ဖြစ်နိုင်ခြေအတွက်

ဖြစ်နိုင်ခြေအတွက် ကြိုတင်စီစဉ်ထားခြင်း

ဖြစ်နိုင်ခြေအတွက် ကြိုတင်စီစဉ်ထားခြင်း ဟာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေအတွက် ပွဲမဝင်မီ အပြင်မှာကျင်းပခြင်းမျိုး ဖြစ်တဲ့အတွက် တကယ်ကြုံရတဲ့အခါ ကိုယ့်ဘက်ကပိုပြီး အသင့်အနေအထား မှာ ရှိနေပါတယ်။ ဒီလိုလုပ်ထားခြင်းဟာ အနာဂတ်ဟောကိန်းထုတ်တာမျိုး မဟုတ်ဘူး။ အနာဂတ်မှာဖြစ်လာနိုင်တဲ့ အလားအလာတွေကို နားလည်ထား ဖို့သာ ဖြစ်တယ်။ ဒါကြောင့် မှန်းဆမြော်မြင် တွေးခေါ်တတ်ဖို့ အားထုတ်ရတဲ့ အလုပ်ဖြစ်တယ်။

အယူအဆ
    ၁၉၆၀ ပြည့်လွန် ဆယ်နှစ်တာမျှကာလအတွင်း Royal Dutch Shell ရဲ့ အုပ်စု စီမံကိန်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Pierre Wack ဟာ ကုမ္ပဏီရဲ့ အမှုဆောင်အဆင့်ဝန်ထမ်းတွေကို အနာဂတ်အတွက် ကြိုတင်ခန့်မှန်းချက် တွေပေးဖို့ ပြောတယ်။ ဒါကြောင့် ဒီဝန်ထမ်းတွေဟာ ပြောင်းလဲမှုတွေကို မြင်အောင်ကြည့်တယ်။ နားလည်တတ်လာပြီး လက်ရှိအခြေအနေကိုလည်း ဦးတည်အောင် နိုင်ငံရေးအတွက် ကောင်းကောင်းတွေးမြင်လာတတ်ပါတယ်။ အနာဂတ်မှာ ရေနံထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ထုတ်လုပ်ရေးစက်မှု နည်း ပညာပိုင်းအပြင် အခြားမရေရာမသေချာတဲ့အချက်တွေ ရှိလာနိုင်သလားဆို တာ သိချင်လာတယ်။ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ အစိုးရတွေဟာ ရေနံကို တစ်နှစ်ထက်တစ်နှစ် တိုးထုတ်သွားမှာလားဆိုတာ သူက အသေအချာသိချင် နေတယ်။ အစိုးရမူဝါဒပြောင်းလာနိုင်ခြေတွေကို ဆန်းစစ်ကြည့်တဲ့အခါ အစိုးရတွေဟာ Shell လုပ်သလို လိုက်လုပ်ဖို့ အလားလာမရှိဘူးဆိုတာ တွေ့ရတယ်။ ရေနံထုတ်လုပ်တဲ့ နိုင်ငံအများစုဟာ ဝင်ငွေတိုးမရလည်း အကြောင်းမဟုတ်ဘူး။ သူတို့က လုပ်ချင်သလိုလုပ်နိုင်တဲ့ အနေအထားမှာ  ရှိတဲ့အတွက် ရေနံကို လျှော့ထုတ်တယ်။ ဈေးတွေကို မြှင့်တင်လိုက်ပြီး မရောင်းရလို့ ကျန်လည်း ဆက်ထိန်းထားရုံပါပဲ။
    ၁၉၇၃ ခုနှစ် အာရပ် အစ္စရေးစစ်ပွဲဖြစ်တော့ ရေနံကို အကန့်အသတ်နဲ့ပဲ ထုတ်ယူနိုင်ကြတော့တယ်။ ဈေးလည်း ငါးဆတက်သွားတယ်။ ဒီအခြေအနေ မှာ Shell ဟာ တခြား ပြိုင်ဘက်တွေထက် ပိုပြီးအဆင်ပြေသွားတယ်။ Wack ရဲ့ ကြိုတင်တွက်ဆထားမှုကြောင့် ဖြစ်တယ်။ Shell ဟာ ဒေါ်လာဘီလီယံနဲ့ချီ ပြီး သက်သာသွားတဲ့အပြင် ကမ္ဘာတစ်လွှား ရေနံထုတ်လုပ်ရေးလုပ်ငန်းတွေ ထဲက အမြတ်ရနိုင်ခြေရှိတဲ့ စာရင်းဇယားမှာ အမှတ်စဉ် ၇ ကနေ အမှတ်စဉ် ၂ ကို တက်သွားခဲ့တယ်။ Shell က သူ့လုပ်ငန်းအောင်မြင်ရေးအတွက် ဘယ် အစိုးရတွေကို ဘယ်လိုမဲဆွယ်စည်းရုံးချည်းကပ်ရမယ်၊ ရေနံတင်ပို့တဲ့ နိုင်ငံ များအဖွဲ့ ( OPEC ) နဲ့ ဘာတွေ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာတွေကို သိတယ်။
    ဖြစ်နိုင်ခြေတွေအတွက် ကြိုတင်စီစဉ်ထားရင် မရေရာမသေချာမှုတွေနဲ့ ကြုံတဲ့အခါ ကိုင်တွယ်ဖြေရှင်းတတ်သွားနိုင်တယ်။ ဒါကြောင့် လုပ်ငန်းဆိုင်ရာ ဝန်းကျင် အပြောင်းအလဲကို နားလည်သွားနိုင်တယ်။ အခွင့်အလမ်းသစ်တွေ လည်း မြင်လာ၊ ဦးတည်ချက်ရောက်အောင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိမြင်လာတတ်ပြီး ရေရှည်အမြော်အမြင်နဲ့ ဆုံးဖြတ်ချက်တွေလည်း ချမှတ် တတ်လာတယ်။

လက်တွေ့ဆောင်ရွက်ရန်
–    ဖြစ်နိုင်ခြေအတွက် ကြိုတင်စီစဉ်ထားခြင်းဟာ အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်တာ မဟုတ်ပါ။ အနာဂတ်ကို ပုံဖော်ပေးနေတဲ့ အခြေ အနေအချက်အလက်တွေကို နားလည်အောင် စီစဉ်ထားတာဖြစ်တယ်။ အနာဂတ်ကို အတိအကျသိဖို့က အဓိကမဟုတ်ပါဘူး။ အနာဂတ်မှာ ဘာတွေ၊ ဘယ်လို၊ ဘာကြောင့်ဆိုတာ သိထားဖို့ကသာ အဓိကပါ။
–    ဖြစ်နိုင်ခြေအတွက် ကြိုတင်စီစဉ်ရေးဆွဲရာမှာ ပါဝင်ပတ်သက်ရမယ့် လူ တွေနဲ့ ပတ်သက်ပြီး အားလုံးသဘောတူညီမှု ရထားဖို့လိုတယ်။
–    အနာဂတ်မှာ ဖြစ်လာနိုင်တာတွေကို ဆွေးနွေးပါ။
–    တဖြည်းဖြည်း ပိုပြီးအသေးစိတ်ကျတဲ့ အစီအစဉ်ကို ရေးဆွဲပါ။
–    အနာဂတ်မှာ ဘာကြောင့် ဘာတွေဖြစ်နိုင်တယ်၊ ဖြစ်လာရင် ဘာလုပ် မယ်ဆိုတာ ဆန်းစစ်ပါ။
–    ဦးစားပေးလုပ်ငန်းနဲ့ ပတ်သက်လို့ လုပ်ကိုင်ရာမှာနဲ့ ဆုံးဖြတ်ချက်ချမှတ် ရာမှာ အထက်ပါ ကြိုတင်ရေးဆွဲထားတာတွေကို အခြေခံပြီး ဆောင်ရွက်ပါ။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက် များမှ ကူးယူးဖော်ပြသည်။

စီးပွားရေး

# Open More Online

Related Posts