ဖောက်သည်တွေ

ဖောက်သည်တွေ ယုံကြည်ဖို့နဲ့ ကိုယ်ဆီမှာမြဲဖို့

ဖောက်သည်တွေ ယုံကြည်ဖို့နဲ့ ကိုယ်ဆီမှာမြဲဖို့ ~~~~
ကုန်ပစ္စည်းရောင်းရာမှာဖြစ်ဖြစ် ကိုယ်ပြောသမျှ သူများလက်ခံလာရေး မှာပဲ ဖြစ်ဖြစ် အယူအဆမှားတစ်ခုရှိပါတယ်။ ဇွတ်အတင်းတွန်းထိုးရောင်း၊ ဇွတ်အတင်းပြောဖို့ လိုတယ်ဆိုတဲ့ အယူအဆဖြစ်တယ်။ ဒီအယူအဆမှား ကြောင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေ မဖြစ်သင့်တာတွေ ဖြစ်ကုန် တတ်တယ်။ မသိလို့ မရှင်းလို့ မေးရင် ရှောင်ဖယ်ရှောင်ဖယ် လုပ်လာတတ် တယ်။ လှီးလွှဲ ပြောတတ်လာတတ်တယ်။ မလိုအပ်ဘဲစကားတွေ အပိုပြော ရည်မွန်တဲ့ အမူအရာတွေ ပိုကဲလာတတ်တယ်။ တကယ်အရေးကြီးတာက ခင်မင်မှုနဲ့ စေတနာထားပြီး ပြောတတ်ဆိုတတ်ဖို့သာလိုတာပါ။ အဲဒီလိုပုံစံနဲ့ ကိုယ့်ပစ္စည်းကလည်း အတော်ကြီးကောင်းနေမယ်ဆိုရင် တော်တော်ခရီး ရောက်သွားမှာ ဖြစ်ပါတယ်။

အယူအဆ
    Harley Davidson ဟာ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းမော်တော် ဆိုင်ကယ် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ အပါအဝင်ဖြစ်တယ်။ ၁၉၈၀ ပြည့် လွန် ဆယ်နှစ်တာလောက် ကာလအတွင်းမှာ အရောင်းတွေ အံ့အားသင့် လောက်အောင် ကျဆင်းသွားခဲ့ပါတယ်။ ဂျပန်လုပ်စက်တွေက ဈေးလည် သက်သာပြီး  အရည်အသွေးလည်း ကောင်းလာလို့ ဖြစ်တယ်။ ဒီတော့ Harley Davidson ဟာ Dr W.Edwards Dewing ရဲ့ ကုန်ပစ္စည်း ထုတ်လုပ်ပုံ နည်းပညာတွေ ကို အသုံးပြုပြီး မော်တော်ဆိုင်ကယ်စက်တွေကို အရည်အသွေး ပိုကောင်းအောင်လုပ်တယ်။ ပြီးတော့ ဆုံးရှုံးသွားခဲ့တဲ့ ဈေးကွက်ဝေစုကို ပြန်ရအောင်၊ ရပြီးရင်လည်း ဆက်ထိန်းထားနိုင်လောက် အောင် ဆောင်ရွက်တယ်။ ဒါကြောင့် ကုမ္ပဏီဟာ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်။ အခုဆိုရင် သူ့ဖောက်သည်တွေထဲက ရာခိုင်နှုန်းအရ ပြောရရင် တစ်ရာမှာ ၉၀ ဟာ မိတ်မပျက်ဘဲ ဆက်လက်ဝယ်ယူ အားပေး နေကြပြီးဖြစ်တယ်။
    ဖောက်သည်တွေ ဘာတွေလိုအပ်နေတယ်။ ဘာကိုမှ ကြိုက်နေတယ် ဆိုတာ သိတဲ့အတွက် ဒီကုမ္ပဏီဟာ ဖောက်သည်တွေရဲ့ ယုံကြည်မှုနဲ့ ခင်မင် တွယ်တာမှုကို ရရှိခဲ့တယ်။ ကုမ္ပဏီရဲ့ မန်နေဂျာတွေဟာလည်း ကားပြပွဲ ပြိုင်ပွဲတွေမှာ ဖောက်သည်တွေနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိကြတယ်။ ကြော်ငြာတဲ့ အလုပ်လည်းလုပ်တဲ့အတွက် ပစ္စည်းတွေ နာမည်တက်လာပြီး ဖောက်သည် တွေလည်း ကုမ္ပဏီကို ပိုပြီး သံယောဇဉ်ရှိလာကြတယ်။
    Harley Owners Group ဆိုတဲ့ ဒီကုမ္ပဏီထုတ် မော်တော်ဆိုင်ကယ် တွေ ဝယ်ယူပိုင်ဆိုင်သူတွေ ကလပ်အသင်းကိုလည်း ဖွဲ့ထားပြီး အသင်းဝင် ဖောက်သည်တွေရဲ့ သုံးပုံတစ်ပုံဟာ အသင်းဝင်အဖြစ် ထပ်မံ လျှောက်ထား လေ့ရှိတယ်။
    မှတ်သားစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ ဒီကုမ္ပဏီဟာ ဝယ်ယူအားပေးကြတဲ့ ဖောက်သည်တွေ လိုလားတန်ဖိုးထားတဲ့ အကျိုး ကျေးဇူးတွေရအောင် ဂရုတစိုက် ဆောင်ရွက်ပေးတယ်ဆိုတဲ့ အချက်ဖြစ် တယ်။ ဒါကြောင့် ဖောက်သည်တွေက ကုမ္ပဏီကို ယုံကြည်လာသလို ကုမ္ပဏီကလည်း ဒီယုံကြည်မှုကို အကြောင်းပြုပြီး ကိုယ့်ဖောက်သည်တွေကို ကိုယ့်ဆီမှာ မြဲနေအောင် လုပ်နိုင်ခဲ့သလို အမြတ်အစွန်းတွေလည်း ပေါ်ထွက် လာခဲ့တယ်။ အမြတ်များလာတာနဲ့အမျှ ဖောက်သည်တွေလည်း ကုမ္ပဏီနဲ့ပဲ ဆက်လက်ပြီး စွဲစွဲမြဲမြဲ ဆက်ဆံလာကြတယ်။

လက်တွေ့ဆောင်ရွက်ရန်
–    ကိုယ်နဲ့ဆက်ဆံတဲ့ ဖောက်သည်တိုင်းကို ကိုယ့်ရဲ့ ပစ္စည်း၊ ဒါမှမဟုတ် ဆောင်ရွက် ဝန်ဆောင်ပေးမှုကို အမြဲနှစ်သက်စွဲလမ်းသွားအောင် လုပ် ပါ။
–    ကိုယ်က ဘာကိုတန်ဖိုးထားသလဲ၊ ဖောက်သည်ကို ဘယ်လိုတန်ဖိုးမျိုး ပေးချင်သလဲဆိုတာ ရှင်းအောင်လုပ်ပါ။
–    ဖောက်သည်အသစ်တွေလာရင် နောင်လည်းလာချင်အောင် အစီအစဉ် တွေ လုပ်ပါ။
–    ကိုယ့်ဆီမှာ အချိန်အတော်ကြာမြဲနေတဲ့ဖောက်သည်တွေကို ထိုက်သင့် သလို ချီးမြှင့်ပါ။
–    ကိုယ်ကဟုတ်လှပြီထင်ပေမယ့် ကိုယ့်ပြိုင်ဘက်တွေနဲ့ မယှဉ်နိုင်တာမျိုး ရှိတတ်တယ်။ ဒါကြောင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားပါ။

ဆရာညွန့်သောင်းရေးသားသော စီးပွားရေးဆိုင်ရာအယူအဆချက်များမှ ကူးယူဖော်ပြသည်။

စီးပွားရေး

# Open More Online

Related Posts