးစကားများကိုသာ ကြီးကြီးကျယ်ကျယ် ပြောဆိုနေခဲ့သည် ဆို၏။ သို့သော် ဟစ်တလာ ကံကြမ္မာအလှည့်အပြောင်းဖြစ်စေရန် ကမ္ဘာကြီးတွင် စစ်မီးကြီးလောင်ခဲ့သဖြင့် လူအများက နိုင်ငံရေးကို စိတ်ဝင်စားချိန် ကာလကြီးပင်တည်း။

၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဟစ်တလာဘဝ အထူးပြောင်းလဲစေခဲ့သော မြူးနစ်မြို့၊ အိုဒီအုံ ပလာဇာကွင်းပြင် ကြီး၏ လူထုတရားပွဲမှ စတင်ခဲ့လေသည်။ ဂျာမန်မှ ရုရှားပြည် ကြီးကို စစ်ကြေညာခဲ့ခြင်း၊ ဂျာမန်အမျိုးသားတိုင်း စစ်ထဲဝင်ကြရသလို ဟစ်တလာလည်း စစ်မှုထမ်းစစ်သား ဖြစ်ခဲ့လေ၏။ မထင်မရှား စစ်သားလေးဘဝ၊ စစ်တပ်ထဲတွင် ဆက်သားတာဝန်၊ ၁၉၁၅-၁၉၁၆ ခုနှစ်တွင် ခြေထောက်တွင် သေနတ်မှန်ကာ ဒဏ်ရာရခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် တပ်ကြပ်ကလေးဘဝ၊ တပ်သားကျော် ဆုတံဆိပ် ရရှိခဲ့သည်။ စစ်မြေပြင်တွင် သူတစ်ယောက်တည်းမှ ပြင်သစ်စစ်သား ၁၅ ယောက်ကို လက်ရဖမ်းဆီးခဲ့‌သောကြောင့် ဟူ၏။ ၁၉၁၈ ခုနှစ် တိုက်ပွဲတစ်ခုတွင် ဟစ်တလာသည် ဓာတ်ငွေ့မိပြီး သတိလစ်သွားသဖြင့် စစ်ဆေးရုံသို့ ပို့ပေးခဲ့ကြရသည်။ မျက်စိများ ယာယီ ကန်းသွားကာ ကိုယ်တစ်ပိုင်းလည်း သေသွားခဲ့သေးသည် ဆို၏။ မကြာခင် ပျောက်ကင်းခဲ့လေ၏။ ထိုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ပြီးခဲ့လေ၏။ ဂျာမနီတို့ စစ်ရှုံးခဲ့လေ၏။ ဟစ်တလာတို့ ငိုခဲ့ရလေ၏။

ထိုအချိန်မှစ၍ ဟစ်တလာသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ ၁၉၁၉ နှစ်အထိ စစ်တပ်ထဲတွင်နေခဲ့၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီလတွင်မြူးနစ်မြို့သို့ ပြန်လာခဲ့သည်။ ထိုကာလတွင် ဂျာမနီနိုင်ငံရေးမှာ အလွန်ရှုပ်ထွေးနေလေ၏။ နေ့စဉ် တရားပွဲများ၊ ဆန္ဒပြပွဲများ၊ ဆူပူမှုများမပြတ် ရှိနေခဲ့သည့် ကာလများလည်း ဖြစ်သည်။ ထိုကာလတွင် မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ်ဌာနချုပ် လက်အောက်ရှိ နိုင်ငံရေးဌာနတွင် ပုံနှိပ်လုပ်ငန်းနှင့် သတင်းဖြန့်ချိရေးဌာနတွင် ဟစ်တလာ အလုပ်လုပ်ခဲ့ရသည်။ ထိုမှ နိုင်ငံရေး နည်းပြသင်တန်းတက်ခဲ့ရပြီး နိုင်ငံရေးနည်းပြအရာရှိ ဖြစ်လာခဲ့သည်။ ထိုမှ ဂျာမန်အလုပ်သမားပါတီနှင့် စစ်တပ်အကြား ညှိနှိုင်းရသော အရာရှိအဖြစ် စေလွှတ်ခြင်းခံရသည်။ ထိုမှ ဂျာမန် အလုပ်သမားပါတီသို့ ခြေစုံပစ်ဝင်ခဲ့ပြန်သည်ဆို၏။ ထိုပါတီတွင် ဟစ်တလာသည် ဝါဒဖြန့်ချိရေးတာဝန်ခံ ဖြစ်ခဲ့လေ၏။

၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပထမ ဦးဆုံးသော လူထုတရားပွဲကြီးကို ဂျာမန် အလုပ်သမားပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ပရိသတ်နှစ်ထောင်နီးပါးမျှ တက်ရောက်ခဲ့ သည်ဆို၏။ ထိုပွဲတွင် ဟစ်တလာ၏အမည်လည်း စတင်ကျော်ကြားခဲ့လေ၏။ ဂျာမန်အလုပ်သမားပါတီကိုလည်း အမျိုးသားဆိုရှယ်လစ်ဂျာမန်အလုပ်သမားပါတီ ဟူ၍ အမည်ပြောင်းခဲ့လေ၏။ ထိုပါတီ၏ အတိုကောက်နာမည်မှာ ‘နာဇီ’ပါတီ ဟူ၏။ ဥက္ကဋ္ဌကြီးမှာဟားရားဖြစ်ပြီး မကြာခင်မှာပင် ဟစ်တလာနှင့် သဘောမတိုက်ဆိုင်၍ နုတ်ထွက်သွားခဲ့သည်။ ထိုကာလတွင် ဟစ်တလာ၏စည်းရုံးမှုကြောင့် ပါတီဝင်အင်အား ပို၍ပို၍ များ လာခဲ့၏။ မြူးနစ်မြို့ခရိုင် စစ်ဌာနချုပ်မှ စစ်ဗိုလ်ဟောင်း ဗိုလ်ကြီး ရုမ်းမှ ဟစ်တလာကို များစွာ အကူအညီပေးခဲ့၏။

၁၉၂၁ ခုနှစ်တွင် ဟစ်တလာသည် ဘာလင်မြို့သို့ သွားရောက်ခဲ့သည်။ အပြန်တွင် ပါတီတွင်းတိုက်ပွဲ ဖြစ်ခဲ့သည်။ ဟစ်တလာ နိုင်ခဲ့သည်။ အာဏာရှင်ခေါင်းဆောင် စတင် ဖြစ်လာ ခဲ့သည်။ ထိုကာလတွင် ဟစ်တလာဦးဆောင်၍ အခြားပါတီ၏ တရားပွဲဖျက်မှုဖြင့် ထောင်ဒဏ် ၇ လ အပြစ်ပေး ခံခဲ့ရပြီး တစ်လသာ ထောင်ထဲတွင် နေခဲ့ရသည်ဆို၏။ ထောင်မှလွတ်ခဲ့ပြီး ၁၉၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဥပဒေ ကြမ်းကို ကန့်ကွက်သည့် လူထုဆန္ဒပြပွဲကြီးကို နာဇီပါတီမှ ဦးဆောင်ကျင်းပခဲ့သည်။ ဟစ်တလာ၏နာမည်မှာ ပို၍ ကျော် ကြားခဲ့လေပြီ။ အာဏာပိုင်များ၏ရန်သူ နံပါတ်တစ် စာရင်းဝင် လည်း ဖြစ်ခဲ့ရလေ၏။၁၉၂၃ခုနှစ်တွင်တစ်ခြားပါတီ၄ပါတီနှင့်ပူးတွဲကော်မတီ ဖွဲ့နိုင်ခဲ့သည်။စစ်ရှုံးကာ မျက်ကန်းတစ္ဆေမကြောက် ပုံစံနှင့်သာရှိနေခဲ့လေ၏။ ၁၉၄၅ ခုနှစ်တွင် ဟစ်တလာ၏ ရှိသမျှတပ်ပေါင်းများစွာ ပျက်စီးခဲ့၍ မဟာမိတ်တပ်များနှင့် ဆိုဗီယက်တပ်နီတော်၏ ထိုးစစ်ဒဏ် များကို လုံးဝခုခံနိုင်ခြင်းမရှိတော့ဘဲ ပြိုကွဲပျက်စီးခဲ့ရလေတော့ သည်။ ဟစ်တလာကို လုပ်ကြံမှုကြီးပေါင်းများစွာနှင့်သေကြောင်း ကြံစည်ခဲ့ကြသော်လည်း မသေခဲ့ဘဲ သူ၏ဝန်မခံသော နောက်ဆုံးချစ်သူ အိဗာဗရွန်းနှင့်အတူ ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးနေထိုင်ရာ စံအိမ်တော်ဝင်း ပုန်းခိုကျင်းကြီးထဲတွင်မိမိကိုယ်မိမိ သေနတ်ဖြင့် သေကြောင်းကြံ ကွယ်လွန်ခဲ့သည်ဟုသိရှိ ကြရသည်။

သူ၏မွေးရပ်မြေမှ ဂျာမနီနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ဂျာမနီ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသားဆိုရှယ်လစ်အလုပ်သမားများပါတီ (NSDAP) ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုနှစ်မှစ၍ သေဆုံးသည့် ၁၉၄၅ ခုနှစ်အထိ သူ့ကိုယ်သူ “အမျိုးသားခေါင်ဆောင်” ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့ ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်း သိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့တွင် သူနေထိုင်ရာ ဘာလင်မြို့နန်းတော်တွင်း၌ သူ့ကိုယ်သူပင် အဆုံးစီရင်ခဲ့သည်။

ဟစ်တလာ အကြောင်းအရာကို ဝီကီပီးဒီးယားမှ ကောက်နှုတ်ရေးသားဖော်ပြထားပါသည်။

ဟစ်တလာ

သမိုင်း

Related Posts