သတင်းအချက်အလက်တွေ

ဖောက်သည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကို အသုံးချခြင်း

ဖောက်သည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကို အသုံးချခြင်း

အဆက်အစပ်ရှိရှိ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေ ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်ပါတယ်။ ကုန်ကျစရိတ် သက်သာဖို့ အသုံးချနိုင်တယ်။ ဖောက်သည်တစ်ဦးချင်းရဲ့ လိုအင်ဆန္ဒကို ကြိုတင်အရန်သင့် ဖြည့်ဆည်းပေးနိုင်ဖို့ စီစဉ်ထားနိုင်တယ်။ ဒါတွေကို အင်တာနက်ကတစ်ဆင့် ဆောင်ရွက်ပေးနိုင်တယ်။


အယူအဆ
    လက်လီဖြန့်ချိရောင်းချတဲ့ လုပ်ငန်းကို ဆောင်ရွက်နေတဲ့ အမေရိကန် နိုင်ငံက Amazon.com ဟာ စာအုပ်ရောင်းရတဲ့အလုပ်ကို သမားရိုးကျ မဟုတ်ဘဲ တစ်နည်းတစ်ဖုံ ဆောင်ရွက်လုပ်ကိုင်တယ်။ ဒီကုမ္ပဏီဟာ ဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီး ရရှိတဲ့ သတင်းအချက် အလက် တွေကို အောက်ပါအတိုင်း အကျိုးရှိအောင် သုံးစွဲတယ်။


၁။ ဆုံးရှုံးနစ်နာမှုနည်းနိုင်သမျှ နည်းရေးအတွက်
    ဖောက်သည်တွေဟာ ဘယ်အခါမျိုးမှာ ဘယ်လိုဝယ်ယူကြတယ်ဆို တာ သိအောင် သန်းပေါင်းများစွာသော ဖောက်သည်တွေထံမှ သတင်း အချက်အလက်တွေကို စုဆောင်းစစ်ဆေးမှုတွေ လုပ်တယ်။ ဒါကြောင့် ရမ်း သန်းပြီးလုပ်တာနဲ့စာရင် လုပ်ငန်းအတွက် ဆုံးရှုံးနစ်နာမှု နည်းသွားတယ်။


၂။ ကုန်ကျစရိတ်သက်သာရေးအတွက်
    ဆိုင်ပေါ်တင်ရောင်းတဲ့ ပစ္စည်းအရေအတွက်နဲ့ ပစ္စည်းတင်သွင်းသူ အရေအတွက်တွေကို လိုအပ်သလို သတင်းနည်းပညာကို အသုံးပြုပြီး အတိုး လျှော့လုပ်ပေးတယ်။


၃။ ပစ္စည်းတန်ဖိုးတက်လာရေးနဲ့ ဖောက်သည်တွေကို ကူညီရေးအတွက်
    မိမိလက်လီဖြန့်ဖြူးရောင်းချတဲ့ ပစ္စည်းတွေ ( စာအုပ်တွေ ) ကို အကျည်းဝေဖန်သုံးသပ်ပြပေးတယ်။ ဒါတွေကို အင်တာနက်ကတစ်ဆင့် အခမဲ့ ကူးယူခွင့်ပေးထားတယ်။ မိမိရဲ့အင်တာနက် ပထမဦးဆုံး ဝက်ဘ် ဆိုက်စာမျက်နှာမှာ ယခင်ဝယ်ယူထား၊ ဖတ်ရှုထားပြီး သူများရဲ့အကြိုက်တွေ အခြေခံပြီး ဖတ်လို့ကောင်းမယ့် စာရင်းတွေကိုလည်း ပြုစုတင်ပြပေးထား တယ်။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက် များမှာ ကူးယူးဖော်ပြသည်။

စီးပွားရေး

# Open More Online

a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a a

Related Posts