မနက်စာအာဟာရ

မနက်စာအာဟာရ

ရှင်သန်နေရတဲ့ဘဝ..တလျှောက်လုံးမှာ..တွေ့ဆုံရတဲ့လူတွေဆိုတာကလည်း..အမျိုးစုံရှိနိုင်ပါတယ်

တချို့လူတွေကကျွန်မတို့ကို ခိုလှုံစရာ အရိပ်ပေးနိုင်တဲ့သစ်ပင်ကြီးတွေနဲ့တူပါတယ်..သူတို့ဟာ မိဘတွေ.. တရား ဓမ္မ တို့ကိုညွန်ကြားပြသနိုင်တဲ့ ဆရာသမား.. ဓမ္မမိတ်ဆွေတွေလို..ပုဂ္ဂိုလ်များပါပဲ

တစ်ချို့လူတွေဟာ မှန်တွေနဲ့တူပါတယ်.. သူ့ကိုကြည့်ရင်ကိုယ့်ကိုပြန်မြင်လိုက်ရသလိုပါပဲ.. သူနဲ့ကိုယ်နဲ့မှာ..တိုက်ဆိုင်မှုတွေအများကြီးရှိတယ် ..သူငိုရင်..ကိုယ်မဲ့လို့သူပြုံးရင်ကိုယ်ပျော်ရတဲ့ ..ဘဝကြင်ဖော်ကြင်ဖက်တွေ.. သူငယ်ချင်းကောင်းတွေ..လိုပါပဲ။

တချို့လူတွေက..ကိုယ့်ရဲ့စိတ်ကို တစ်ခဏ ကျေနပ်နှစ်သိမ့်မှု ပေးနိုင်တဲ့ ချော့ကလက်လေးတွေနဲ့တူပါတယ်.. သူတို့ဟာကျွန်မတို့ရဲ့ဘဝထဲမှာ ချိုမြ အေးဆေးပြီး ချစ်စရာကောင်းတဲ့သူတွေပါပဲ။

တချို့လူတွေကဘဝမှာ..အမှုမဲ့အမှတ်မဲ့ကြုံတွေ့ရတဲ့သူတွေပါပဲ..သူတို့တွေဟာ သစ်ရွက်ခြောက် လေးတွေနဲ့တူတယ်.. တစ်ခါလောက်တွေ့လိုက်ပြီးနောက်တော့လည်း..ဘယ်တော့မှ..ပြန်မတွေ့ရတော့ပါဘူး။

တချို့လူတွေကတော့.. သူတို့ကိုယ်တိုင်လေထဲမှာ..မျောချင်သလိုမျောပါနေပြီး..ကိုယ့်မျက်လုံးထဲကိုမှ တန်းတန်း..မတ်မတ် ဝင်လာတတ်တဲ့အမှုန်အမွှားလေးတွေနဲ့တူပါတယ်။

တချို့ကကိုယ်သွားမဲ့လမ်းမှာ..ပိတ်ဆို့နေတဲ့ ခလုတ်ကန်သင်းတွေဖြစ်ပြီး..တချို့ကတော့ ကိုယ့်ကိုနောက်ကနေ..တွန်းချမဲ့..အဆင်းဘီးတပ်ပေးကြမဲ့ ချောက်ကမ်းပါးလိုလူတွေဖြစ်ကြပါတယ်။

တချို့လူတွေက..ကိုယ့်ကိုစိတ်အနှောက်ယှက်ဖြစ်ရုံလောက်သာ..မထိခလုတ်..ထိခလုတ်လုပ်တတ်ပြီး ထွက်ပြေးသွားတတ်ကြတဲ့ မျောက်တွေနဲ့တူပါတယ်။

တချို့ကတော့ကိုယ့်ကို..တဆစ်ဆစ်နာကျင်နေစေတဲ့ဆူးတွေနဲ့တူပါတယ်။

တစ်ချို့ကတော့ အမှိုက်ပုံလိုလူတွေပါပဲ.. တကယ်တော့…ဘဝမှာနေထိုင်နည်းတွေဆိုတာကလည်း..ကျွန်မတို့ပတ်ဝန်းကျင်မှာ..ဘယ်သူကမှ…ပြောပြနေစရာမလိုဘဲ..ကိုယ်တိုင် သင်ယူနိုင်ဖို့.. ရှိနေတာမျိုးပါ။

မျက်စိထဲကိုဝင်သွားတဲ့အမှိုက်ကိုထုတ်ပစ်ဖို့မကြိုးစားဘဲ..လက်နဲ့ပွတ်မိနေသ၍ပိုဆိုးလာဖို့ပဲရှိသလို… အိမ်ထဲမှာရှိတဲ့အမှိုက်ပုံကို..အပြင်မထုတ်မိဘူးဆိုရင်လည်း.. တစ်အိမ်လုံးပုပ်ပွနံဟောင်နေတော့မှာပါ..ကိုယ်ကိုယ်တိုင်ကရော..ပတ်ဝန်းကျင်အတွက်ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်တိုင်ဆန်းစစ်ဖို့လိုပါတယ်။

ကျွန်မတို့က တခြားသူကိုပြစ်တင်ပြောဆိုဝေဖန်နေမယ့်အစား ကိုယ့်ကိုယ်ကို သိတတ်ဖို့ပဲအရေးကြီးတာပါ..ကိုယ်စိတ်ပုတ်တာကို..ကိုယ်တိုင်သိတယ်ဆိုရင်..ကိုယ့်ကိုယ်ကိုယ်ဖြူစင်အောင်ကြိုးစားရမှာလည်းကိုယ့်တာဝန်ပါပဲ

လူတွေက များသောအားဖြင့်ကိုယ်ဘာဖြစ်နေသလဲဆိုတဲ့.. အားနည်းချက်ကို. ဟာကွက်ကိုရှာဖို့ မေ့လျော့နေတတ်ကြပါတယ်..တကယ်တော့..ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိဖို့ ..ကိုယ်ဘယ်လို..လူဖြစ်သလဲဆိုတာကိုရှာဖွေဖော်ထုတ်နိုင်ဖို့ ..တစ်နေ့ကိုအချိန်နည်းနည်းလောက်ပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါပဲ။

ကိုယ်ဟာသူများကို အနှောက်အယှက်ပေးတတ်တဲ့ အမှုန်အမွှားလိုလူလား ..မျောက်လိုလူလား ..သူများကိုအရိပ်ပေးနိုင်တဲ့သူ..အကူအညီပေးနိုင်တဲ့သူလားဆိုတာ.. ကိုယ်ကိုယ်ကိုစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ပေါ်လာတဲ့အဖြေဟာ..ကျွန်မတို့ရဲ့တန်ဖိုးပဲဖြစ်ပါတယ်။

Time is flying and death is cretain .

ဘဝမှာ..အချိန်တွေဟာ..အရမ်းအကုန်မြန်တယ်.. သေခြင်းတရားရောက်လာဖို့ဆိုတာက သေချာတယ် ..ဒီ အမှန်တရားကိုလက်ခံလိုက်ရင်ကျွန်မတို့ ရှင်သန်နေတဲ့နေ့တိုင်းမှာ Having better clarity for our values ကျွန်မတို့ရဲ့တန်ဖိုး..သို့မဟုတ်..တန်ဖိုးထားမှုများနဲ့ပတ်သက်ပြီး ပိုပြီးကြည်လင်ပြတ်သားတဲ့အမြင်မျိုးရရှိလာမှာပါပဲ ။

A deeper sense of gratitude ပိုပြီးကျေးဇူးတင်တတ်ဖို့ လိုပါတယ် ။

Appreciation for what we do have ကိုယ့်မှာရှိနေတာလေးတွေကိုကျေနပ်နှစ်သိမ့်ဖို့

Richer authenticity to ourselves and others ကိုယ်ကိုယ်တိုင်ရော သူများအပေါ်မှာပါ စစ်မှန်ခြင်းရှိဖို့..ဆိုတာ..ဘဝရဲ့..အနှစ်တွေပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်းလူတွေထဲက..လူတစ်ယောက်ပဲမို့..ကြုံဆုံရတဲ့သူတွေရဲ့..ပုံစံကို..ထင်ဟပ်ပြီး.. ကိုယ့်ကိုယ်ကိုယ် မြင်နိုင်အောင်..ကြိုးစားရမှာပါပဲ။

မွန်ဟော်စီ မနက်စာ အာဟာရ( ၂၀၂၁) မှ ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts